Knowledge

စီးပွားပျက်ကပ်ကို ကျော်လွှားနိုင်စေဖို့ အခုကစ ကြိုတင်လုပ်ဆောင်ထားရမယ့် အချက်(၃)ချက်

စီးပွားပျက်ကပ်ကို ကျော်လွှားနိုင်စေဖို့ အခုကစ ကြိုတင်လုပ်ဆောင်ထားရမယ့် အချက်(၃)ချက်

စီးပွားကျတဲ့ ဒဏ်ကို ကျော်လွှားနိုင်စေဖို့ ကြိုတင် လုပ်ဆောင်ထားရမယ့် အချက် (၃) ချက်ကို အများ သိရှိထားနိုင်ကြစေဖို့ ‘စီးပွားရှင်’ ရဲ့ သတင်း ဆောင်းပါးတစ်ပုဒ်အား ပြန်လည် မျှဝေပေးလိုက်ပါတယ်။

စီးပွားရေးက ကျနေပါပြီ။ ပညာရှင်တွေ အပြော စောင့်နေစရာ မလို စီးပွားရှင်တို့ ကိုယ့်ဘေးနားနဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ရင်ကို သိနေပြီ။ စီးပွားကျရင် တကိုယ်ရေ လုပ်ရမှာ ၃ နည်းပဲ ရှိပါတယ်။

၁။ ကျန်းမာရေး ဂရုစိုက်ပါ

၂။ ချွေတာပါ

၃။ ငွေရှာပါ

၁။ ကျန်းမာရေး ဂရုစိုက်ပါ

ကျန်းမာရေးက နံပါတ်တစ်။ ပထမအလုပ်ဖြစ်တဲ့ ကျန်းမာရေး ဂရုမစိုက်ရင် ဒုတိယနဲ့ တတိယဖြစ်တဲ့ ချွေတာမယ့်အလုပ်ရော ငွေရှာမယ့်အလုပ်ရော နောက်ကောက်ကျပါမယ်။

ဆေးကုရရင် ငွေကုန်မယ်၊ လူက အိပ်ရာပေါ်မှာဆို ဘယ်လိုလုပ် ငွေရှာမလဲ။ ကိုယ့်မိသားစုထဲက အပြင်မှာ ငွေသွားရှာမယ့်သူလည်း ကိုယ့်ကို ပြုစုနေရရင် ငွေမရှာနိုင်တော့ဘူး။

ဒါ့ကြောင့် စီးပွားကျတဲ့ ကာလမှာ ကျန်းမာရေးက နံပါတ်တစ်။ ကျန်းမာအောင် စိတ်ကို ဂရုစိုက်ပါ။ စီးပွားရေးကျတဲ့ အချိန်မှာ စိတ်ညစ်မှာပဲ။

ဒါပေမယ့် စိတ်ထောင်းကိုယ်ကြေ ဖြစ်တာကြောင့် ကျန်းမာရေး ထိခိုက်လောက်အောင်တော့စိတ်ညစ်ခံလို့ မရပါ။ စိတ်မထောင်းအောင် တရားထိုင်ပါ၊

ယောဂကျင့်ပါ၊ ကျန်းမာအောင် လှတဲ့အစာတွေထက် အာဟာရပြည့်တဲ့ အစာတွေ စားပါ။

ပြည်ပက သွင်းလာတဲ့ ဈေးကြီး ဖြည့်စွက်စာတွေ အစားအရိုးကိုနူးအောင် ပြုတ်သောက်တာတို့ ဟင်းသီးဟင်းရွက် ပဲ စသည် စားပါ။

ငွေမကုန်ဘဲ အာဟာရပြည့်တဲ့ အစာတွေအကြောင်း ချက်နည်း ပြုတ်နည်းအကြောင်း သိတဲ့သူတွေ ဖြည့်စွက် ပြောပေးကြပါ။

အားကစားလုပ်ပါ။ ဘာအားကစားပဲဖြစ်ဖြစ် ကောင်းတယ်။ ချွေတာရတဲ့ကာလမှာ gym ဖိုး လျှော့ချချင်ရင် လမ်းလျှောက်ပါ၊ အိမ်ထဲမှာပဲ နေရာကျဉ်းကျဉ်းနဲ့ လုပ်နိုင်တဲ့ ဒိုက်ထိုး ၊plank ထောက်၊ ထိုင်ထ လုပ်ပါ။

