အဲဒီရွာမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ဆံပင်အရှည် က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေ အတွက် ဆံပင်ဆိုတာ အရေးကြီးတဲ့အရာပါ။ အမျိုးသမီးအများစု အနေနဲ့ ဆံပင်ရှည် ထားရခြင်းကို နှစ်သက် မြတ်နိုးလေ့ ရှိကြ ပါတယ် ။
ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေနေထိုင်တဲ့ ရွာကတော့ တရုတ်နိုင်ငံမှ ာရှိတဲ့ Huangluo Yao ဆိုတဲ့ ကျေးရွာပဲဖြစ်ပါတယ်။ အဲဒီရွာမှာနေထိုင်တဲ့ လူမျိုးစုတွေကတော့ ဆံပင်ရှည် ထားခြင်းဟာ
ကျန်းမာရေး ကို ကောင်းမွန်စေတယ်လို့ ယုံကြည် ထားကြပါတယ်။ ဒါကြောင့်လည်း အဲဒီရွာမှာ နေထိုင်တဲ့ မိသားစု ၆၀ လောက်က ဆံပင်အရှည် ထားလေ့ ရှိကြ ပါတယ်။ အဲဒီ ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်
ဒါကြောင့်လည်း ကမ္ဘာ့ ဆံပင်အရှည်ဆုံးကျေးရွာအဖြစ် ဂင်းနစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ အဲဒီကျေးရွာကို ရောက်ဖို့ တရုတ်နိုင်ငံ တောင်ပိုင်းက မြို့တမြို့ဖြစ်တဲ့ Guilin မြို့ကနေ ၂ နာရီလောက် ကားစီးသွားရပါတယ်
Jinsha မြစ်ကမ်းဘေးမှာ ရှိတဲ့ Huangluo Yao ကျေးရွာရဲ့ ထူးခြားတဲ့ ဓလေ့ကြောင့် ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာ ခရီးသွားတွေ လာရောက် လည်ပတ် နိုင်ဖို့ တရုတ်အစိုးရက စီစဉ်ခဲ့ပါတယ်။ အဲဒီကျေးရွာမှာ နေထိုင်တဲ့ လူမျိုးစုတွေဟာ
Qin မင်းဆက် လက်ထက်ကတည်းက နေထိုင်လာ ခဲ့ကြတဲ့ ဒေသခံ ဌာနေ တိုင်းရင်းသားတွေလို့ သိရ ပါတယ်။ လူဦးရေ ၆၀၀ နီးပါး ရှိပြီး မိသားစုဝင် ၈၀ နီးပါး ရှိပါ တယ်။
အဲဒီ ကျေးရွာက အမျိုးသမီးတွေဟာ သန် စွမ်းနက်မှောင်ပြီး ရှည်လျားတဲ့ ဆံပင်တွေကို ပိုင်ဆိုင် ထားကြပြီး အမျိုးသမီးတယောက်ရဲ့ ဆံပင် အလေးချိန်က ၂ ပေါင်ကျော် ရှိပါတယ်
Yao အမျိုးသမီးတွေဟာ ဆံပင်အရှည် ထားရတာကို ဂုဏ်ယူလေ့ ရှိပြီး ဒီဓလေ့ ပျောက်ကွယ် မသွားအောင် မျိုးဆက် တခုကနေ နောက် မျိုးဆက်တခု ကို လက်ဆင့်ကမ်း သယ်ဆောင် ခဲ့ကြပါတယ်။ မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ အတွက်ကြောင့်လည်း_
မြစ်ရေနဲ့ နေ့စဉ် ခေါင်းလျှော်လေ့ ရှိကြပြီး ရက်သတ္တပတ် ၁ ပတ် ရဲ့ ၃ ရက်မြောက်နေ့၊ ဒါမှမဟုတ် ၄ ရက်မြောက်နေ့ မှာတော့ ဆံပင်ရှည်ဖို့ အထူးဖော်စပ် ထားတဲ့ ဆေးတမျိုးနဲ့ ခေါင်းလျှော်လေ့ ရှိကြတယ်လို့ သိရ ပါတယ်
နောက်ထပ်ထူးခြားချက် တခုကတော့ အိမ်ထောင် မကျသေးတဲ့ မိန်းမပျိုတွေအနေနဲ့ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် ထိန်းသိမ်း ရတာပါပဲ။ မိန်းမပျိုတယောက်ရဲ့ ဆံပင်ကို ပထမဆုံး မြင်ရတဲ့ အမျိုးသားဟာ သူမရဲ့ခင်ပွန်းလောင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အဲဒီကျေးရွာက မိန်းမပျိုတွေဟာ သူမရဲ့ဆံပင်ကို အခြားသူတွေ မမြင်ရအောင် အပြာရောင် ပုဝါနဲ့ ဖုံးထားလေ့ ရှိကြပါတယ်။ Yao အမျိုးသမီးတွေအတွက်တော့ ဆံပင်အရှည်က အရေးကြီးတဲ့ အမှတ်အသား တခုပါပဲ ။
Yao အမျိုးသမီးတွေဟာ မွေးပြီးလို့ ရက် ၁၀၀ ပြည့်တဲ့အချိန်နဲ့ အသက် ၁၈ နှစ်ပြည့်တဲ့ အချိန် ၂ ကြိမ်ပဲ ဆံပင်ညှပ်လေ့ ရှိကြ ပါတယ်။ ဓလေ့တခု တည်မြဲအောင် ရေရှည်
ထိန်းသိမ်းထားနိုင်တဲ့ အတွက်လည်း Huangluo Yao ကျေးရွာဟာ ကမ္ဘာ့ ဆံပင်အရှည်ဆုံး ကျေးရွာ အဖြစ် ကမ္ဘာမှာ လူသိများတဲ့ ကျေးရွာတရွာ ဖြစ်လို့နေပါတယ်..။#Credit