Knowledge
စနေ သားသမီးများအတွက် 2023 ခုနှစ် ဇန်နဝါရီလ တစ်လစာအထူးဟောစာတမ်း..
စနေ သားသမီးများအတွက် 2023 ခုနှစ် ဇန်နဝါရီလ တစ်လစာအထူးဟောစာတမ်း
စနေ သားသမီးများတို့သည် သူတစ်ပါးအပေါ်အားကိုးမရရသောကာလဖြစ်သည်။မိမိ၏ အတွေ့အကြုံများအပေါ်မှုတည်ပြိး လုပ်ငန်းများ ကြိုးစားအားထုတ်ပြိး၊ အခွင့်ကောင်းများနှင့်အောင်မြင်မှုများဆွတ်ဆူးနိုင်မည်။လောင်းကစားများတွင် လည်း လုံး၀အကျိုးမရှိနိုင်သည်ကို သတိပြုရမည်
ရသမျှငွေကြေးများ ကုန်ဆုံးတတ်သည်။မိမိလုပ်ငန်းခွင်အတွက် ရာထူးပြောင်းခြင်း၊ဂုဏ်ထူးတတ်ခြင်း၊နေရာပြောင်းရွှေ့ခြင်းရှိမည်။တပည်ကျေးကျွန်များ တလွဲတချော်ပြုလုပ်တတ်သည်။
သူတစ်ပါးအတွက် လူမှုရေးပြဿနာများဖြေရှင်းခြင်း၊ မိတ်ဆွေများပေးထားသောဂတိများပျက်ပြားခြင်းကြောင့် မိမိဆောင်ရွက်ထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။
စီးပွားရေး…ဂီတအနုပညာလုပ်ငန်း၊လျှပ်စစ်လုပ်ငန်း၊ယာဥ်ပစ္စည်းရောင်းဝယ်၊အိမ်ခြံမြေအရောင်းအဝယ်၊သစ်သီးဝံလံရောင်းဝယ်ခြင်း၊ ရေလုပ်ငန်း၊မွေးမြူရေးလုပ်ငန်းလုပ်ခြင်း အကျိူးမြတ်ရရှိမည်။လုပ်ငန်းကိစ္စအတွက် စနေ၊တနလ်ာသားသမီးများနှင့်တွဲဖက်ဆောင်ရွက်ရမည်။
လျှပ်စစ်ပစ္စည်းကိရိယာတို့ကို ကိုင်တွယ်တဲ့အခါ သတိပြုပေးပါ။ကြွေးဟောင်း မြေဟောင်း ပြန်လည်ရရှိတတ်သလို့၊စုဆောင်းမိထားသော ငွေကြေးများ မြေဝယ် အိမ်ဝယ်ရခြင်း အလှူတန်းပြုရခြင်း ရှိလိမ့်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး…အချစ်ရေးတွင် တစ်ပါးသူများဝင်ရောက်ပြိး ချစ်သူနှစ်ဦးကြားဘစိတ်ရူပ်ထွေးမှုများကြုံတွေ့ရတတ်သည်။ချစ်သူဟောင်းရှိသူများ ပြန်လည်တွေ့ဆုံရမည်။ အိမ်ထောင်ပြုရတတ်သည်။အိမ်ထောင်ရှင်များ အိမ်တွင်းရေးပြဿနာများကြောင့် မပြေလည်မှုများဖြစ်သွားတတ်သည်။
ပညာရေး…ဝန်ထမ်းတွေအတွက် အလုပ်ထဲမှာ စိတ်ပင်ပန်း လူပင်ပန်းရပြီး မျက်နှာကောင်းမရတာမျိုး၊ မိမိကြိုးစားမူ့နဲ့တူညီတဲ့ ရလဒ်မရတာမျိုးရှိတတ်၏။
စ​နေသားသမီးများ အသက်ပိုင်းခြား ၂၀နှစ်၊ ၂၄နှစ်၊၂၅နှစ်၊၂၉နှစ်၊၄၀နှစ်၊၄၂နှစ် တွေ့က ကံအထူးညံ၏။မိတ်ဆွေဟန်ဆောင်သူများနဲ့ဆုံရမည်။မထင်မှတ်ဘဲ သူတစ်ပါး၏အစွပ်စွဲခံရ တတ်သည်။ဒေါသကြီးသူ ထစ်ခနဲဆို ခြေပါလက်ပါတက်သူ
ငါဆိုတဲ့ မာန်မာန အတ္တကြီးသူတွေအတွက်တော့ အဆိုးဘက်ကိုများစွာကြုံရပါလိမ့်မည်။သတိပြုရမည်အချက်ကတော့ စာချုပ်စာတမ်းကိစ္စများတွင် အမှားအယွင်းလေးတွေ ဖြစ်ပေါ်တက်သည်။
စာရင်းကွာဟမူ့တွေအတွက် ခေါင်းခဲရတက် ​စိုက်လျော်ရတတ်၏။ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပြည်ပသို့ ရောင်းဖောက်ကားသူများ လုပ်အကျိုးအမြတ်ဆုံးရှုံမှုဖြစ်တတ်သလို့ အဖမ်းအဆီး ပိတ်ပင်ခြင်းကြုံတွေ့ရတတ်သည်။
ကျန်းမာရေး ဖျားနာခြင်း၊အစားအသောက်မှားခြင်း၊အသည်းရောဂါ၊လေနာရောဂါ၊ ခြေထောက်နာခြင်းများ ခံစားရတတ်သည်။
အထူးဟော…အိမ်နီးချင်းပြဿနာများဖြေရှင်းပေးခြင်းရှောင်သင့်သည်။အရှေ့တောင်အရပ် ခရီးသွားလာခြင်း ရှောင့်ကျဥ်ပေးပါ။
မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် ကြာသပတေး၊အဂ်ါသားသမီးများဖြင့်ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။
အကျိူးပေးအက္ခရာ – (လ၊စ၊ထ၊ဘ)
အကျိူးပေးဂဏန်း – (၂.၅.၃.၈)
အကျိူးပေးအရောင် – အနီ၊ခရမ်း၊နံ့သား၊နို့နှစ်ရောင်
အကျိူးမပေးနေနံ – (ကြာသပတေး၊အဂ်ါ)
အကျိူးမပေးအရပ် – အရှေ့တောင်
ယတြာ- မိမိအိမ်ဘုရားစင်မှာ ပန်းသီး၊မာလာကာသီး (၈)စိပ်ခွဲခြမ်းပြိးဇီးဖျော်ရည် (၁)ခွက် ဆွမ်းကပ်၍ ဖယောင်တိုင် (၇)တိုင် အမွှေးတိုင် (၇)တိုင် ထွန်းပူဇော်ပါ။
ဆရာကြီး မင်းသူရ (မန္တလေးမြို့)
📲09-751089826(viber)📲09-792756450
📲09-884160606(viber)📲09-767817917
Zawgyi
အကျိုးပေးအက္ခရာ – (လ၊စ၊ထ၊ဘ)
အကျိုးပေးဂဏန်း – (၂.၅.၃.၈)
အကျိုးပေးအရောင် – အနီ၊ခရမ်း၊နံ့သား၊နို့နှစ်ရောင်
အကျိုးမပေးနေနံ – (ကြာသပတေး၊အဂ်ါ)
အကျိုးမပေးအရပ် – အရှေ့တောင်