Knowledge

ဒူးနာ ခါးနာ ျဖစ္ေနလွ်င္ လက္ေတြ႕ေပ်ာက္ကင္းနည္း (လုပ္နည္း ႐ုပ္သံ)

ဒူးနာ ခါးနာ ျဖစ္ေနလွ်င္ လက္ေတြ႕ေပ်ာက္နည္း (လုပ္နည္း႐ုပ္သံ)

ယေန႔ကမာၻတြင္ ရဲယို၏ေဆးအစြမ္းထက္ပုံကိုရႈ႕ေထာင့္အမ်ိဳးမ်ိဳး မွေဖၚျပေနၾကပါသည္။ ရဲယိုသီးမွည့္အား ရဲယိုရည္ရရွိရန္ႏွင့္ အဆီအႏွစ္ျပည့္ဝေစ ေသာရဲယိုသီးေျခာက္ျပဳလုပ္ပုံမွာ

(၁) သန႔္စင္ေသာဖန္ဗူး(၁)လုံးကိုအသင့္ျပဳလုပ္ပါ။

(၂) ရဲယိုသီးမွည့္(၃)လုံးကို ေရစင္ေအာင္ ေဆးၿပီး ဖန္ပုလင္းထဲတစ္လုံးၿပီး တစ္လုံးဆင့္၍ ထည့္ပါ။

(၃) ဖန္ပုလင္းထဲထည့္ထားေသာ ရဲယိုသီး၏ အေပၚဆုံးအသီးေပၚသို႔ ဆားအနည္း ငယ္မွ် ပုံေပးၿပီး အဖုံးဖြင့္ၿပီးေနလွန္း လိုက္ျခင္း ျဖစ္ပါ သည္။

(၄) (၃)ရက္မွ်ေနလွန္းၿပီးပါက ဖန္ပုလင္း၏လက္သုံးလုံးမွ် ရဲယိုအဆီရည္ရပါသည္။

(၅) ထိုျပင္အသီးကို (၇)ရက္မွ်ေနဆက္ လွန္း ပါက အဆီအႏွစ္ျဖင့္ျပည့္ဝေနေသာ ရဲယိုသီး ေျခာက္ကို ရဲယိုနံ႔နည္းပါးစြာရရွိပါသည္။

လိုသူတို႔အက်ိဳးႀကီးစြာသုံးႏိုင္ပါရန္သိမီသမွ်တင္ျပလိုက္ပါသည္။

ဒူးနာ ခါးနာ ေနပါသလား….?

ရဲယိုသီး(Noni Fruit)ကို အေစ့ထုတ္ပစ္ၿပီး က်န္ရွိတဲ့အႏွစ္ကို ညက္ညက္ေၾကေအာင္ ေခ်မြ၍ ဓာတ္ဆီ(Petro)ျဖင့္ ပုလင္းထဲ၌ ဆတူေရာစပ္ၿပီး ေန သုံရက္ခန႔္ လွန္းေပးပါ။

သုံးရက္ခန႔္ၾကာေသာအခါ ရဲယိုသီးႏွင့္ဓာတ္ဆီေရာစပ္ထားေသာ အႏွစ္ကို မိမိ ဒူးနာ ခါးနာေနေသာ ေနရာ၌ စိမ့္ဝင္သြားေအာင္ ပြတ္လိမ္းၿပီး အဝတ္စ ပါးပါးျဖင့္ဖုံးအုပ္ စီးေပးထားလိုက္ပါ။ မနက္ည တစ္ေန႔ ၂ႀကိမ္ လိမ္းေပးပါက ေဝဒနာကိုေပ်ာက္ကင္းသက္သာေစပါသည္ ။

‘အ႐ြက္’ကို ထိခိုက္ ဒဏ္ရာေတြမွာ အနာေပၚအုံတဲ့ ေဆးပတ္တီးအျဖစ္သုံးတာ၊ အ႐ြက္ကို ေထာင္းထုၿပီး အနာအုံေဆး၊ထည့္ေဆးအျဖစ္သုံးႏိုင္သလိုအျခား အစိတ္အပိုင္း ေတြကို ေရာေမႊ ႀကိတ္ဝါးစားျခင္းနဲ႔ ဆီးခ်ိဳေရာဂါ မွာသုံးတတ္ၾကပါတယ္။

