Knowledge

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေသူတွေအတွက် မျှဝေပေးလိုက်ပါပြီ…

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေရင် တနေ့တခြား ကြပ်တည်းလာတာ ပိုသိသာလာတယ် ။

အဆင်မပြေဘူးလို့ ခနခနတွေးနေရင် ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။ ဒါ အယူအဆမဟုတ်ဘူး။ဘာသာရေး အတွေးမဟုတ်ဖူး Psycho သဘောပဲ။

ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်

ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း ကိုယ့်နှုတ်ထွက်စကားတွေအတိုင်း ကိုယ့်ဘဝက ပြောင်းသွားတယ်။

ဒါ့ကြောင့် အမြဲတမ်း အကောင်းဘက်ကတွေးပါ။ အကောင်းဘက်ကို တွေးပါ။အောင်မြင်သူလိုတွေးပါ။ အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့ ပြောကြတာပေါ့ ။

လဲကျတာဟာ ပြဿနာ မဟုတ်ဖူးလေ ပြန်မထချင်တော့တာ or ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ…

လက်လျှော့လိုက်တော့မယ်ဆိုတာကသာ ပြသနာကြီးပါ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ တွေးဖို့ပိုလိုတာပါ။

လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်။ဖြေရှင်းပုံပေါ်မူတည်ပြီး လူတွေရဲ့ ဘဝ အခြေအနေတွေ ကွာသွားတာပါ။

သင့်ကို ဆင်းရဲစေမယ့် အချက် (၇) ချက် ဒီအချက်တွေကိုပြင်နိုင်ရင် သင် ဘယ်တော့မှ မဆင်းရဲတော့ဘူး

၁။ မစဉ်းစားပဲ သုံးတယ်

ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် ( ၁၀ ) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်“လိုအပ်တာ” နဲ့ “လိုချင်တာ” ကို

မခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ် ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်

၂။ ဘဝကို အကြွေးရှိအောင် လုပ်ခြင်း

သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ၊ ခရက်ဒစ် အကြွေးကဒ်တစ်ခုခုအကြွေး၊ အပြင်က အကြွေး

အရစ်ကျပေးချေခြင်း အကြွေး စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ

အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ။

၃။ ငွေရေးကြေးရေးပိုင်း အသေးစိပ် မထိန်းသိမ်းခြင်း

ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း၊ အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း၊ ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း၊ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို

စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း၊ ဒီလို မျိုး အကြောင်းအရာသေးသေးလေးကပဲ

လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ်၊ ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ။

၄။ အပိုငွေ၊ လိုငွေတွေကို ဘယ်တော့မှ Plan မချခြင်း။

ငွေရေးကြေးရေး plan မချခြင်း၊ အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ်၊ ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း ( ၃ ) ခု

( ၁ ) ဝင်ငွေ၊ ထွက်ငွေအရင်း

( ၂ ) ငွေရေးကြေးရေး အခြေအနေ အရင်း

( ၃ ) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်။

၅။ စုငွေကို အထင်သေးခြင်း

စုငွေရဲ့ အ ဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ၊ ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ

တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ

၆။ ပန်းတိုင်မရှိတဲ့ ဘဝကို လက်ခံတယ်

ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘောနဲ့တူတူပါပဲ၊

ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့

လမ်းကြောင်းလေးတွေရှိသင့်ပါတယ်၊ ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်

၇။ ငွေရေး ကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမထားဘူး

ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး၊ ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ်၊ ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ

တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ

(ဝင်ငွေရှာပါ၊ ငွေဝင် ငွေထွက်ကို control လုပ်ပါ၊ ငွေစုပါ၊ ပြီးရင် အရင်းအနှီးလုပ်ပါ ) ဒီနေ့ကနေစပါ။

Credit

zawgyi

ပိုက္ဆံမရွိဘူးလို႔ ပါးစပ္က အၿမဲေျပာေနရင္ တေန႔တျခား ၾကပ္တည္းလာတာ ပိုသိသာလာတယ္ ။

အဆင္မေျပဘူးလို႔ ခနခနေတြးေနရင္ ပိုၿပီး အဆင္မေျပ ျဖစ္လာတယ္။ ဒါ အယူအဆမဟုတ္ဘူး။ဘာသာေရး အေတြးမဟုတ္ဖူး Psycho သေဘာပဲ။

