Health Care

အရက်အသောက်လွန် အရက်ဖေါ ဖေါနေသူများအတွက် အသက်ကယ်တဲ့ ဆေးနည်းတွေ့ပါပြီ

အရက်အသောက်လွန် အရက်ဖေါ ဖေါနေသူများအတွက် အသက်ကယ်တဲ့ ဆေးနည်းတွေ့ပါပြီ

အရက်အသောက်လွန် အရက်ဖေါ ဖေါ နေသူများအတွက် အသက်ကယ်တဲ့ ဆူးပဒေါင်းပင်( သိလိုသည့်သူများမေးလာသဖြင့်တင်ပေးလိုက်ပါသည် )

ကျွန်တော်က သုတေသီလည်း မဟုတ်သလို ဆေးဆရာလည်းမဟုတ်ပါ။အမှန်တစ်ကယ် သက်သာ ပျောက်ကင်း ချမ်းသာရလို့ မေတ္တာ စေတနာနဲ့ တင်ပေးခဲ့တာပါ။

ကျွန်တော် ဝေဒနာစဖြစ်တာက စပ့ါမယ်လွန်ခဲ့ နှစ်အနည်းငယ်ကအရက်ကို နေ့မလင်းညမလင်း တစ်နှစ်လောက် သောက်တော့ရောဂါရပါတော့တယ်။

တကိုယ်လုံးဖေါယောင်ပြီးခြေလှမ်း ၁၀ လှမ်းလောက်လှမ်းပြီးရင်အရမ်းမောပြီး ထိုင်နားနေရပါတယ်။

ဖေါယောင်နေတဲ့ အသားကို လက်ညှိုးနဲ့ ၂ မိနစ်လောက်ဖိထားပြီးလွှတ်လိုက်ရင် ဖိထားတဲ့ နေရာက နာရီဝက်လောက်အထိ ပြန်မပြည့်ပါဘူး။ကိုယ့်ကိုယ်ကို သေတော့မယ်လို့ နားလည်လိုက်ပါပြီ။

ကုစရာကလည်း နတ္ထိ။တိုတိုပဲပြောပါရစေ တောမှာရှိတဲ့ အဖေ အမေ တိုဆီပြန်သေမယ်ဆိုပြီး ၃မိုင်လောက်ခရီးကို ၆ နာရီမျှလောက် လျှောက်ခဲ့ရတာပါ။

အဖေအမေတို့ဆီရောက်တော့ ကြားဖူးနားဝ ဆေးမြီးတိုတွေနဲ့ကုသပေမဲ့လို့ အခြေအနေက ထူးမခြားနားပါပဲ။

ကျွန်နော်ကတော့ စိတ်ကိုလျှော့လိုက်ပါပြီ ဒီလိုနဲ့ နောက် ၃ ရက်လောက် အကြာမှာ အဖေတိုရဲ့ မိတ်ဆွေတစ်ယောက်ရောက်လာပြီး သူူပေးတဲ့(ကျွန်တော် တင်ထားတဲ့ ဆူးပဒေါင်းပင် )ဆေးမြီးတိုနဲ့ အသက်ချမ်းသာရာ ရခဲ့ခြင်းပါ ။

အခုတော့ ကျွန်တော့်ရဲ့အသက်သခင်ကျေးဇူးရှင်မရှိရှာတော့ပါဘူး။( ဆေးစပြီး စီရင်ပုံကလေး စ လိုက်ကြရအောင် နော် )ရှေးဦးစွာ ဆူးပဒေါင်းပင်ကို(နေရာဒေသလိုက်၍ အခေါ်အဝေါ်ကွဲပြားနိုင်ပါသည်။)

အမြစ်မှရွှံ့များစင်ကြယ်စေရန် ရေစိမ်ပြီးအမြစ်များကိုဆေးကြောပ ဉ္စငါးပါး လက်လေးသစ်လောက်စီ ဓါးဖြင့် ပိုင်းကာ သန့်ပြန့်သောအိုးဖြင့် ၃ခွက် ၁ ခွက်တင်ကြိုပါ။