ရဲယို႐ြက္ သုံးပုံေနာက္တနည္းက ရဲယို႐ြက္နဲ႔ ဆီေရာၿပီး အဆစ္အျမစ္ ေယာင္ရမ္း တာ၊ ေလးဘက္နာေၾကာင့္ေယာင္ရမ္းတာမ်ိဳး) ‘ေဂါက္’ အဆစ္အျမစ္ေယာင္ေရာဂါေတြမွာ၊ ေျခလက္ ထုံက်င္ နာေတြမွာ၊ ေပြးအေရျပားေရာဂါေတြမွာသုံးတာေတြ ျဖစ္ပါတယ္။

တိုင္းရင္းေဆးအျဖစ္ တျခားအသုံးျပဳႏိုင္၊ အသုံးဝင္ပုံေတြကေတာ့ ေခ်ာင္းဆိုးေရာဂါ၊ ေအာ့အန္ဗိုက္ထိုးနာ(မေလးရွား ႏိုင္ငံတြင္သုံး)။ေခ်ာင္းဆိုး ေသြးပါ၊ တီဘီအဆုတ္ေရာဂါ၊ အစာအိမ္ နာ၊ ခံတြင္းပ်က္ျခင္း၊ဝမ္းဗိုက္ေယာင္ရမ္းျခင္း၊

ရာသီလာစဥ္ ဗိုက္နာျခင္း၊ အူကြၽံျခင္း၊ ဗီတာမင္ေအ ခ်ိဳ႕ တဲ့ျခင္း၊ ေသြးတိုးျခင္း၊အ႐ိုးက်ိဳးျခင္း၊ အဆစ္လြဲျခင္း၊ အတြင္းေၾကဒဏ္ရာရျခင္း၊ ေဝဒနာေရာဂါ စုံစုံ လင္လင္ပါဝင္တာေတြ႕ရပါတယ္။

‘ရဲယိုပြင့္’ကိုေတာ့ မ်က္ေစ့ေရာဂါ (မ်က္ေစ့စြန္ျခင္း)၊ အေရျပားအနာ၊ ျပည္တည္နာ၊ ဝမ္းေပ်ာ့ေပ်ာ့ သြားေစတဲ့အာနိသင္ေၾကာင့္ ဝမ္းေပ်ာ့ေပ်ာ့ သြားေဆးအျဖစ္သုံးႏိုင္ပါတယ္။

‘အေခါက္’ ရဲ႕ အသုံးဝင္ပုံက အသားဝါ၊ အသည္းေရာင္ေရာဂါ၊ ေသြးတိုးေရာဂါေတြမွာ သုံးႏိုင္တာ ျဖစ္ပါတယ္။‘ရဲယိုပင္အျမစ္’ မွာ အနာအက်င္ သက္သာေစတဲ့သတၱိ၊စိတ္ကို ၿငိမ္းခ်မ္းေစတဲ့ အာနိသင္ ေတြရွိတာအျပင္

ခုေနာက္ဆုံး စိတ္ဝင္တစား ေဆးသုေတသန အာ႐ုံစိုက္ လုပ္ေနၾကတာကေတာ့ ဓာတ္ခြဲခန္းတိရစာၦန္စမ္းသပ္မႈေတြမွာ ရဲယိုပင္ အျမစ္မွာ ပါဝင္တဲ့ ‘ဒင္မနာ ကင္န္ေသာ’ ဆိုတဲ့ ဓာတ္ ပစၥည္းဟာကင္ဆာေရာဂါဆဲလ္မ်ားပြားမ်ားျခင္းကို ဟန႔္တားေစႏိုင္တယ္ ဆိုတာပါပဲ။

ရဲယို႐ြက္၊ ရဲယိုသီးတို႔ဟာ ေရာဂါမ်ားကို ကာကြယ္ ေပး႐ုံမက ေရာဂါႀကီး တခ်ိဳ႕ကိုလည္း ေပ်ာက္ကင္းတာကို ေတြ႕ရပါတယ္။

ရဲယိုသီးဟာ ေသြး၊ သည္းေျခ၊ ေလ၊ သလိပ္တို႔ေၾကာင့္ ျဖစ္ေသာ ပူေလာင္ျခင္း၊ အစာမေၾကျခင္း၊ အထက္သို႔ ေလတက္ျခင္း၊ သည္းေျခ လႈပ္ရွားျခင္းတို႔ကို ေပ်ာက္ကင္း ေစပါတယ္။ ၎အျပင္ ရဲယိုသီးဟာ ေသြးတိုးကို ခ်ေပးႏိုင္ျခင္း၊ ေရာဂါပိုးမ်ားကို ခုခံေပးႏိုင္ျခင္းတို႔ကို ေတြ႕ရွိရပါတယ္။