ၾကားရဖန္မ်ားရင္ အေတြးေတြျဖစ္လာတယ္။ေျပာပါမ်ားရင္ အာ့အတိုင္းယုံၾကည္လာတယ္။

ၾကာေတာ့ ကိုယ့္စိတ္ကူးထဲက အတိုင္း ကိုယ့္ႏႈတ္ထြက္စကားေတြအတိုင္း ကိုယ့္ဘဝက ေျပာင္းသြားတယ္။

ဒါ့ေၾကာင့္ အၿမဲတမ္း အေကာင္းဘက္ကေတြးပါ။ အေကာင္းဘက္ကို ေတြးပါ။ေအာင္ျမင္သူလိုေတြးပါ။ ေအာင္ျမင္သူေတြနား ခ်ဥ္းကပ္ပါ လို႔ ေျပာၾကတာေပါ့ ။

လဲက်တာဟာ ျပႆနာ မဟုတ္ဖူးေလ ျပန္မထခ်င္ေတာ့တာ or ငါ ျပန္မထ ႏိုင္ေလာက္ပါဘူးလို႔ေတြးတာ…

လက္ေလွ်ာ့လိုက္ေတာ့မယ္ဆိုတာကသာ ျပသနာႀကီးပါ မျဖစ္ႏိုင္ဘူးဆိုတာထက္ ျဖစ္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကိုဘဲ ေတြးဖို႔ပိုလိုတာပါ။

လူတိုင္းမွာ ခက္ခဲတဲ့ အခိုက္အတန႔္ေတြရွိတယ္။ေျဖရွင္းပုံေပၚမူတည္ၿပီး လူေတြရဲ႕ ဘဝ အေျခအေနေတြ ကြာသြားတာပါ။

သင့္ကို ဆင္းရဲေစမယ့္ အခ်က္ (၇) ခ်က္ ဒီအခ်က္ေတြကိုျပင္ႏိုင္ရင္ သင္ ဘယ္ေတာ့မွ မဆင္းရဲေတာ့ဘူး

၁။ မစဥ္းစားပဲ သုံးတယ္

ဒီေန႔ ကိုယ့္ရဲ႕ ပိုက္ဆံသုံးနည္းက ေနာက္ ( ၁၀ ) ႏွစ္မွာ ကိုယ့္ရဲ႕အနာဂတ္ေငြေရးေၾကးေရးကို ထိန္းခ်ဳပ္ထားတဲ့ အရာတစ္ခုပဲျဖစ္ပါတယ္“လိုအပ္တာ” နဲ႔ “လိုခ်င္တာ” ကို

မခြဲျခားႏိုင္ဘူးဆိုရင္ မလိုအပ္တဲ့ အသုံးအႏႈန္းေတြ စၿပီးျဖစ္ေစပါတယ္ ဒီေတာ့ ဒီအခ်က္ပဲ ကိုယ့္ဘဝ ရဲ႕ ေငြေရးေၾကးေရး ျပသာနာကိုျဖစ္ေစပါတယ္

၂။ ဘဝကို အေႂကြးရွိေအာင္ လုပ္ျခင္း

သင္ အေႂကြးမ်ားလာေအာင္လုပ္တိုင္းမွာ သင္က ေငြေရးေၾကးေရးအဆင့္အတန္းကို တျဖည္းျဖည္းႏွိမ့္က်ေအာင္ စုတ္ယူေနတာပါပဲ၊ ခရက္ဒစ္ အေႂကြးကဒ္တစ္ခုခုအေႂကြး၊ အျပင္က အေႂကြး

အရစ္က်ေပးေခ်ျခင္း အေႂကြး စသျဖင့္ဒီအေႂကြးေတြ တည္ေဆာက္ျခင္းဟာ

အၿမဲတမ္းထြက္ေငြလမ္းေၾကာင္းသစ္ေတြကိုတည္ေဆာက္တာနဲ႔ အတူတူပါပဲ ဒီေတာ့ ဒီအခ်က္ေတြ က သင့္ရဲ႕ေရရွည္ ေငြေရးပိုင္းကို အက်ိဳးတက္ေရာက္မႈမ်ားစြာေပးႏိုင္မွာပါ။

၃။ ေငြေရးေၾကးေရးပိုင္း အေသးစိပ္ မထိန္းသိမ္းျခင္း

ဝင္ေငြထြက္ေငြ စာရင္းမလုပ္ျခင္း၊ အေႂကြးဆပ္ရမယ့္ရက္အတိအက်မလုပ္ျခင္း၊ ေငြေရးေၾကးေရးအပိုင္းမွာ ကိုယ့္အက်ိဳးကိုမသိျခင္း၊ ေငြေရးေၾကးေရးစာ႐ြက္စာတမ္းေတြကို

