ခုလို လွ်ပ္စစ္မီး အခက္အခဲျဖစ္ေနခ်ိန္ Solar ၀ယ္သံုးမယ္ဆိုရင္… တြက္ခ်က္ပံုေလးေတြကို မ်ွေ၀ ေပးလုိက္ပါတယ္ ။
ဒီစာက Solarဝယ္မယ္လို႔ဆုံးျဖတ္ထားသူေတြ အတြက္ပါ ။ ဒီႏိုင္ငံကို တင္သြင္းေရာင္းခ်ေနတဲ့Solar၃မ်ိဳးရွိပါတယ္ ။
(၁) ပထမတန္းစား… Solarဆဲလ္ကြက္ေတြက ေလးေထာင့္က်က် မဟုတ္ဘဲေထာင့္ခ်ိဳးေလးေတြ ေကြးထားပါ တယ္ ။
(၂) ဒုတိယတန္းစား (အလတ္စား)… Solar ဆဲလ္ကြက္ေတြက ေလးေထာင့္က်က် ပါ။ ေထာင့္ခ်ိဳးေတြ ေကြးမထားပါဘူး..။
(၃) တတိယတန္းစား (အညံ့စား) ဆဲလ္ကြက္ရွိခ်င္မွရွိတယ္။ ေျပာင္ေတြ၊ အစင္းေတြနဲ..႔။
မွတ္ခ်က္… ဒီႏိုင္ငံမွာ Solarရဲ႕Output Wattကို အရွိအတိုင္းျပၿပီး ေရာင္းခ်ႏိုင္တဲ့ဆိုင္ မေတြ႕မိေသးပါ။
Solarဝယ္႐ုံနဲ႔ မီးလုံးထြန္း ၊TVၾကည့္၊ကြန္ျပဴတာသုံးလို႔ မရပါဘူး။ (၁)ဘက္ထရီအိုး ဝယ္ရမယ္ (၂)အင္ဗာတာ ဝယ္ရပါမယ္။
Solarရဲ႕သေဘာက ေနေရာင္ျခည္ အသုံးျပဳၿပီး ဘက္ထရီအိုး ကို အားသြင္းေပး႐ုံ သက္သက္ပါ။ အဓိကက ဘက္ထရီအိုးနဲ ႔အင္ဗာတာပါ။
ဘက္ထရီအိုး ေ႐ြးပါ။
ဘက္ထရီအိုးကို သူရဲ႕ Ah ( Ampere hour ) ကိုၾကည့္ၿပီး 100Ah(၁၀၀အိုး)၊ 200Ah (၂၀၀အိုး) စသျဖင့္ ေခၚပါတယ္။
ဘယ္ ဘက္ထရီအိုးျဖစ္ျဖစ္ ရာႏႈန္းျပည့္ သုံးစြဲျခင္းကို ေရွာင္ပါ။ ၈၀%ေလာက္ပဲ သုံးစြဲပါ။ လုံးဝ အားကုန္သြားသည္ အထိ မသုံးပါနဲ႔။
ေနာက္ၿပီး တေန႔ကို ဘယ္ႏွစ္နာရီ အသုံးျပဳမယ္ ဆိုတာကို သတ္မွတ္ပါ။ ၃နာရီလား? ၄နာရီလား?