ပိုင်းပြီသား ဆူးပဒေါင်းပသ်များကို အတိုင်းအဆမရှိ ထည့်နိုင်ပါသည်။ဆေးကြိုပြီးသောအခါအနက်ရောင်အရည်များထွက်လာပါလိမ့်မည်။ထိုဆေးရည်များကို အဝတ်ပါးဖြင့် စစ်၍ ဒိုပါလာသကြား( ဘယဆေးဆိုင်များတွင် ဝယ်၍ရပါသည်။)

ကိုအနည်းငယ် အမှုံ့ကြိတ်ထည်ပြီး ဇွန်ဖြင်မွှေကာ အအေးခံ၍ မတ်ခွက်အသေးဖြင့် စသောက်ပါ။

သောက်ပြီး မိနစ်အနည်းငယ်အတွင်းဆီးကြောတင်းလာပါလိမ့်မည်။

ဆီးသွားပြီး နောက်တစ်ခွက်ထပ်သောက်ပါ။အဲဒီလို ဆက်သောက်သွားပါ ၂ ရက် ၃ ရက်အတွင်း သိသာစွာသက်သာပျောက်က်ကင်းပါလိမ့်မည့်။အစားရှောင်စရာ မလိုပါ ဆေးသောက်နေစဉ်အတွင်းအနည်းငယ်လျှော့စားပါ။

ဟောဒီပို့စ်ကို စေတနာဖြင့် ရှယ်ကြသောမိတ်ဆွေများ ပြန်လည်တင်ပြသောအခါ ဆူးပဒေါင်းပင်ရဲ့ ပုံကလေးတွေပါ အပြည့်အစုံတင်ပြကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အားလုံးသော မိတ်ဆွေများ ရောဂါသက်သာပျောက်ကင်းပြီဆိုလျှင် ဝမ်းသာပါတယ်ခင်ဗျာ။

credit..လိုတရ

ချင်းပြည်နယ်ကအပင်များ ဆူးပဒေါင်း or လယ်ပဒူ botanicaln name Hygrophila auriculata Family Acanthaceaeအခုလိုလယ်တွေရိတ်သိမ်းတဲ့ကာလမှာကောက်သစ်ပေါ်တဲ့လမှာ

ရိုးပြတ်တောတွေကြား လယ်ကန်သင်းရိုးတလျောက် ရေစပ်စပ်မှာအုပ်စုဖွဲ့ပြီး ပေါက်တတ်တဲ့ပင်ပြော့လေးတွေပါ

ထူးခြားတာက မာကြောလှတဲ့အဝါရောင် ဆူးကြီးတွေကအဆစ်တိုင်းကထွက်နေတာပါဘဲ စူးမိရင်မလွယ်လှပါဘူး

ဒီဆူးတွေပါလို့ ဆူးပဒေါင်းလို့ခေါ်ကြတာပါ အရင်က သိပံအမည်ကို Hygrophila spinosa လို့ခေါ်ကြတယ်ချင်းပြည်သာမက မြေပြန့်ဒေသမရွေးတွေ့နိုင်တ ဲ့အပင်လေးတွေပါ တိုင်းရင်းဆေးမှာလည်း

ဆေးဝင်ပင်တပင်ပါအရှင်နာဂသိန်ဆေးကျမ်းမှာတော့ Barlaria longifolia လို့ဖေါ်ပြထားတာကတော့ စိတ်ဝင်စားစရာပါအခုခေတ်မှာတော့ သိပံအမည်များက ပြောင်းလွဲခဲ့တာကို မြင်နိုင်မှာပါ

အရွက်တင်မက တပင်လုံးဆေးဝင်ပါတယ်ဆေးဝင်ပုံတွေကို မူရင်းဆေးကျမ်းနဲ့အတူလေ့လာနိုင်အောင်တင်ပေးလိုက်ပါတယ် ။

Crd : kothetnaing kalay