Unicode
ဒီနေ့ မှာတော့ တင်းတိပ် ဝက်ခြံတွေ နဲ့ အစက် အပျောက်တွေ ကို ပျောက်ကင်း စေမဲ့ အပြင် အ ရေ ပြား ကို စိုပြေ စေမဲ့ နည်းလမ်းကို မျှ ဝေ ပေးသွား မှာပါ ။ တရုတ် နံနံပင် မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင် ပါ တယ် ။ ဒါ့ အပြင် မဂ္ဂနီ နဲ့ ပိုတက်ဆီယမ် ဓါတ်တွေ ကြွယ်ဝစွာ ပါဝင် ပါ တယ်.. ။ ဒါ့ကြောင့် ပင်ပန်း နွမ်းနယ်တာ ၊ ဆီး နဲ့ ဆိုင်တဲ့ ရောဂါတွေ ၊ ဖျားနာ တာ ၊ ကျောက်ကပ် နဲ့ ဆိုင်တဲ့ ရောဂါ တွေ ၊ ဆီးချို နဲ့ မျက်လုံး ရောင်ရမ်း တာတွေအတွက် အထူး ကောင်းမွန် ပါတယ် ။
ပါဝင်ပစ္စည်း
တောက်တောက် စင်း ထား တဲ့ တရုတ်နံနံပင် စားပွဲတင် ဇွန်း ၂ ဇွန်း ၊ သံပယိုသီး အရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်း ( သို့ ) ပန်းသီး ရှာလကာရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်း ၊ ရေ ၂၀၀ မီလီ လီတာ ( ရေသန့် ၂ဗူး စာ )
ပြင်ဆင်ခြင်း
ရေကို ဆူအောင် သည်ပြီး တရုတ် နံနံပင်ကို ထည့် ကာ ၁၅ မိနစ် လောက် တည်ထားပါ ။ ပြီးရင် အအေးခံ ထား ပါ ။ မကြာ ခင် မှာ အဲဒီ အရည်က အေး လာ ပါ လိမ့် မယ် ။ အဲဒီ အခါကျရင် သံပုယိုသီး အရည် ( သို့ ) ပန်းသီး ရှာလကာရည် ထည့်ပါ ။ နောက်ဆုံး ခွက် တစ်လုံးထဲ ထည့် ထား ပြီ..း ရေခဲသေတ္တာမှာ ထား ပါ.. ။
အသုံးပြုခြင်း
အဲဒီ အရည်ကို မနက် တစ်ကြိမ် နဲ့ ည နေ တစ်ကြိမ် လိမ်း ပေး သင့် ပါ တယ် ။ မျက်နှာမှာ တင်မက ခန္တာကိုယ် အနှံ့ လိမ်းပေးလို့ ရ ပါ တယ်.. ။ အဲဒီလို ပုံမှန် လိမ်းပေးရင်.. အသားအရေ ဖြူဖွေးလာမဲ့ အပြင် အမည်းစက် ကင်းစင်ပြီး ပြစ်မျိုး မှဲ့မထင် အလှပိုင်ရှင်လေး ဖြစ်လာမှာပါ ။ တစ်လ တည်း နဲ့ အံ့သြ စရာ ကောင်းတဲ့ အကျိုးကျေးဇူး တွေကို ရရှိမှာ ဖြစ် ပါ တယ် ။