မိသားစုကိုဦးဆောင်နိုင်ဖို့ မိဘတွေအနေနဲ့ပထမဆုံးကလေးကို ဒါတွေသင်ထားပေးပါ။ ။
မိဘတိုင်းက ကိုယ့်ရဲ့ ကလေးလေးတွေ အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့သူတွေ ဖြစ်ချင်ကြမှာပါ။ ။
ညီအစ်ကို မောင်နှမချင်း ချစ်ချစ်ခင်ခင် နေထိုင်တတ်ဖို့က မိဘတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။
တစ်ချို့သော မိသားစုတွေမှာ သွေးသားအရင်းအချာ မောင်နှမတွေဖြစ်ပေမယ့်လို့ သူစိမ်းတွေလောက် ရင်းနှီးချစ်ခင်မှု မရှိတာကို တွေ့နေရတတ်ပါတယ်။
မိဘတိုင်းက မောင်နှမချင်း ချစ်ခင်တတ်ဖို့ကို သူတို့ရဲ့ပထမဆုံး ကလေးလေးကနေ သင်ပြပေးဖို့ လိုအပ်ပါတယ်နော်။
ကိုယ့်ရဲ့ ကလေးလေးတွေ တစ်ယောက်နဲ့တစ်ယေက် ချစ်ချစ်ခင်ခင်ဖြစ်ဖို့က ပထမဆုံးကလေးပေါ်မှာ အများကြီးမူတည်ပြီးတော့၊
နောက်ကလေးတွေက သူတို့ရဲ့ အကြီးတွေဆီကနေ အတုယူတတ်ကြတာ ဖြစ်ပါတယ်။ မျှဝေတတ်ဖို့ကို သင်ကြားပေးပါ။
ကလေးတွေဆိုတာ သင်လွယ်တတ်လွယ်တဲ့ အရွယ်ဖြစ်သလို ကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကလေးက သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။
ပထမဆုံးကလေးတွေဆိုတာ တစ်ခြားသူတို့ထက်အငယ်တွေ မမွေးသေးခင်မှာ အချစ်တွေပုံအောရတတ်ကြပြီး အငယ်လေးတွေကို အချစ်တွေခွဲဝေပေးရမှာ၊
သူတို့အပေါ် အချစ်တွေလျော့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။
ဒီလိုအခြေအနေမှာ မိဘတွေက သေချာနားလည်အောင် ပြောပြတတ်ဖို့လိုအပ်ပြီး မျှဝေတတ်ဖို့ကို သင်ကြားပေးဖို့ လိုအပ်ပါတယ်နော်။
ကြင်နာသနားတတ်ပြီး သည်းခံတတ်ဖို့၊ကိုယ့်ထက်အငယ်လေးတွေကို အနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေ၊ ရန်လိုတာမျိုးတွေ မရှိပဲ
ကိုယ့်ရဲ့ညီလေး၊ ညီမလေးတွေကို ဘယ်လို ကြင်နာရမယ်ဆိုတာကို သေချာပြောပြပေးဖို့ လိုအပ်ပါတယ်။
တစ်ခါတစ်လေ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်ခွင့်လွှတ်သည်းခံတတ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ချစ်ခင်တတ်ဖို့ကို သင်ကြားပေးရမှာပါ။
