Knowledge

သင္ေနတဲ့ အိမ္(သို႔)အခန္းမွာ ဒီအခ်က္(၄)ခ်က္ရွိ ေနရင္ အျမန္ဆုံးျပင္လိုက္ပါ…

သင္ေနတဲ့ အိမ္ (သို႔) အခန္းမွာ ဒီအခ်က္ (၄)ခ်က္ ရွိေနရင္ အျမန္ဆုံးျပင္လိုက္ပါ..။

အ ရာရာတိုင္း၊ ပစၥည္းတိုင္းမွာ စြမး္အင္ေတြ ရွိေနပါတယ္။ သင့္အိမ္မွာရွိတဲ့ ပစၥည္းေတြထဲမွာ သင့္အိမ္ကို လာဘ္တိတ္ေစသလို၊

သင့္ကိုလည္း ဘုန္းကံနိမ့္ေစတဲ့ ပစၥည္းေတြရွိပါတယ္။ ဘာေတြလဲဆိုတာကိုေတာ ့ၾကည့္လိုက္ပါေနာ..္။

(၁) ရႈပ္ပြေနျခင္း

သင့္အိမ္ကို ရႈပ္ပြညစ္ပတ္ ေနေအာင္ထားတာ၊ အမိိႈက္ေတြ၊ ဖုန္ေတြမရွင္းတာ၊ ပင့္ကူမၽွင္ေတြမရွင္းတာ၊ ပန္းကန္ေတြမေဆးပဲ

ပုံထားတာမ်ိဳး၊ အဝတ္အစားေတြလညး္ ေသခ်ာမေခါက္ပဲ ျပန႔္က်ဲရႈပ္ပြေနတာမ်ိဳးေတြ၊ ပစၥည္းေတြက သူ႔ေနရာနဲ႔သူရွိမေနပဲ

ရႈပ္ပြ ညစ္ပတ္ေနတာမ်ိဳးေတြက သင့္အိမ္ကို လာဘ္တိတ္ေစသလို၊ ဘုနး္ကံနိမ့္ေစပါတယ္..။

(၂) အနံ့အသက္ဆိုးျခင္း

သင့္အိမ္ကေလထုကလည္း သင့္အေပၚကို အမ်ားႀကီး သက္ေရာက္နိုင္ပါတယ္။ သင့္အိမ္မွာ အနံ့အသက္ေတြ မေကာင္းတာ၊

အဝတ္အစား မွိုေစာ္ေတြနံေနတာ ဒါမွမဟုတ္ အမွိုက္နံ့ေတြနဲ႔ တျခားမေကာင္းတဲ့အနံ့ေတြအားလုံးဟာ သင့္အိမ္ကို လာဘ္တိတ္ေစၿပီး

ဘုန္းကံနိမ့္ေစတာေၾကာင့္ သင့္အိမ္ျပတင္းေပါက္ေတြကို ဖြင့္ၿပီး ေလေကာင္းေလသန႔္ ရေအာင္လုပ္တာ၊ အေမႊးနံ့ေတြ ျဖန္းေပးတာမ်ိဳးေတြကို အျမဲတမ္း လုပ္ေပးသင့္ပါတယ္။

(၃) ပစၥည္းအပ်က္ေတြထားျခင္း

သင့္အိမ္မွာ အက္ေနတဲ့မွန္ေတြ၊ က်ိဳးေနတဲ့ ခ်ိတ္ေတြ၊ အက်ႌအျပဲေတြကအစ မထားသင့္ပါဘူး။ ဒီလို မေကာင္းေတာ့တဲ့ အရာေတြကို

ဆက္လက္ သိမ္းထားတာဟာ အိမ္ကို လာဘ္တိတ္ေစတဲ့အျပင္ ဘုန္းကံကိုလည္း နိမ့္ေစနိုင္လို႔ပါ။

(၄) ဘုရားတရားမလုပ္ျခင္း

သင့္အိမ္မွာ သင္ကိုးကြယ္ရာ ဘာသာတရားကို ေလးနက္စြာ ျပဳလုပ္သင့္ပါ တယ္။ က်မး္စာ၊ ဘုရားစာေတြကို အသံထြက္ၿပီး