၂။ ချွေတာပါ။

မချွေတာနိုင်လောက်တဲ့အထိ ချွေတာပါ။ဈေးကြီးတဲ့အဝတ် အစားတွေ အရင်လိုဝယ်မယ့်အစားသက်သောင့်သက်သာရှိပြီး သက်သာတဲ့ အဝတ်အစားတွေ ဝတ်ပါ။

များသောအားဖြင့် ဒေါ်လာနဲ့ ဝယ်ရတဲ့ဟာတွေက ပိုဈေးတက်နိုင်ပါတယ်။အရည်အသွေးချင်း သိပ်မကွာရင် ဒေါ်လာနဲ့ သွင်းလာတာ မဟုတ်တဲ့ ပြည်တွင်းဖြစ်ကို သုံးပါ။

စီးပွားရှင်တို့ ပြည်တွင်းပစ္စည်း ဝယ်သုံးလိုက်တဲ့ ပြည်တွင်းကငွေက ကိုယ့်ဆီ ပြန်ရောက်လာနိုင်ချေ ပိုများပါတယ်။ ကိုယ့်အသုံးစရိတ်ကို အသေးအမွှားက အစ စာရင်းရေးမှတ်ပါ။

၃ လလောက် မှတ်လိုက်ပြီး ပျမ်းမျှချလိုက်ရင် ကိုယ့်တလအသုံးစရိတ် တွက်လို့ရပြီ။ ၃ လလောက်မှတ်ခိုင်းတာက တလနဲ့ တလ အသုံးစရိတ်က အတက်အကျ ဖြစ်တတ်လို့ပါ။

ကိုယ်က တစ်နယ်ကနေ တစ်နယ်ပြောင်းရွှေ့နေတယ် အလုပ်သစ်လုပ်တယ်ဆိုရင် စရိတ်က ထိုးတက်တတ်တယ်။

အပြင်မှာ ထွက်နေရာကနေ မိဘအိမ် ပြန်နေဖြစ်တာမျိုးဆိုရင် စရိတ်က ကျသွားတတ်တယ်။

ဒါ့ကြောင့် ၃ လလောက် ပျမ်းမျှမှ ပိုနီးစပ်မှာ။ ဆီစားသက်သာတဲ့ ကားတွေစီး၊ မီးအားဆွဲတာ သက်သာတဲ့ မီးလုံးမီးချောင်းတွေ ထွန်းပါ။

၃။ ငွေရှာပါ

ချွေတာရုံနဲ့ မပြီး၊ ငွေရှာရမယ်။ အလုပ်ကြိုးစားပါ။ လုပ်ငန်းတွေအကုန် ရှင်သန်ရေး ကြိုးစားနေကြတာမို့ ကိုယ်ကလည်း အားကုန်ထုတ်နိုင်မှ ကျန်ရစ်မှာပါ။

ကိုယ့်ဆီက ဝယ်စားနေကြသူတွေကို လေးစားပါ၊ အကောင်းဆုံး ဝန်ဆောင်မှုပေးပါ။ စီးပွားရေး ကျဆင်းဒဏ်ကို ခံနိုင်တဲ့ လုပ်ငန်းနယ်ပယ်ကို ရွေးပါ။

စီးပွားရေး ကျဆင်းလို့ ရှိသမျှလုပ်ငန်းနယ်ပယ်တွေ ပြိုသွားတယ်ဆိုတာ မရှိပါဘူး။ ကောင်းတဲ့ လုပ်ငန်းနယ်ပယ်ကကောင်းတာပါပဲ။

စီးပွားရေး ကျဆင်းချိန်မှ ပိုကောင်းတတ်တဲ့ လုပ်ငန်းနယ်ပယ်တွေ industries that thrive during recession ရှိသလို စီးပွားရေး ကျဆင်းဒဏ် ခံနိုင်တဲ့ recession – proof လုပ်ငန်းနယ်ပယ်တွေလည်း ရှိပါတယ်။

လူတွေ ချွေတာလာတဲ့အတွက် ဖက်ရှင်ထည်လိုမျိုးတွေ ထိနိုင်ပါတယ်။ ခရီးသွားလာမှုတွေ လျော့လာနိုင်တယ်။

ဆေးဝါးလုပ်ငန်း၊ အစားအသောက်လုပ်ငန်း ဒီလုပ်ငန်းတွေကတော့ စီးပွားရေးကျလည်းခံနိုင်တဲ့ လုပ်ငန်းနယ်ပယ်တွေပါ။

ချွေတာလာကြတဲ့အတွက် ပစ္စည်းအသစ်ဝယ်မယ့်အစား ပစ္စည်းဟောင်းကိုပဲ ပြင်သုံးကြတာကြောင့် ပစ္စည်းတစ်ပတ်ရစ်အရောင်းအဝယ် လုပ်ငန်းတွေ၊ ပြင်ဆင်တဲ့ repair shop တွေ အခြေအနေ ကောင်းနိုင်ပါတယ်။