အစာမေၾကျခင္းႏွင့္ ႏွလုံးပ်က္စီးမႈ အႏၲရာယ္မွ ကာကြယ္ ေပးႏိုင္ပါတယ္။ ကင္ဆာျဖစ္ႏိုင္ေသာ အေျခအေနမ်ားႏွင့္ ကင္ဆာ အက်ိတ္အလုံး ႀကီးထြားမႈကို ထိန္းခ်ဳပ္ ေပးႏိုင္ေၾကာင္း ေလ့လာ သိရွိရပါတယ္။

ရဲယိုသီး၊ ရဲယို႐ြက္တို႔ကို စားသုံးျခင္းျဖင့္ ခႏၶာကိုယ္ အပူခ်ိန္ကို ထိန္းသိမ္း ေပးႏိုင္ျခင္း၊ ခႏၶာကိုယ္ စြမ္းအားကို တိုးပြားေစျခင္း တို႔ကိုလည္း ျဖစ္ေစႏိုင္ ပါတယ္။

နာက်င္ျခင္း ေဝဒနာကိုလည္း ေလ်ာ့ပါး ေစႏိုင္ပါတယ္။ ရဲယို႐ြက္ကို ျပဳတ္၍ လည္းေကာင္း၊ ငါးႏွင့္ခ်က္၍ လည္းေကာင္း စားသုံးၾကသလို ရဲယိုသီးမွည့္ကိုလည္း ထန္းလ်က္ႏွင့္ေရာ၍ စားသုံးၾကပါတယ္။

ယခုအခါ ေခတ္ႏွင့္ေလ်ာ္ညီစြာ ရဲယိုဓာတ္စာရည္၊ ရဲယိုေပါင္းရည္၊ ရဲယိုသီးယိုဟူ၍ ထုတ္လုပ္ ေရာင္းခ် လာၾကသည္ကို ေတြ႕ရွိရပါတယ္။

မည္သို႔ပင္ ျဖစ္ေစ ေရာဂါ အေပါင္းမွ ကာကြယ္ ေပ်ာက္ကင္းေစေသာ ရဲယိုသီး၊ ရဲယို႐ြက္၏ အစြမ္းကို အမ်ားျပည္သူမ်ား သိရွိႏိုင္ရန္ ေရးသား တင္ျပ လိုက္ပါတယ္။ ။

ေန႔တိုင္း ရဲယို ႐ြက္ကို ေရေႏြးေဖ်ာၿပီး တစ္ေန႔ႏွစ္႐ြက္ ေန႔စဥ္ တို႔စားတာ အစာအိမ္ေရာဂါ ေပ်ာက္ေၾကာင္း။ အစာအိမ္ေရာဂါရွိသူမ်ား ရဲယို႐ြက္ကို တို႔စားျခင္း၊ အေျခာက္လွမ္း အမႈန႔္ ျပဳလုပ္ၿပီး မွီဝဲျခင္းျဖင့္ အစာအိမ္ေရာဂါ လက္ေတြ႕ ေပ်ာက္ကင္းႏိုင္ ေၾကာင္း ေရးသား ထား ပါတယ္။

မွတ္စု ေဒါက္တာသီဟေမာင္ မယ္ေတာ္ေဆးခန္

ရုပ္သံၾကည့္ရန္..

Unicode Version

ဒူးနာ ခါးနာ ဖြစ်နေလျှင် လက်တွေ့ပျောက်နည်း (လုပ်နည်းရုပ်သံ)

ယနေ့ကမ္ဘာတွင် ရဲယို၏ဆေးအစွမ်းထက်ပုံကိုရှု့ထောင့်အမျိုးမျိုး မှဖေါ်ပြနေကြပါသည်။ ရဲယိုသီးမှည့်အား ရဲယိုရည်ရရှိရန်နှင့် အဆီအနှစ်ပြည့်ဝစေ သောရဲယိုသီးခြောက်ပြုလုပ်ပုံမှာ

(၁) သန့်စင်သောဖန်ဗူး(၁)လုံးကိုအသင့်ပြုလုပ်ပါ။

(၂) ရဲယိုသီးမှည့်(၃)လုံးကို ရေစင်အောင် ဆေးပြီး ဖန်ပုလင်းထဲတစ်လုံးပြီး တစ်လုံးဆင့်၍ ထည့်ပါ။