ရြတ္ဖတ္တာ၊ ဆုေတာင္းဝတ္ျပဳတာေတြ၊ အိမ္ကို ေကာင္းခ်ီးမဂၤလာေပးျခင္းေတြကို ေန႔စဥ္မပ်က္မကြက္ ျပဳလုပ္ရပါမယ္။

ဒီလိုမွမဟုတ္ရင္ေတာ့ သင့္အိမ္ကို မေကာင္းတဲ့ ဝိညာဥ္ဆိုးေတြအျပင္ တျခားေသာ ကံနိမ့္မႈေတြ၊

လာဘ္တိတ္မႈေတြက တံခါးမရွိ၊ ဓားမရွိဝင္လာနိုင္ၿပီး သင့္ရဲ့ ဘုနး္ကံေတြကို နိမ့္ေစနိုင္လို႔ပါပဲ..။

Em Em

Unicode Version

သင်နေတဲ့ အိမ် (သို့) အခန်းမှာ ဒီအချက် (၄)ချက် ရှိနေရင် အမြန်ဆုံးပြင်လိုက်ပါ ။

အ ရာရာတိုင်း၊ ပစ္စည်းတိုင်းမှာ စွမး်အင်တွေ ရှိနေပါတယ်။ သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ သင့်အိမ်ကို လာဘ်တိတ်စေသလို၊

သင့်ကိုလည်း ဘုန်းကံနိမ့်စေတဲ့ ပစ္စည်းတွေရှိပါတယ်။ ဘာတွေလဲဆိုတာကိုတော ့ကြည့်လိုက်ပါနော်။

(၁) ရှုပ်ပွနေခြင်း

သင့်အိမ်ကို ရှုပ်ပွညစ်ပတ် နေအောင်ထားတာ၊ အမိိှုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေမရှင်းတာ၊ ပန်းကန်တွေမဆေးပဲ

ပုံထားတာမျိုး၊ အဝတ်အစားတွေလညး် သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ

ရှုပ်ပွ ညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုနး်ကံနိမ့်စေပါတယ်။

(၂) အနံ့အသက်ဆိုးခြင်း

သင့်အိမ်ကလေထုကလည်း သင့်အပေါ်ကို အများကြီး သက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေ မကောင်းတာ၊

အဝတ်အစား မှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး

ဘုန်းကံနိမ့်စေတာကြောင့် သင့်အိမ်ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရအောင်လုပ်တာ၊ အမွှေးနံ့တွေ ဖြန်းပေးတာမျိုးတွေကို အမြဲတမ်း လုပ်ပေးသင့်ပါတယ်။

(၃) ပစ္စည်းအပျက်တွေထားခြင်း

သင့်အိမ်မှာ အက်နေတဲ့မှန်တွေ၊ ကျိုးနေတဲ့ ချိတ်တွေ၊ အကျႌအပြဲတွေကအစ မထားသင့်ပါဘူး..။ ဒီလို မကောင်းတော့တဲ့ အရာတွေကို

ဆက်လက် သိမ်းထားတာဟာ အိမ်ကို လာဘ်တိတ်စေတဲ့အပြင် ဘုန်းကံကိုလည်း နိမ့်စေနိုင်လို့ပါ။

(၄) ဘုရားတရားမလုပ်ခြင်း

သင့်အိမ်မှာ သင်ကိုးကွယ်ရာ ဘာသာတရားကို လေးနက်စွာ ပြုလုပ်သင့်ပါ တယ်။ ကျမး်စာ၊ ဘုရားစာတွေကို အသံထွက်ပြီး

ရွတ်ဖတ်တာ၊ ဆုတောင်းဝတ်ပြုတာတွေ၊ အိမ်ကို ကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက် ပြုလုပ်ရပါမယ်။

ဒီလိုမှမဟုတ်ရင်တော့ သင့်အိမ်ကို မကောင်းတဲ့ ဝိညာဉ်ဆိုးတွေအပြင် တခြားသော ကံနိမ့်မှုတွေ၊

လာဘ်တိတ်မှုတွေက တံခါးမရှိ၊ ဓားမရှိဝင်လာနိုင်ပြီး သင့်ရဲ့ ဘုနး်ကံတွေကို နိမ့်စေနိုင်လို့ပါပဲ။

Em Em