ဒါမှ မောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်ပြီး နားလည်မှုရှိလာမှာ ဖြစ်ပါတယ်။
ဖေးမကူညီတတ်ဖို့၊မောင်နှမတွေ တစ်ယောက်အကူအညီလိုတဲ့အခါတိုင်း တစ်ယောက်က လိုက်ပြီး ကူညီတတ်ဖို့ကိုပါ သင်ကြားပေးဖို့ လိုအပ်ပါတယ်။
ဒီလိုမျိုး ငယ်စဉ်ကတည်းက သင်ကြားထားမှာ အရွယ်ရောက်တဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတတ်သူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်နားလည်တတ်ဖို့
တစ်ချို့သော မိသားစုတွေမှာ ဘယ်လောက်ပဲ မောင်နှမအချင်းချင်းဖြစ်နေပါစေ။ ။
တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်အဆင်ပြေမှုကိုပဲ ကြည့်တဲ့သူတွေ တွေ့မြင်ရတတ်ပါတယ်။ ။
ဒါဟာ ငယ်စဉ်ကတည်းက မိဘတွေသင်ပြ ဆုံးမမှုကို ကောင်းစွာမရရှိကြတဲ့ ကလေးတွေမှာ အဖြစ်များတတ်ပါတယ်နော်။
ဒါကြောင့် စာနာမှု၊ ဖေးမတတ်မှု၊ နားလည်မှု၊ ကိုယ်ချင်းစာမှု စတာတွေကို ငယ်စဉ်ကတည်းက မိဘတွေ သင်ပေးထားသင့်ပြီး
တစ်ကိုယ်ကောင်းဆန်တဲ့ သူမဖြစ်အောင် လေ့ကျင့်ပျိုးထောင်ထားသင့်ပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Zawgyi
မိသားစုကိုဦးေဆာင္ႏိုင္ဖို႔ မိဘေတြအေနနဲ႔ပထမဆုံးကေလးကို ဒါေတြသင္ထားေပးပါ။ ။
မိဘတိုင္းက ကိုယ့္ရဲ႕ ကေလးေလးေတြ အက်င့္စာရိတၱေကာင္းမြန္ၿပီး လိမၼာေရးျခားရွိတဲ့သူေတြ ျဖစ္ခ်င္ၾကမွာပါ။
ညီအစ္ကို ေမာင္ႏွမခ်င္း ခ်စ္ခ်စ္ခင္ခင္ ေနထိုင္တတ္ဖို႔က မိဘေတြနဲ႔ အမ်ားႀကီး သက္ဆိုင္ပါတယ္။
တစ္ခ်ိဳ႕ေသာ မိသားစုေတြမွာ ေသြးသားအရင္းအခ်ာ ေမာင္ႏွမေတြျဖစ္ေပမယ့္လို႔ သူစိမ္းေတြေလာက္ ရင္းႏွီးခ်စ္ခင္မႈ မရွိတာကို ေတြ႕ေနရတတ္ပါတယ္။
မိဘတိုင္းက ေမာင္ႏွမခ်င္း ခ်စ္ခင္တတ္ဖို႔ကို သူတို႔ရဲ႕ပထမဆုံး ကေလးေလးကေန သင္ျပေပးဖို႔ လိုအပ္ပါတယ္ေနာ္။
ကိုယ့္ရဲ႕ ကေလးေလးေတြ တစ္ေယာက္နဲ႔တစ္ေယက္ ခ်စ္ခ်စ္ခင္ခင္ျဖစ္ဖို႔က ပထမဆုံးကေလးေပၚမွာ အမ်ားႀကီးမူတည္ၿပီးေတာ့၊
ေနာက္ကေလးေတြက သူတို႔ရဲ႕ အႀကီးေတြဆီကေန အတုယူတတ္ၾကတာ ျဖစ္ပါတယ္။ မွ်ေဝတတ္ဖို႔ကို သင္ၾကားေပးပါ။