ဘက္ထရီအိုး ေ႐ြးဖို႔ ကိုယ့္အသုံးျပဳမဲ့ မီးလုံးရဲ႕ Watt ၊ TV ရဲ႕Watt ၊ ကြန္ျပဴတာရဲ႕Watt… အားလုံးကို ေပါင္းပါ။
ဥပမာ… မီးလုံး 18W+18W ၊ TV 90W ၊ ကြန္ျပဴတာ 45W အဲ့ဒါေတြအားလုံးေပါင္း (18+90+45+18) 171W။
စုစုေပါင္း 171W ကို Ampere ျပန္ေျပာင္းေတာ့ 171/12 = 14.25A ၊ စုစုေပါင္း အသုံးျပဳခ်ိန္က ၄နာရီဆိုပါစို႔…
14.25A x4h=57Ah အနီးစပ္ဆုံး 60Ah ေလာက္စဥ္းစားထား။ Lossesေတြ အတြက္က 25% ေလာက္ ထပ္ေဆာင္းပါ ။ အဲ့ေတာ့ (60 x 0.25=15Ah)
ထို႔ေၾကာင့္ ဘက္ထရီအိုး Size က= 60+15Ah=75Ah အနီးစပ္ဆုံး 80Ah ဝယ္ပါ။ (171W ကို ၄နာရီၾကာေအာင္ သုံးမယ္ဆိုရင္ 80Ah အိုးက ေကာင္းေကာင္း ႏိုင္ပါတယ္။)
အင္ဗာတာ ေ႐ြးပါ။
ဘယ္အင္ဗာတာက မွလည္း ရာႏႈန္းျပည့္ ယူသုံးလို႔ မရပါဘူး။ ပွ်မ္းမွ်၇၀%ပါပဲ။ အင္ဗာတာေ႐ြးဖို႔ ကိုယ့္ရဲ႕Total Load ကို ပွ်မ္းမွ်၇၀%နဲ႔ စားပါ။
ဥပမာ… 171W/0.7 = 244.3W အနီးစပ္ဆုံး 300W inverterသုံးပါ။
Solar ေ႐ြးပါ
Solar က ဘက္ထရီ အားသြင္းဖို႔ပါ။ အခ်ိန္ ဘယ္ေလာက္နဲ႕ ျပည့္ခ်င္လဲ ဆိုတာကို ၾကည့္ၿပီး Solar ဆိုဒ္ကို ဝယ္ရ မွာပါ။
ဥပမာ… မိမိရဲ႕ 80Ah အိုးကို ၄နာရီေလာက္နဲ႔ ျပည့္ခ်င္တယ္ ဆိုရင္… 80Ah/4h=20A x 12V= 240W အနီးစပ္ဆုံး 300W Solar ဝယ္ပါ။
အခ်ဳပ္ေျပာရရင္… စုစုေပါင္း 171W ကို ၄နာရီၾကာ အသုံးျပဳဖို႔ အတြက္ Solar-300W ၊ Battery-80Ah ၊ Inverter-300W လိုပါမယ္။
Crd. KM မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။
Unicode
ခုလို လျှပ်စစ်မီး အခက်အခဲဖြစ်နေချိန် Solar ဝယ်သုံးမယ်ဆိုရင်… တွက်ချက်ပုံလေးတွေကို မျှေ၀ ပေးလိုက်ပါတယ် ။
ဒီစာက Solarဝယ်မယ်လို့ဆုံးဖြတ်ထားသူတွေ အတွက်ပါ။ ဒီနိုင်ငံကို တင်သွင်းရောင်းချနေတဲ့Solar၃မျိုးရှိပါတယ်။
(၁) ပထမတန်းစား… Solarဆဲလ်ကွက်တွေက လေးထောင့်ကျကျ မဟုတ်ဘဲထောင့်ချိုးလေးတွေ ကွေးထားပါ တယ်။
(၂) ဒုတိယတန်းစား (အလတ်စား)… Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျ ပါ။ ထောင့်ချိုးတွေ ကွေးမထားပါဘူး။
(၃) တတိယတန်းစား (အညံ့စား) ဆဲလ်ကွက်ရှိချင်မှရှိတယ်။ ပြောင်တွေ၊ အစင်းတွေနဲ့။
မှတ်ချက်… ဒီနိုင်ငံမှာ Solarရဲ့Output Wattကို အရှိအတိုင်းပြပြီး ရောင်းချနိုင်တဲ့ဆိုင် မတွေ့မိသေးပါ။