(၃) ဖန်ပုလင်းထဲထည့်ထားသော ရဲယိုသီး၏ အပေါ်ဆုံးအသီးပေါ်သို့ ဆားအနည်း ငယ်မျှ ပုံပေးပြီး အဖုံးဖွင့်ပြီးနေလှန်း လိုက်ခြင်း ဖြစ်ပါ သည်။

(၄) (၃)ရက်မျှနေလှန်းပြီးပါက ဖန်ပုလင်း၏လက်သုံးလုံးမျှ ရဲယိုအဆီရည်ရပါသည်။

(၅) ထိုပြင်အသီးကို (၇)ရက်မျှနေဆက် လှန်း ပါက အဆီအနှစ်ဖြင့်ပြည့်ဝနေသော ရဲယိုသီး ခြောက်ကို ရဲယိုနံ့နည်းပါးစွာရရှိပါသည်။

လိုသူတို့အကျိုးကြီးစွာသုံးနိုင်ပါရန်သိမီသမျှတင်ပြလိုက်ပါသည်။

ဒူးနာ ခါးနာ နေပါသလား….?

ရဲယိုသီး(Noni Fruit)ကို အစေ့ထုတ်ပစ်ပြီး ကျန်ရှိတဲ့အနှစ်ကို ညက်ညက်ကြေအောင် ချေမွ၍ ဓာတ်ဆီ(Petro)ဖြင့် ပုလင်းထဲ၌ ဆတူရောစပ်ပြီး နေ သုံရက်ခန့် လှန်းပေးပါ။

သုံးရက်ခန့်ကြာသောအခါ ရဲယိုသီးနှင့်ဓာတ်ဆီရောစပ်ထားသော အနှစ်ကို မိမိ ဒူးနာ ခါးနာနေသော နေရာ၌ စိမ့်ဝင်သွားအောင် ပွတ်လိမ်းပြီး အဝတ်စ ပါးပါးဖြင့်ဖုံးအုပ် စီးပေးထားလိုက်ပါ။ မနက်ည တစ်နေ့ ၂ကြိမ် လိမ်းပေးပါက ဝေဒနာကိုပျောက်ကင်းသက်သာစေပါသည်

‘အရွက်’ကို ထိခိုက် ဒဏ်ရာတွေမှာ အနာပေါ်အုံတဲ့ ဆေးပတ်တီးအဖြစ်သုံးတာ၊ အရွက်ကို ထောင်းထုပြီး အနာအုံဆေး၊ထည့်ဆေးအဖြစ်သုံးနိုင်သလိုအခြား အစိတ်အပိုင်း တွေကို ရောမွှေ ကြိတ်ဝါးစားခြင်းနဲ့ ဆီးချိုရောဂါ မှာသုံးတတ်ကြပါတယ်။

ရဲယိုရွက် သုံးပုံနောက်တနည်းက ရဲယိုရွက်နဲ့ ဆီရောပြီး အဆစ်အမြစ် ယောင်ရမ်း တာ၊ လေးဘက်နာကြောင့်ယောင်ရမ်းတာမျိုး) ‘ဂေါက်’ အဆစ်အမြစ်ယောင်ရောဂါတွေမှာ၊ ခြေလက် ထုံကျင် နာတွေမှာ၊ ပွေးအရေပြားရောဂါတွေမှာသုံးတာတွေ ဖြစ်ပါတယ်။

တိုင်းရင်းဆေးအဖြစ် တခြားအသုံးပြုနိုင်၊ အသုံးဝင်ပုံတွေကတော့ ချောင်းဆိုးရောဂါ၊ အော့အန်ဗိုက်ထိုးနာ(မလေးရှား နိုင်ငံတွင်သုံး)။ချောင်းဆိုး သွေးပါ၊ တီဘီအဆုတ်ရောဂါ၊ အစာအိမ် နာ၊ ခံတွင်းပျက်ခြင်း၊ဝမ်းဗိုက်ယောင်ရမ်းခြင်း၊

ရာသီလာစဉ် ဗိုက်နာခြင်း၊ အူကျွံခြင်း၊ ဗီတာမင်အေ ချို့ တဲ့ခြင်း၊ သွေးတိုးခြင်း၊အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အတွင်းကြေဒဏ်ရာရခြင်း၊ ဝေဒနာရောဂါ စုံစုံ လင်လင်ပါဝင်တာတွေ့ရပါတယ်။