စိတ်ဓာတ် ကျတဲ့အတွက် အရက်ရောင်းဝယ်ရေး၊ ဗေဒင်လက္ခဏာလုပ်ငန်း ဒါတွေ ကောင်းနိုင်ပါတယ်။ နိုင်ငံခြားထွက်လုပ်။

ခုချိန် နိုင်ငံခြားထွက်အလုပ်လုပ်ရင်တော့ ငွေသာမက နိုင်ငံအတွက် ဒေါ်လာရှာပေးတဲ့ ကုသိုလ်ပါ ရနိုင်ပါတယ်။ လူငယ်လူလတ်ပိုင်းတွေ ဒီမှာအလုပ်ရှာရခက်ရင် နိုင်ငံခြား ထွက်လုပ်ကြပါ။

နိုင်ငံခြား ထွက်လုပ်ရင် ငွေသာမကဘဲရေခြားမြေခြားမှာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ရှင်သန် ရပ်တည်နိုင်တဲ့ အစွမ်းပါ ရပါလိမ့်မယ်။

စီးပွားရေး ကျဆင်းမှုဒဏ်ကို ကျော်လွှားဖို့ ကိုယ်ကိုယ်တိုင် ကျင့်သုံး အလုပ်ဖြစ်နေတဲ့ နည်းတွေ ရှိရင်လည်း ဝိုင်းဖြည့်ဆွေးနွေးပေးကြပါ။ စီးပွားရှင်” ဆိုပြီး ရေးသား မျှဝေထားပါတယ်။

အခက်အခဲတွေကြားမှ မြန်မာပြည်ကြီး အမြန်ဆုံး ကျော်လွှားနိုင်ပါစေ။

ခရက်ဒစ်

 

စီးပြားပ်က္ကပ္ကို ေက်ာ္လႊားႏိုင္ေစဖို႔ အခုကစ ႀကိဳတင္လုပ္ေဆာင္ထားရမယ့္ အခ်က္(၃)ခ်က္

စီးပြားက်တဲ့ ဒဏ္ကို ေက်ာ္လႊားႏိုင္ေစဖို႔ ႀကိဳတင္ လုပ္ေဆာင္ထားရမယ့္ အခ်က္ (၃) ခ်က္ကို အမ်ား သိရွိထားႏိုင္ၾကေစဖို႔ ‘စီးပြားရွင္’ ရဲ႕ သတင္း ေဆာင္းပါးတစ္ပုဒ္အား ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

စီးပြားေရးက က်ေနပါၿပီ။ ပညာရွင္ေတြ အေျပာ ေစာင့္ေနစရာ မလို စီးပြားရွင္တို႔ ကိုယ့္ေဘးနားနဲ႔ ကိုယ့္ကိုယ္ကိုယ္ ၾကည့္လိုက္ရင္ကို သိေနၿပီ။ စီးပြားက်ရင္ တကိုယ္ေရ လုပ္ရမွာ ၃ နည္းပဲ ရွိပါတယ္။

၁။ က်န္းမာေရး ဂ႐ုစိုက္ပါ

၂။ ေခြၽတာပါ

၃။ ေငြရွာပါ

၁။ က်န္းမာေရး ဂ႐ုစိုက္ပါ

က်န္းမာေရးက နံပါတ္တစ္။ ပထမအလုပ္ျဖစ္တဲ့ က်န္းမာေရး ဂ႐ုမစိုက္ရင္ ဒုတိယနဲ႔ တတိယျဖစ္တဲ့ ေခြၽတာမယ့္အလုပ္ေရာ ေငြရွာမယ့္အလုပ္ေရာ ေနာက္ေကာက္က်ပါမယ္။

ေဆးကုရရင္ ေငြကုန္မယ္၊ လူက အိပ္ရာေပၚမွာဆို ဘယ္လိုလုပ္ ေငြရွာမလဲ။ ကိုယ့္မိသားစုထဲက အျပင္မွာ ေငြသြားရွာမယ့္သူလည္း ကိုယ့္ကို ျပဳစုေနရရင္ ေငြမရွာႏိုင္ေတာ့ဘူး။

ဒါ့ေၾကာင့္ စီးပြားက်တဲ့ ကာလမွာ က်န္းမာေရးက နံပါတ္တစ္။ က်န္းမာေအာင္ စိတ္ကို ဂ႐ုစိုက္ပါ။ စီးပြားေရးက်တဲ့ အခ်ိန္မွာ စိတ္ညစ္မွာပဲ။

