အင္တာနက္သံုး ဖုန္းၾကည့္တာမ်ားလို႔ မ်က္ရိုးကိုက္တတ္သူမ်ားနဲ႔ မ်က္မွန္သမားမ်ားအတြက္ ေဆးနည္း
မ်က္မွန္လြတ္ေစတဲ႔မ်က္ၾကည္စားေဆး
အသက္(၃၀)ေက်ာ္မွပဲ မ်က္စိမၾကည္။
မွဳန္၀ါး၀ါးမို႕ ဆရာ၀န္ျပၾကည့္ေတာ့ အနီးၾကည့္ပါ၀ါ (+၁၅၀)ဒီဂရီ မ်က္မွန္တပ္ခဲ႔ရသည္။
အခုအသက္(၄၀)ေက်ာ္မွ မ်က္မွန္လြတ္ေလေတာ့ထူးဆန္းေနသလို အမ်ားကထင္ၾကေတာ့သည္။
ေဆးနည္းအခ်ိဳးအစားအတိုင္း လြယ္ကူစြာေဖၚစပ္ရန္ျဖစ္ေလသည္။
ေဆးနည္း –
(၁) ဆီးျဖဴးသီးကို ထုေထာင္းျပီးအေစ့ ဖယ္ေနလွန္းအမွဳန္႔ျပဳလုပ္ရန္။
(၂) ၾကိတ္မွန္ရြက္ကိုခူးအရိပ္မွာအလိုအေလ်ာက္သဘာ၀အတိုင္းအေျခာက္ခံအမွဳန္႔ျပဳရန္။
(၃) ကြမ္းရြက္ကို အေျခာက္လွန္းအမွဳန္႔ျပဳရန္။
(၄) ပ်ားရည္စစ္စစ္
ထို(၄)မ်ိဳးသာလိုပါသည္။
ယခုေခတ္ကာလ မ်က္မွန္ေကာင္းတစ္လက္လုပ္ပါမူ ကာလတန္ဖိုးေလးေသာင္းငါးေသာင္း မက ကုန္သည္သာ။
ေနရာတကာ မ်က္မွန္မပါေတာ့ စိတ္ပ်က္ဖြယ္ အကန္းၾကီးလိုျဖစ္ျပန္သည္။မ်က္မွန္ေမ႔က်န္ပါလွ်င္ ဘာမွမျမင္ရခ်င္ေတာ့၊ စာဖတ္ဖို႔၊ ဖံုးပြတ္ဖို႔ အကုန္ခက္ေခ်သည္။
မ်က္မွန္ပါ၀ါကအက်မရွိအတက္သာ ။ထိုမွ်မက ပါ၀ါမကိုက္ပါလွ်င္ ဇက္ ေၾကာကတက္စိတ္ကပ်က္ျဖစ္ရျပန္သည္။
သံုးေဆာင္ရန္
ညအိပ္ျပီဆိုပါလွ်င္
ဆီးျဖဴသီးမွဳန္႔လက္ဖက္ စားဇြန္း(၁)ဇြန္း
ၾကိတ္မွန္ရြက္မွဳန္႔ လက္ဖက္စားဇြန္း(၁)ဇြန္း
ကြမ္းရြက္ေျခာက္မွဳန္႔လက္ဖက္စားဇြန္း(၁)ဇြန္း
ထိုေဆးသံုးပါးအား ပ်ားရည္လက္ဖက္စားဇြန္း(၃)ဇြန္းႏွင့္ေရာေမြ၍စား ေပးရန္သာျဖစ္သည္။
သံုးလသာ ပံုမွန္မပ်က္ယံုၾကည္ခ်က္ျဖင့္စားေပးပါ
မ်က္စိၾကည္လင္လာျပီး မ်က္မွန္လြတ္မွာ ေသခ်ာေနပါလိမ္႔မည္။
ထိုမွ်မကအက်ိဳးရလဒ္ကအေညာင္းအညာပါေျပလာပါလိမ္႔မည္။ ေပးသူကေပးေလျပီ..။
ျမန္မာတိုင္းရင္းေဆး အစြမ္းအားလက္ေတြ႔လုပ္ေဆာင္ျခင္းျဖင့္ ဂုဏ္ကိုျမင့္တင္ၾကပါစို႔။
ဖိုးသူေတာ္ (www.phothutaw.com)
Credit – ရဲမ်ိဳးသူ( ေဗာဓိျမိဳင္ )
Unicode Version
မျက်မှန်လွတ်စေတဲ့မျက်ကြည်စားဆေး
အသက်(၃၀)ကျော်မှပဲ မျက်စိမကြည်။
မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့်ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်တပ်ခဲ့ရသည်။
အခုအသက်(၄၀)ကျော်မှ မျက်မှန်လွတ်လေတော့ထူးဆန်းနေသလို အများကထင်ကြတော့သည်။
ဆေးနည်းအချိုးအစားအတိုင်း လွယ်ကူစွာဖေါ်စပ်ရန်ဖြစ်လေသည်။
ဆေးနည်း –
(၁) ဆီးဖြူးသီးကို ထုထောင်းပြီးအစေ့ ဖယ်နေလှန်းအမှုန့်ပြုလုပ်ရန်။
(၂) ကြိတ်မှန်ရွက်ကိုခူးအရိပ်မှာအလိုအလျောက်သဘာဝအတိုင်းအခြောက်ခံအမှုန့်ပြုရန်။
(၃) ကွမ်းရွက်ကို အခြောက်လှန်းအမှုန့်ပြုရန်။
(၄) ပျားရည်စစ်စစ်
ထို(၄)မျိုးသာလိုပါသည်။
ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်လုပ်ပါမူ ကာလတန်ဖိုးလေးသောင်းငါးသောင်း မက ကုန်သည်သာ။
နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုံးပွတ်ဖို့
အကုန်ခက်ချေသည်။မျက်မှန်ပါဝါကအကျမရှိအတက်သာ ။ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက် ကြောကတက်စိတ်ကပျက်ဖြစ်ရပြန်သည်။
သုံးဆောင်ရန် –
ညအိပ်ပြီဆိုပါလျှင်
ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း
ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း
ထိုဆေးသုံးပါးအား ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်ရောမွေ၍စား ပေးရန်သာဖြစ်သည်။
သုံးလသာ ပုံမှန်မပျက်ယုံကြည်ချက်ဖြင့်စားပေးပါ
မျက်စိကြည်လင်လာပြီး မျက်မှန်လွတ်မှာ သေချာနေပါလိမ့်မည်။
ထိုမျှမကအကျိုးရလဒ်ကအညောင်းအညာပါပြေလာပါလိမ့်မည်။ ပေးသူကပေးလေပြီ။
မြန်မာတိုင်းရင်းဆေး အစွမ်းအားလက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဂုဏ်ကိုမြင့်တင်ကြပါစို့။
ဖိုးသူတော် (www.phothutaw.com)
Credit:ရဲမျိုးသူ( ဗောဓိမြိုင် )