ၾကားသိရသမွ်
Rain (For Ialinks)
Unicode
မိခင်အိုကြီးကို အိမ်မှာထားခဲ့ဖို့ စိတ်မချ၍ အမှိုက်ကောက်ထွက်ချိန်တိုင်း တွန်းလှည်းလေးနဲ့ခေါ်သွားသည့် သားလိမ္မာလေး
မိဘတို့သည် အိုမင်းလာသည့်အခါ တစ်ယောက်တည်း ရှေ့ဆက်လို့မရတော့ပဲ သားသမီးတွေရဲ့ ဂရုစိုက်မှု ကြင်နာမှုတို့ကို လိုအပ်လာကြသလို သားသမီးတွေဖက်ကလည်း အလိုက်တသိနဲ့ စိတ်ရှည်ပေးဖို့လိုအပ်သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၃၉နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖခင်ဆုံးပါးပြီးနောက်ပိုင်း မိခင်ကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့၍ အိမ်ထောင်ပင်မပြုပဲ မိခင်ဖြစ်သူကို ပြန်လည်လုပ်ကျွေးခဲ့သည်။ ။
အမျိုးသားသည် မိခင်ဖြစ်သူမှ အသက်၇၇နှစ်အရွယ်ရောက်လာပြီဖြစ်၍ အိုမင်းမစွမ်းဖြစ်ရကာ အိမ်မှာတစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချခဲ့ပေ..။
ထို့ကြောင့် အမျိုးသားမှာ လမ်းဘေးအမှိုက်ကောက်ထွက်ချိန်တိုင်း ..အမေအိုကြီးကို တွန်းလှည်းလေးပေါ်တင်ပြီး နေရာစုံလျှောက်သွားကာ ဝင်ငွေရှာခဲ့သည်။ ။
အမျိုးသားသည် မိခင်ဖြစ်သူအပေါ် ချစ်လွန်းကာ သူ့ဘဝရှေ့ရေးအတွက် မိခင်က အိမ်ထောင်ပြုခိုင်းပေမယ့် ဇနီးလုပ်သူက မိခင်အားငြိုငြင်မည်စိုးပြီး တစ်ကိုယ်တည်းနေကာ မိခင်ကို ရှာကျွေးခဲ့သည်။
Rain (For Ialinks)