ဒါေပမယ့္ စိတ္ေထာင္းကိုယ္ေၾက ျဖစ္တာေၾကာင့္ က်န္းမာေရး ထိခိုက္ေလာက္ေအာင္ေတာ့စိတ္ညစ္ခံလို႔ မရပါ။ စိတ္မေထာင္းေအာင္ တရားထိုင္ပါ၊

ေယာဂက်င့္ပါ၊ က်န္းမာေအာင္ လွတဲ့အစာေတြထက္ အာဟာရျပည့္တဲ့ အစာေတြ စားပါ။

ျပည္ပက သြင္းလာတဲ့ ေဈးႀကီး ျဖည့္စြက္စာေတြ အစားအ႐ိုးကိုႏူးေအာင္ ျပဳတ္ေသာက္တာတို႔ ဟင္းသီးဟင္း႐ြက္ ပဲ စသည္ စားပါ။

ေငြမကုန္ဘဲ အာဟာရျပည့္တဲ့ အစာေတြအေၾကာင္း ခ်က္နည္း ျပဳတ္နည္းအေၾကာင္း သိတဲ့သူေတြ ျဖည့္စြက္ ေျပာေပးၾကပါ။

အားကစားလုပ္ပါ။ ဘာအားကစားပဲျဖစ္ျဖစ္ ေကာင္းတယ္။ ေခြၽတာရတဲ့ကာလမွာ gym ဖိုး ေလွ်ာ့ခ်ခ်င္ရင္ လမ္းေလွ်ာက္ပါ၊ အိမ္ထဲမွာပဲ ေနရာက်ဥ္းက်ဥ္းနဲ႔ လုပ္ႏိုင္တဲ့ ဒိုက္ထိုး ၊plank ေထာက္၊ ထိုင္ထ လုပ္ပါ။

၂။ ေခြၽတာပါ။

မေခြၽတာႏိုင္ေလာက္တဲ့အထိ ေခြၽတာပါ။ေဈးႀကီးတဲ့အဝတ္ အစားေတြ အရင္လိုဝယ္မယ့္အစားသက္ေသာင့္သက္သာရွိၿပီး သက္သာတဲ့ အဝတ္အစားေတြ ဝတ္ပါ။

မ်ားေသာအားျဖင့္ ေဒၚလာနဲ႔ ဝယ္ရတဲ့ဟာေတြက ပိုေဈးတက္ႏိုင္ပါတယ္။အရည္အေသြးခ်င္း သိပ္မကြာရင္ ေဒၚလာနဲ႔ သြင္းလာတာ မဟုတ္တဲ့ ျပည္တြင္းျဖစ္ကို သုံးပါ။

စီးပြားရွင္တို႔ ျပည္တြင္းပစၥည္း ဝယ္သုံးလိုက္တဲ့ ျပည္တြင္းကေငြက ကိုယ့္ဆီ ျပန္ေရာက္လာႏိုင္ေခ် ပိုမ်ားပါတယ္။ ကိုယ့္အသုံးစရိတ္ကို အေသးအမႊားက အစ စာရင္းေရးမွတ္ပါ။

၃ လေလာက္ မွတ္လိုက္ၿပီး ပ်မ္းမွ်ခ်လိုက္ရင္ ကိုယ့္တလအသုံးစရိတ္ တြက္လို႔ရၿပီ။ ၃ လေလာက္မွတ္ခိုင္းတာက တလနဲ႔ တလ အသုံးစရိတ္က အတက္အက် ျဖစ္တတ္လို႔ပါ။

ကိုယ္က တစ္နယ္ကေန တစ္နယ္ေျပာင္းေ႐ႊ႕ေနတယ္ အလုပ္သစ္လုပ္တယ္ဆိုရင္ စရိတ္က ထိုးတက္တတ္တယ္။

အျပင္မွာ ထြက္ေနရာကေန မိဘအိမ္ ျပန္ေနျဖစ္တာမ်ိဳးဆိုရင္ စရိတ္က က်သြားတတ္တယ္။

ဒါ့ေၾကာင့္ ၃ လေလာက္ ပ်မ္းမွ်မွ ပိုနီးစပ္မွာ။ ဆီစားသက္သာတဲ့ ကားေတြစီး၊ မီးအားဆြဲတာ သက္သာတဲ့ မီးလုံးမီးေခ်ာင္းေတြ ထြန္းပါ။