Solarဝယ်ရုံနဲ့ မီးလုံးထွန်း၊TVကြည့်၊ကွန်ပြူတာသုံးလို့ မရပါဘူး။ (၁)ဘက်ထရီအိုး ဝယ်ရမယ် (၂)အင်ဗာတာ ဝယ်ရပါမယ်။
Solarရဲ့သဘောက နေရောင်ခြည် အသုံးပြုပြီး ဘက်ထရီအိုး ကို အားသွင်းပေးရုံ သက်သက်ပါ။ အဓိကက ဘက်ထရီအိုးနဲ့အင်ဗာတာပါ။
ဘက်ထရီအိုး ရွေးပါ..။
ဘက်ထရီအိုးကို သူရဲ့ Ah ( Ampere hour ) ကိုကြည့်ပြီး 100Ah(၁၀၀အိုး)၊ 200Ah (၂၀၀အိုး) စသဖြင့် ခေါ်ပါတယ်..။
ဘယ် ဘက်ထရီအိုးဖြစ်ဖြစ် ရာနှုန်းပြည့် သုံးစွဲခြင်းကို ရှောင်ပါ။ ၈၀%လောက်ပဲ သုံးစွဲပါ။ လုံးဝ အားကုန်သွားသည် အထိ မသုံးပါနဲ့။
နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီ အသုံးပြုမယ် ဆိုတာကို သတ်မှတ်ပါ။ ၃နာရီလား? ၄နာရီလား?
ဘက်ထရီအိုး ရွေးဖို့ ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt ၊ TV ရဲ့Watt ၊ ကွန်ပြူတာရဲ့Watt… အားလုံးကို ပေါင်းပါ။
ဥပမာ… မီးလုံး 18W+18W ၊ TV 90W ၊ ကွန်ပြူတာ 45W အဲ့ဒါတွေအားလုံးပေါင်း (18+90+45+18) 171W။
စုစုပေါင်း 171W ကို Ampere ပြန်ပြောင်းတော့ 171/12 = 14.25A ၊ စုစုပေါင်း အသုံးပြုချိန်က ၄နာရီဆိုပါစို့…
14.25A x4h=57Ah အနီးစပ်ဆုံး 60Ah လောက်စဉ်းစားထား။ Lossesတွေ အတွက်က 25% လောက် ထပ်ဆောင်းပါ။ အဲ့တော့ (60 x 0.25=15Ah)
ထို့ကြောင့် ဘက်ထရီအိုး Size က= 60+15Ah=75Ah အနီးစပ်ဆုံး 80Ah ဝယ်ပါ။ (171W ကို ၄နာရီကြာအောင် သုံးမယ်ဆိုရင် 80Ah အိုးက ကောင်းကောင်း နိုင်ပါတယ်။)
အင်ဗာတာ ရွေးပါ ။
ဘယ်အင်ဗာတာက မှလည်း ရာနှုန်းပြည့် ယူသုံးလို့ မရပါဘူး။ ပျှမ်းမျှ၇၀%ပါပဲ။ အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့Total Load ကို ပျှမ်းမျှ၇၀%နဲ့ စားပါ။
ဥပမာ… 171W/0.7 = 244.3W အနီးစပ်ဆုံး 300W inverterသုံးပါ ။
Solar ရွေးပါ
Solar က ဘက်ထရီ အားသွင်းဖို့ပါ။ အချိန် ဘယ်လောက်နဲ့ ပြည့်ချင်လဲ ဆိုတာကို ကြည့်ပြီး Solar ဆိုဒ်ကို ဝယ်ရ မှာပါ။
ဥပမာ… မိမိရဲ့ 80Ah အိုးကို ၄နာရီလောက်နဲ့ ပြည့်ချင်တယ် ဆိုရင်… 80Ah/4h=20A x 12V= 240W အနီးစပ်ဆုံး 300W Solar ဝယ်ပါ။
အချုပ်ပြောရရင်… စုစုပေါင်း 171W ကို ၄နာရီကြာ အသုံးပြုဖို့ အတွက် Solar-300W ၊ Battery-80Ah ၊ Inverter-300W လိုပါမယ် ။
Crd. KM မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည် ။