Knowledge
၁၀။ ဈေးဝယ်ထွက်ခြင်း
၈။ ဝိုင်သောက်ခြင်း
၇။ သီချင်းဆိုခြင်း
၆။ အိပ်စက်ခြင်း
၅။ သွေးလှူခြင်း
၎။ အနမ်းပေးခြင်း
၃။ ရယ်မောခြင်း
Unicode
လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ကယ်လိုရီတွေများစွာ လောင်ကျွမ်းစေမယ့် နည်းလမ်းများ
ကိုယ်အလေးချိန်ကျဖို့ဆိုရင် ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေ အများကြီး လုပ်ရပါတယ်။ အစားတွေလည်း လျှော့ရသေးလို့ အတော်ကို ပင်ပန်းရပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေ မလုပ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်အလေးချိန် ကျနိုင်တဲ့ နည်းတွေ ရှိပါတယ်။
၁၀။ ဈေးဝယ်ထွက်ခြင်း
ဈေးဝယ်ထွက်ခြင်းက တကယ်တော့ ပင်ပန်းပါတယ်။ ဈေးဝယ်တစ်ခါ ထွက်ရင် 2 နာရီကနေ 3 နာရီလောက်တော့ ကြာပါတယ်။ 3 နာရီကြာ ဈေးဝယ်ထွက်တာဟာ တနာရီကြာ စက်ဘီးစီးတာနဲ့ ညီမျှပြီး ကယ်လိုရီ 500 လောင်ကျွမ်းစေ ပါတယ်။
၉။ အိမ်သန့်ရှင်းရေးလုပ်ခြင်း
အိမ်သန့်ရှင်းရေး လုပ်ခြင်းက ကယ်လိုရီတွေ လောင်ကျွမ်းစေရုံမပ ခန္ဓာကိုယ်ကိုပါ လှပစေပါတယ်။ မိနစ် 30 အကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်းက 85 ကယ်လိုရီ လောင်ကျွမ်းစေပြီး ဝမ်းဗိုက်လေ့ကျင့်ခန်း 15 မိနစ်လုပ်တာနဲ့ ညီမျှပါတယ်။
၈။ ဝိုင်သောက်ခြင်း
ကနေဒါနိုင်ငံ၊ Alberta တက္ကသိုလ်က သုတေသီတွေရဲ့ အဆိုအရ ဝိုင်တစ်ခွက်သောက်ခြင်းက gym တစ်နာရီ ကစားခြင်းနဲ့ ညီမျှပါတယ်။ ဝိုင်ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက နှလုံး၊ ကြွက်သားတွေအတွက် ကောင်းမွန်စေပါတယ်။  ။
၇။ သီချင်းဆိုခြင်း
သီချင်းဆိုတဲ့အခါ ကြွက်သားများကို အသုံးပြုရလို့ 100 ကယ်လိုရီ လောင်ကျွမ်းပါတယ်။ တနာရီသီချင်းဆိုခြင်းနဲ့ 15 မိနစ် လက်ထောက်မှောက်လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကယ်လိုရီ 100 ကို လောင်ကျွမ်းစေပါတယ်။ အဲဒါ့ကြောင့် ရေချိုးရင်း သီချင်းဆိုကြပါစို့။
၆။ အိပ်စက်ခြင်း
သင်ဟာ အိပ်ယာနိုးပြီ ဆိုရင် နောက်ထပ်ငါးမိနစ် ထပ်အိပ်မယ်ဆိုပြီး ပြန်အိပ်တဲ့အခါ ကယ်လိုရီတွေ ပိုလောင်ကျွမ်းပါတယ်။ ပြီးတော့ အဝတ်အစားတွေ အကုန်ချွတ်ပြီး အိပ်တာကလည်း အဆီတွေကို ပိုပြီး လောင်ကျွမ်းစေပါတယ်။
၅။ သွေးလှူခြင်း
ကယ်လိုဖိုးနီးယား တက္ကသိုလ်က သုတေသီတွေရဲ့ အဆိုအရ သွေးတစ်ပိုင့်လှူရင် 650 ကယ်လိုရီလောင်ကျွမ်းပါတယ်။ ရေတစ်နာရီ ကူးရင်လည်း 650 ကယ်လိုရီ လောင်ကျွမ်းပါတယ် ။      ။
၄။ အနမ်းပေးခြင်း
တစ်နာရီကြာနမ်းပြီးရင် 60 ကယ်လိုရီကျော်ကျော် လောင်ကျွမ်းပါတယ်။ ခပ်မြန်မြန်လေး 5 မိနစ်ပြေးရင်လည်း 60 ကယ်လိုရီ လောင်ကျွမ်းပါတယ်။
၃။ ရယ်မောခြင်း
10 မိနစ်၊ 15 မိနစ်ခန့် ရယ်မောခြင်းက 10 ကယ်လိုရီကနေ 40 ကယ်လိုရီအထိ လောင်ကျွမ်းစေပါတယ်။ အားရပါးရအော်ပြီး ရယ်တာက မခို့တရို့ရယ်တာထက် ကယ်လိုရီတွေ ပိုလောင်ကျွမ်းစေပါတယ်။ ရယ်မောခြင်းကြောင့် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက ထိုင်ထလေ့ကျင့်ခန်း 10 မိနစ် လုပ်တာနဲ့ ညီမျှပါတယ်။
၂။ အမျိုးသားတစ်ယောက်နှင့် အတူ စားသောက်ခြင်း
အမျိုးသမီးတွေက အမျိုးသားတစ်ယောက်နဲ့ အတူ ညစာစားရင် နည်းနည်းပဲ စားဖြစ်ပါတယ်။ အစားနည်းတယ်လို့ ထင်ရအောင် နည်းနည်းပဲ စားတာပါ။ နည်းနည်းပဲ စားတော့ ကယ်လိုရီတွေ မတက်နိုင်တော့ပါဘူး။
၁။ ထိတ်လန့်ကြောက်မက်ဖွယ်ရုပ်ရှင်များ ကြည့်ခြင်း
ထိတ်လန့်ကြောက်မက်ဖွယ် ရုပ်ရှင်များ ကြည့်တဲ့အခါ အဒရီနလင်ဟော်မုန်းတွေ ပိုထွက်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အဒရီနလင်ဟော်မုန်းက အစားစားချင်စိတ်ကို လျှော့ချပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။
ဒီနည်းလမ်းလေးတွေက မပင်ပန်းဘဲ၊ လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ အံအားသင့်စရာကောင်းအောင် ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာပါ..။