‘ရဲယိုပွင့်’ကိုတော့ မျက်စေ့ရောဂါ (မျက်စေ့စွန်ခြင်း)၊ အရေပြားအနာ၊ ပြည်တည်နာ၊ ဝမ်းပျော့ပျော့ သွားစေတဲ့အာနိသင်ကြောင့် ဝမ်းပျော့ပျော့ သွားဆေးအဖြစ်သုံးနိုင်ပါတယ်။

‘အခေါက်’ ရဲ့ အသုံးဝင်ပုံက အသားဝါ၊ အသည်းရောင်ရောဂါ၊ သွေးတိုးရောဂါတွေမှာ သုံးနိုင်တာ ဖြစ်ပါတယ်။‘ရဲယိုပင်အမြစ်’ မှာ အနာအကျင် သက်သာစေတဲ့သတ္တိ၊စိတ်ကို ငြိမ်းချမ်းစေတဲ့ အာနိသင် တွေရှိတာအပြင်

ခုနောက်ဆုံး စိတ်ဝင်တစား ဆေးသုတေသန အာရုံစိုက် လုပ်နေကြတာကတော့ ဓာတ်ခွဲခန်းတိရစ္ဆာန်စမ်းသပ်မှုတွေမှာ ရဲယိုပင် အမြစ်မှာ ပါဝင်တဲ့ ‘ဒင်မနာ ကင်န်သော’ ဆိုတဲ့ ဓာတ် ပစ္စည်းဟာကင်ဆာရောဂါဆဲလ်များပွားများခြင်းကို ဟန့်တားစေနိုင်တယ် ဆိုတာပါပဲ။

ရဲယိုရွက်၊ ရဲယိုသီးတို့ဟာ ရောဂါများကို ကာကွယ် ပေးရုံမက ရောဂါကြီး တချို့ကိုလည်း ပျောက်ကင်းတာကို တွေ့ရပါတယ်။

ရဲယိုသီးဟာ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ကြောင့် ဖြစ်သော ပူလောင်ခြင်း၊ အစာမကြေခြင်း၊ အထက်သို့ လေတက်ခြင်း၊ သည်းခြေ လှုပ်ရှားခြင်းတို့ကို ပျောက်ကင်း စေပါတယ်။ ၎င်းအပြင် ရဲယိုသီးဟာ သွေးတိုးကို ချပေးနိုင်ခြင်း၊ ရောဂါပိုးများကို ခုခံပေးနိုင်ခြင်းတို့ကို တွေ့ရှိရပါတယ်။

အစာမကြေခြင်းနှင့် နှလုံးပျက်စီးမှု အန္တရာယ်မှ ကာကွယ် ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်သော အခြေအနေများနှင့် ကင်ဆာ အကျိတ်အလုံး ကြီးထွားမှုကို ထိန်းချုပ် ပေးနိုင်ကြောင်း လေ့လာ သိရှိရပါတယ်။

ရဲယိုသီး၊ ရဲယိုရွက်တို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်း ပေးနိုင်ခြင်း၊ ခန္ဓာကိုယ် စွမ်းအားကို တိုးပွားစေခြင်း တို့ကိုလည်း ဖြစ်စေနိုင် ပါတယ်။

နာကျင်ခြင်း ဝေဒနာကိုလည်း လျော့ပါး စေနိုင်ပါတယ်။ ရဲယိုရွက်ကို ပြုတ်၍ လည်းကောင်း၊ ငါးနှင့်ချက်၍ လည်းကောင်း စားသုံးကြသလို ရဲယိုသီးမှည့်ကိုလည်း ထန်းလျက်နှင့်ရော၍ စားသုံးကြပါတယ်။

ယခုအခါ ခေတ်နှင့်လျော်ညီစွာ ရဲယိုဓာတ်စာရည်၊ ရဲယိုပေါင်းရည်၊ ရဲယိုသီးယိုဟူ၍ ထုတ်လုပ် ရောင်းချ လာကြသည်ကို တွေ့ရှိရပါတယ်။

မည်သို့ပင် ဖြစ်စေ ရောဂါ အပေါင်းမှ ကာကွယ် ပျောက်ကင်းစေသော ရဲယိုသီး၊ ရဲယိုရွက်၏ အစွမ်းကို အများပြည်သူများ သိရှိနိုင်ရန် ရေးသား တင်ပြ လိုက်ပါတယ်။ ။

နေ့တိုင်း ရဲယို ရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင်း။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

မှတ်စု ဒေါက်တာသီဟမောင် မယ်တော်ဆေးခန်