ဗေဒင်
အင်္ဂါသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့်ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း
အင်္ဂါသားသမီးများအတွက် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်လာမယ့်ကံကြမ္မာနှင့် တစ်နှစ်စာဟောစာတမ်း
-(၁)ယခုနှစ်တွင် ရန်ကိုနိုင်ပါမယ်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများလည်းပြိုင်ဘက်ကို နိုင်မဲ့ ကာလဖြစ်ပါတယ်။
-(၂) လုပ်ငန်း၊ဝင်ငွေ၊ဘဝကံ တိုးတက်ပြီး ဘုန်းကံတက်နေချိန်ဖြစ်ပါတယ်။
-(၃)မမျှော်လင့်ဘဲ ငွေဝင်ခြင်း၊ထီပေါက်ခြင်း၊ထီပေါက်သကဲ့သို့ ငွေအစုလိုက်ဝင်ခြင်းများကြုံရပါမယ်။
-(၄)ကုသိုလ်ရေး လုပ်ခြင်း၊စိတ်ထားးကောင်းခြင်း၊သီလလုံခြင်းများ ပြုလုပ်နေသူများအတွက် အရာရာကိုအောင်မြင်မဲ့ နှစ်ဖြစ်ပါတယ်။
-(၅)အချစ်ရေးအတွက် ထူးခြားသော နှစ်ဖြစ်ပြီး လူပျို၊အပျိုများ အိမ်ထောင်ပြုနိုင်တဲ့ နှစ်ဖြစ်ပါတယ်။
-(၆)အိမ်ထောင်ရှင်များ အိမ်ထောင်ရေးရဲ့ ချမ်းသာသုခကို ခံစားရပါလိမ့်မယ်။
-(၇)ကျန်းမာရေးတွင် မျက်စိ နှင့်ပတ်သက်သော ဝေဒနာပေါ်ါ်ပါမယ်။ ကျီးပေါင်းရောဂါဝေဒနာတို့ကို ခံစားရနိုင်ပါတယ်။ သွေးလေးဘက်နာ ဝေဒနာလည်းခံစာရပါမယ်။
(၈) ကြာသပတေး ၊ တနင်္ဂနွေသားသမီး တို့အကျိုးပေးမဲ့ က ာလဖြစ်ပါတယ်။
လိုရာပြည့်ပြီးအညံ့ပြေစေဖို့အတွက်
ယတြာ။ ။ မွေးနေ့ နံနက် ၉ နာရီ ၁၈ မိနစ်အချိန် အိမ်ဘုရားတွင်နို့ဆွမ်းကပ်လှူ၍ လိုရာဆုတောင်းပါ။ ထိုယတြာကို အကြောင်းကြီးငယ်ရှိတိုင်း လှူဒါန်းနိုင်ပါတယ်။
ဂရုစိုက်ရမဲ့ သက်ရောက်များ
2023 ခုနှစ်အတွင်းအသက် ၉၊ ၂၆၊၂၇၊၃၅၊၃၉၊၄၇၊၅၅၊၆၇၊၈၈ သက်ရောက်အင်္ဂါသားသမီးတို့ ကတော့ ညံ့နေတဲ့ကာလဖြစ်တဲ့အတွက် အထူးဂရုစိုက်ရမဲ့ကာလဖြစ်ပါတယ်။
ထိုနှစ်အတွင်းမှာ အဆိုပါသက်ရောက်အင်္ဂါသားသမီးတို့မှာ သွေးထွက်သံယိုဖြစ်ခြင်း၊ အသက်ဘေးအန္တရာယ်ကြုံရခြင်း၊ ကိုယ်လက်အင်္ဂါထိခိုက်ပျက်ဆီးနိုင်ခြင်း၊ အမှုအခင်းကြုံရခြင်း၊ အချုပ်ထောင်သို့ ကျရောက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများရုတ်တရက်ရပ်တန့်ပျက်ဆီးသွားရခြင်းများကြုံရနိုင်ပါတယ်။
ဒါ့အပြင်အမှုအခင်းပြဿနာများနဲ့ ရုတ်တရက်ကြုံရနိုင်ခြင်း၊နာမည်ဂုဏ်သိက္ခာထိခိုက်စေသော အဖြစ်အပျက်များနဲ့ကြုံရခြင်းများလည်းကြုံရနိုင်ပါတယ်။
ဒါ့အပြင်မိသားစုများနဲ့ ရှင်ကွဲ၊သေကွဲခွဲခွာရခြင်း၊ မိသားစုနဲ့ ကြောင့် စိတ်ပူပင်သောကဖြစ်ရခြင်းစတာတို့ကြုံရနိုင်ပါတယ်။
အထူးယတြာ အထူးပြုလုပ်ရန်
(၁)မွေးနေ့တိုင်း ခရေ ညွှန့် ၃၂ ညွှန့်ကို နံနက် ၇ နာရီ ၃၀ မှ ၉ နာရီအတွင်း အိမ်က ဘုရားမှာလှူပေးပါ။ပြီးလျှင် မေတ္တာသုတ်ကို ၈ ခေါက်ပူဇော်ပြီး အမျှေ၀ ပေးပါ။ အပတ်စဉ် ထိုယတြာကို ပြုပေးပါ။ အင်္ဂါနေ့တိုင်း တင်ပါ။စွန့်လျှင် အိမ်ရှေ့မှာပဲ စွန့်ပစ်ပါ။
(၂)ပရိတ်ကြီး ၁၁ သုတ်ကိုနေ့စဉ်ပူဇော်ပေးပါ။ ပြီးလျှင် အမျှဝေပေးပါ။
(၃)မွေးနေ့ တစ်ပတ်လျှင် ၁ ကြိမ် အနည်းဆုံး ဆွမ်းလောင်းပြီး ။ ဆန်၊ဆီ၊ဆား၊ဆေး၊ဆပ်ပြာစတဲ့ ၅ မျိုးကို ဆင်းရဲနွမ်းပါးသူများအား နိုင်သလောက် လှူဒါန်းပေးပါ။
(၄)မွေးနေ့တိုင်းဘုန်းတော်ကြီကျောင်းတွေကို သန့်ရှင်းရေးပြုလုပ်ပေးပါ။ တစ်ပတ်တစ်ကြိမ် အပတ်စဉ် ပြုလုပ်ပေးပါ။
ကျန်နေ့သားတွေကိုလည်း ဆက်ဟောပေးပါ့မယ်နော်။
May Thingyan Hein-Myitmakha
zawgyi