ထိုင်းမှာ နာမည်ကြီးနေတဲ့ ဆင်စီးပြီး ကျောင်းတက်နေ ၅ တန်းကျောင်းသူလေး
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က ချောင်ဘူရီရမ်စာသင်ကျောင်းမှ ၅ တန်းကျောင်းသူ လေးတစ်ဦးဟာ ကျောင်းကိုသွားရာမှာ ဆင်စီးပြီး ကျောင်းတက်ခဲ့တဲ့ TikTok ဗီဒီယိုဖိုင်တစ်ခုဟာ အင်တာနက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုဖိုင်ထဲမှာ ဆင်ကြီးနဲ့ ကလေးမလေးတို့ကြားက အံ့အားသင့်စရာ ချစ်ခြင်းမေတ္တာက အထင်းသားပေါ်လွင်ခဲ့ပြီး ကြည့်ရှုခဲ့တဲ့ သူတွေကို ဖမ်းစားနိုင်ခဲ့လို့ပါ။
ထိုင်း Nation TV ရဲ့ သောကြာနေ့က ဖော်ပြထားရာမှာ အဲ့ဒီဆင်လိမ္မာကြီးဟာ Tha Muang ခရိုင်အတွင်းရှိ အသက် ၂၅ နှစ်အရွယ် ဆင်ထီးကြီး Ole ဖြစ်ပြီး သူ့ကို အသက် ၃၈ နှစ်အရွယ် Wisanchon Yongram က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဆင်ပိုင်ရှင် Wisanchon ဟာ ဆင်သုံးကောင် ရှိပြီး Ole အပါအဝင် ကျန်ဆင်နှစ်ကောင်မှာ အသက် ၂၂ နှစ်အရွယ် Wassana နှင့် ၂ လသားအရွယ် Ngamta ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ ဆင်သုံးကောင်နဲ့ အတူ သူဟာ အယုဒ္ဓယဆင်နန်းတော်မှာ သွားရောက် ဖျော်ဖြေခဲ့ဖူးပါတယ်။
ဆင်ပိုင်ရှင် Wisanchon ရဲ့ သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် Patcharapha က ဆင်ထီးကြီး Ole နဲ့ နေ့စဉ် အနီးကပ်နေပြီး အစာကျွေး ၊ ရေချိုးပေးတာတွေ လုပ်ပေးပါတယ်။ ကလေးမလေးကတော့ သူ အသက် ၄ နှစ်လောက်ကတည်းက ဆင်ထီးကြီး Ole ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။
ယခုဆိုရင် ကလေးမလေးက ၅ တန်းကျောင်းသူလေးဖြစ်နေပြီး ဆင်ထီးကြီး Ole က နေ့တိုင်း ကီလိုမီတာဝက်ခန့်ကို ကျောင်းသို့ သယ်ပို့ပေးနေတာ ဖြစ်ပါတယ်။ ကလေးမလေး Patcharapha က သူမ ကြီးပြင်းလာတဲ့အခါ တိရစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။
Source – The Nation Thailand
Zawgyi
ထိုင္းမွာ နာမည္ႀကီးေနတဲ့ ဆင္စီးၿပီး ေက်ာင္းတက္ေန ၅ တန္းေက်ာင္းသူေလး
ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေခ်ာင္ဘူရီရမ္စာသင္ေက်ာင္းမွ ၅ တန္းေက်ာင္းသူ ေလးတစ္ဦးဟာ ေက်ာင္းကိုသြားရာမွာ ဆင္စီးၿပီး ေက်ာင္းတက္ခဲ့တဲ့ TikTok ဗီဒီယိုဖိုင္တစ္ခုဟာ အင္တာနက္သုံးစြဲသူေတြၾကားမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဗီဒီယိုဖိုင္ထဲမွာ ဆင္ႀကီးနဲ႔ ကေလးမေလးတို႔ၾကားက အံ့အားသင့္စရာ ခ်စ္ျခင္းေမတၱာက အထင္းသားေပၚလြင္ခဲ့ၿပီး ၾကည့္ရႈခဲ့တဲ့ သူေတြကို ဖမ္းစားႏိုင္ခဲ့လို႔ပါ။
ထိုင္း Nation TV ရဲ႕ ေသာၾကာေန႔က ေဖာ္ျပထားရာမွာ အဲ့ဒီဆင္လိမၼာႀကီးဟာ Tha Muang ခ႐ိုင္အတြင္းရွိ အသက္ ၂၅ ႏွစ္အ႐ြယ္ ဆင္ထီးႀကီး Ole ျဖစ္ၿပီး သူ႔ကို အသက္ ၃၈ ႏွစ္အ႐ြယ္ Wisanchon Yongram က ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ဆင္ပိုင္ရွင္ Wisanchon ဟာ ဆင္သုံးေကာင္ ရွိၿပီး Ole အပါအဝင္ က်န္ဆင္ႏွစ္ေကာင္မွာ အသက္ ၂၂ ႏွစ္အ႐ြယ္ Wassana ႏွင့္ ၂ လသားအ႐ြယ္ Ngamta ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲ့ ဆင္သုံးေကာင္နဲ႔ အတူ သူဟာ အယုဒၶယဆင္နန္းေတာ္မွာ သြားေရာက္ ေဖ်ာ္ေျဖခဲ့ဖူးပါတယ္။
ဆင္ပိုင္ရွင္ Wisanchon ရဲ႕ သမီးျဖစ္သူ အသက္ ၁၁ ႏွစ္အ႐ြယ္ Patcharapha က ဆင္ထီးႀကီး Ole နဲ႔ ေန႔စဥ္ အနီးကပ္ေနၿပီး အစာေကြၽး ၊ ေရခ်ိဳးေပးတာေတြ လုပ္ေပးပါတယ္။ ကေလးမေလးကေတာ့ သူ အသက္ ၄ ႏွစ္ေလာက္ကတည္းက ဆင္ထီးႀကီး Ole ကို စီးနင္းခဲ့တာလို႔ ဆိုပါတယ္။
ယခုဆိုရင္ ကေလးမေလးက ၅ တန္းေက်ာင္းသူေလးျဖစ္ေနၿပီး ဆင္ထီးႀကီး Ole က ေန႔တိုင္း ကီလိုမီတာဝက္ခန႔္ကို ေက်ာင္းသို႔ သယ္ပို႔ေပးေနတာ ျဖစ္ပါတယ္။ ကေလးမေလး Patcharapha က သူမ ႀကီးျပင္းလာတဲ့အခါ တိရစာၦန္ေဆးကုဆရာဝန္ ျဖစ္ခ်င္တယ္လို႔ ဆိုပါတယ္။
Source – The Nation Thailand