၃။ ေငြရွာပါ

ေခြၽတာ႐ုံနဲ႔ မၿပီး၊ ေငြရွာရမယ္။ အလုပ္ႀကိဳးစားပါ။ လုပ္ငန္းေတြအကုန္ ရွင္သန္ေရး ႀကိဳးစားေနၾကတာမို႔ ကိုယ္ကလည္း အားကုန္ထုတ္ႏိုင္မွ က်န္ရစ္မွာပါ။

ကိုယ့္ဆီက ဝယ္စားေနၾကသူေတြကို ေလးစားပါ၊ အေကာင္းဆုံး ဝန္ေဆာင္မႈေပးပါ။ စီးပြားေရး က်ဆင္းဒဏ္ကို ခံႏိုင္တဲ့ လုပ္ငန္းနယ္ပယ္ကို ေ႐ြးပါ။

စီးပြားေရး က်ဆင္းလို႔ ရွိသမွ်လုပ္ငန္းနယ္ပယ္ေတြ ၿပိဳသြားတယ္ဆိုတာ မရွိပါဘူး။ ေကာင္းတဲ့ လုပ္ငန္းနယ္ပယ္ကေကာင္းတာပါပဲ။

စီးပြားေရး က်ဆင္းခ်ိန္မွ ပိုေကာင္းတတ္တဲ့ လုပ္ငန္းနယ္ပယ္ေတြ industries that thrive during recession ရွိသလို စီးပြားေရး က်ဆင္းဒဏ္ ခံႏိုင္တဲ့ recession – proof လုပ္ငန္းနယ္ပယ္ေတြလည္း ရွိပါတယ္။

လူေတြ ေခြၽတာလာတဲ့အတြက္ ဖက္ရွင္ထည္လိုမ်ိဳးေတြ ထိႏိုင္ပါတယ္။ ခရီးသြားလာမႈေတြ ေလ်ာ့လာႏိုင္တယ္။

ေဆးဝါးလုပ္ငန္း၊ အစားအေသာက္လုပ္ငန္း ဒီလုပ္ငန္းေတြကေတာ့ စီးပြားေရးက်လည္းခံႏိုင္တဲ့ လုပ္ငန္းနယ္ပယ္ေတြပါ။

ေခြၽတာလာၾကတဲ့အတြက္ ပစၥည္းအသစ္ဝယ္မယ့္အစား ပစၥည္းေဟာင္းကိုပဲ ျပင္သုံးၾကတာေၾကာင့္ ပစၥည္းတစ္ပတ္ရစ္အေရာင္းအဝယ္ လုပ္ငန္းေတြ၊ ျပင္ဆင္တဲ့ repair shop ေတြ အေျခအေန ေကာင္းႏိုင္ပါတယ္။

စိတ္ဓာတ္ က်တဲ့အတြက္ အရက္ေရာင္းဝယ္ေရး၊ ေဗဒင္လကၡဏာလုပ္ငန္း ဒါေတြ ေကာင္းႏိုင္ပါတယ္။ ႏိုင္ငံျခားထြက္လုပ္။

ခုခ်ိန္ ႏိုင္ငံျခားထြက္အလုပ္လုပ္ရင္ေတာ့ ေငြသာမက ႏိုင္ငံအတြက္ ေဒၚလာရွာေပးတဲ့ ကုသိုလ္ပါ ရႏိုင္ပါတယ္။ လူငယ္လူလတ္ပိုင္းေတြ ဒီမွာအလုပ္ရွာရခက္ရင္ ႏိုင္ငံျခား ထြက္လုပ္ၾကပါ။

ႏိုင္ငံျခား ထြက္လုပ္ရင္ ေငြသာမကဘဲေရျခားေျမျခားမွာ ကိုယ့္ထမင္းကိုယ္ရွာစားၿပီး ရွင္သန္ ရပ္တည္ႏိုင္တဲ့ အစြမ္းပါ ရပါလိမ့္မယ္။

စီးပြားေရး က်ဆင္းမႈဒဏ္ကို ေက်ာ္လႊားဖို႔ ကိုယ္ကိုယ္တိုင္ က်င့္သုံး အလုပ္ျဖစ္ေနတဲ့ နည္းေတြ ရွိရင္လည္း ဝိုင္းျဖည့္ေဆြးေႏြးေပးၾကပါ။ စီးပြားရွင္” ဆိုၿပီး ေရးသား မွ်ေဝထားပါတယ္။

အခက္အခဲေတြၾကားမွ ျမန္မာျပည္ႀကီး အျမန္ဆုံး ေက်ာ္လႊားႏိုင္ပါေစ။

ခရက္ဒစ္