စႏွစ္တက်မထိန္းသိမ္းႏိုင္ျခင္း၊ ဒီလို မ်ိဳး အေၾကာင္းအရာေသးေသးေလးကပဲ

လူအမ်ားစုရဲ႕ ဘတကို ေငြေရးေၾကးေရးျပသာနာရွိေအာင္လုပ္ႏိုင္ပါတယ္၊ ဒါေၾကာင့္ ဒီလိုအရာေတြကိုယ့္ဘဝထဲ ဝင္မေႏွာင့္ယွက္ေအာင္ ကိုယ့္ရဲ႕ ေငြေရးေၾကးေရးကို စႏွစ္တက်ထိန္းသိမ္းပါ။

၄။ အပိုေငြ၊ လိုေငြေတြကို ဘယ္ေတာ့မွ Plan မခ်ျခင္း။

ေငြေရးေၾကးေရး plan မခ်ျခင္း၊ အနာဂတ္ သုံးရမယ့္ေငြကိုႀကိဳတင္မစဥ္းစားတာက ကိုယ့္ဘဝမွာ အေရးေပၚ ကိစၥ ေတြကိုအၿမဲတမ္းႀကဳံေစပါတယ္၊ ေငြေရးေၾကးေရးပိုင္းမွာ ဒီအရင္း ( ၃ ) ခု

( ၁ ) ဝင္ေငြ၊ ထြက္ေငြအရင္း

( ၂ ) ေငြေရးေၾကးေရး အေျခအေန အရင္း

( ၃ ) ေငြေရးေၾကးေရး စာရင္းဇယားအရင္း ေတြကိုကိုယ့္မွာရွိတယ္ဆိုရင္ (သိတယ္ဆိုရင္) ဘဝကို ဒီထက္ပိုလြယ္ေအာင္လုပ္ႏိုင္ပါတယ္။

၅။ စုေငြကို အထင္ေသးျခင္း

စုေငြရဲ႕ အ ဓိ က အေရးႀကီးတဲ့ အေၾကာင္းရင္းက ေငြေရးေၾကးေရးဝီရိယပါပဲ၊ ဒါေၾကာင့္ ေငြေၾကးအေရအတြက္ ေသးေသးေလးကို အထင္ေသးျခင္းနဲ႔ စုေငြကို ေနာက္ရက္ေတြဆီ

တြန္းထုတ္တဲ့သူက သူ႔ဘဝ အနာဂတ္ေငြေရးေၾကးေရးေအာင္ျမင္မႈ ကိုမေရာက္ႏိုင္တဲ့ရက္ဆီ တြန္းထုတ္တာနဲ႔တူတူပါပဲ

၆။ ပန္းတိုင္မရွိတဲ့ ဘဝကို လက္ခံတယ္

ပန္းတိုင္မရွိတဲ့ဘဝက သံလိုက္အိမ္ေျမာင္မရွိတဲ့ သေဘၤာနဲ႔တူတူပါပဲ၊

ဘဝအစိပ္အပိုင္းတိုင္းမွာ ေငြေၾကးအထိန္းအခ်ဳပ္ေလးနဲ႔ ပန္းတိုင္ေရာက္ဖို႔

လမ္းေၾကာင္းေလးေတြရွိသင့္ပါတယ္၊ ကိုယ္လိုခ်င္တဲ့ ေငြေရးေၾကးေရးပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ပန္းတိုင္အရင္ရွိရပါမယ္

၇။ ေငြေရး ေၾကးေရးပိုင္း ဗဟုသုတေတြကို အေလးမထားဘူး

ေငြက ေငြေရးေၾကးေရးျပသာနာကို ဘယ္ေတာ့မွမေျဖရွင္းႏိုင္ဘူး၊ ဒါေပမဲ့ ေငြေရးေၾကးေရးျပသာနာပဲ ျပသာနာကို ေျဖရွင္းေပးတာျဖစ္ပါတယ္၊ ဒါေၾကာင့္ ေငြေရးေၾကးေရးပိုင္းမွာ

တိုးတက္ခ်င္တယ္ဆိုရင္ ေငြေရေၾကးေရးပိုင္းဗဟုသုတကို ရွာေဖြပါ

(ဝင္ေငြရွာပါ၊ ေငြဝင္ ေငြထြက္ကို control လုပ္ပါ၊ ေငြစုပါ၊ ၿပီးရင္ အရင္းအႏွီးလုပ္ပါ ) ဒီေန႔ကေနစပါ။

Credit