ကေလးေတြဆိုတာ သင္လြယ္တတ္လြယ္တဲ့ အ႐ြယ္ျဖစ္သလို ေကာင္းမြန္တဲ့ သူတစ္ေယာက္ျဖစ္လာဖို႔ ငယ္စဥ္ကေလးက သင္ၾကားေပးထားဖို႔ လိုအပ္ပါတယ္။
ပထမဆုံးကေလးေတြဆိုတာ တစ္ျခားသူတို႔ထက္အငယ္ေတြ မေမြးေသးခင္မွာ အခ်စ္ေတြပုံေအာရတတ္ၾကၿပီး အငယ္ေလးေတြကို အခ်စ္ေတြခြဲေဝေပးရမွာ၊
သူတို႔အေပၚ အခ်စ္ေတြေလ်ာ့သြားမွာကို စိုးရိမ္တတ္ၾကပါတယ္။
ဒီလိုအေျခအေနမွာ မိဘေတြက ေသခ်ာနားလည္ေအာင္ ေျပာျပတတ္ဖို႔လိုအပ္ၿပီး မွ်ေဝတတ္ဖို႔ကို သင္ၾကားေပးဖို႔ လိုအပ္ပါတယ္ေနာ္။
ၾကင္နာသနားတတ္ၿပီး သည္းခံတတ္ဖို႔၊ကိုယ့္ထက္အငယ္ေလးေတြကို အႏိုင္က်င့္ဗိုလ္က်တာမ်ိဳးေတြ၊ ရန္လိုတာမ်ိဳးေတြ မရွိပဲ
ကိုယ့္ရဲ႕ညီေလး၊ ညီမေလးေတြကို ဘယ္လို ၾကင္နာရမယ္ဆိုတာကို ေသခ်ာေျပာျပေပးဖို႔ လိုအပ္ပါတယ္။
တစ္ခါတစ္ေလ တစ္ေယာက္ရဲ႕ အမွားကို တစ္ေယာက္ခြင့္လႊတ္သည္းခံတတ္ဖို႔နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုၿပီး ခ်စ္ခင္တတ္ဖို႔ကို သင္ၾကားေပးရမွာပါ။
ဒါမွ ေမာင္ႏွမေတြ ခ်စ္ခ်စ္ခင္ခင္ျဖစ္ၿပီး နားလည္မႈရွိလာမွာ ျဖစ္ပါတယ္။ ။
ေဖးမကူညီတတ္ဖို႔၊ေမာင္ႏွမေတြ တစ္ေယာက္အကူအညီလိုတဲ့အခါတိုင္း တစ္ေယာက္က လိုက္ၿပီး ကူညီတတ္ဖို႔ကိုပါ သင္ၾကားေပးဖို႔ လိုအပ္ပါတယ္။
ဒီလိုမ်ိဳး ငယ္စဥ္ကတည္းက သင္ၾကားထားမွာ အ႐ြယ္ေရာက္တဲ့အခါမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမကူညီတတ္သူေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။
တစ္ေယာက္ရဲ႕ ခံစားခ်က္ကို တစ္ေယာက္နားလည္တတ္ဖို႔
တစ္ခ်ိဳ႕ေသာ မိသားစုေတြမွာ ဘယ္ေလာက္ပဲ ေမာင္ႏွမအခ်င္းခ်င္းျဖစ္ေနပါေစ။ ။
တစ္ကိုယ္ေကာင္းဆန္ၿပီး ကိုယ္အဆင္ေျပမႈကိုပဲ ၾကည့္တဲ့သူေတြ ေတြ႕ျမင္ရတတ္ပါတယ္။
ဒါဟာ ငယ္စဥ္ကတည္းက မိဘေတြသင္ျပ ဆုံးမမႈကို ေကာင္းစြာမရရွိၾကတဲ့ ကေလးေတြမွာ အျဖစ္မ်ားတတ္ပါတယ္ေနာ္။
ဒါေၾကာင့္ စာနာမႈ၊ ေဖးမတတ္မႈ၊ နားလည္မႈ၊ ကိုယ္ခ်င္းစာမႈ စတာေတြကို ငယ္စဥ္ကတည္းက မိဘေတြ သင္ေပးထားသင့္ၿပီး
တစ္ကိုယ္ေကာင္းဆန္တဲ့ သူမျဖစ္ေအာင္ ေလ့က်င့္ပ်ိဳးေထာင္ထားသင့္ပါတယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။