Knowledge

ညအိပ္ခါနီးတိုင္း လုပ္သင့္တဲ့အရာ(၅)ခ်က္

သင့္အေနနဲ႔ေန႔တိုင္းမွာ ျပဳလုပ္မိေနတဲ့အရာေတြက သင့္အလွအပကိုဖ်က္ဆီးပစ္ေနတဲ့ အရာေတြလည္းရွိတယ္ဆိုတာ သင္သတိထားမိရဲ႕လား…။ ကဲဒီေတာ့… အစမသိေသးရင္ အခုသိရေတာ့မွာျဖစ္လို႔ ဒီေအာက္ကအခ်က္ေတြကို လုပ္မိေနၿပီဆိုရင္ အခုကစၿပီး ျပင္လိုက္ေတာ့ေနာ္…။

(၁) မိတ္ကပ္ဖ်က္ပါ

ညဘက္အိပ္ခါနီး မိတ္ကပ္ေရာဖ်က္ရဲ႕လား…။ ညဘက္မိတ္ကပ္မဖ်က္ပဲအိပ္လို႔ လွမေနဘူးေနာ္…။ အလုပ္မ်ားလို႔ မိတ္ကပ္မဖ်က္ႏိုင္ဘူးဆိုေပမယ့္ ညဘက္မွာေတာ့ လူတိုင္းသြားတိုက္ၾကတာပဲေလး သြားတိုက္ခါနီးမွာ တစ္ခါထဲမိတ္ကပ္ဖ်က္လိုက္ရင္ အခ်ိန္လည္းေပး

စရာမလိုေတာ့ဘူး ေမ့မွာလည္းမပူရေတာ့ဘူးေပါ့…။ ဒီလိုမဟုတ္ဘဲ မိတ္ကပ္ကိုမဖ်က္ပဲ အိပ္မယ္ဆိုရင္ေတာ့ သင့္အတြက္မ်က္ႏွာအေရျပားျပႆနာေတြကို ခံစားရေစႏိုင္ပါတယ္…။

သင့္အိပ္ေနတဲ့အခ်ိန္ေတြမွာ သင့္မ်က္ႏွာအေရျပားေပၚမွာရွိေနတဲ့ ဆဲလ္ေတြက သူတို႔ကိုယ္တိုင္ ျပဳျပင္ရတာေတြကိုလုပ္ေလ့ရွိပါတယ္…။ ဒီလိုအခါမွာ သင့္မ်က္ႏွာေပၚက မိတ္ကပ္အႂကြင္းအက်န္ေတြဟာ သင့္မ်က္ႏွာအေရျပားကို ပိတ္ဆို႔မႈေတြျဖစ္ေပၚေစတာေၾကာင့္

ဝက္ၿခံေတြျဖစ္ေပၚေစပါတယ္…။ သင့္မ်က္ႏွာအသားအေရကို ေခ်ာ့ေခ်ာ့ေမြ႕ေမြ႕ေလးနဲ႔ ဝက္ၿခံေတြကင္းၿပီး လွပေနခ်င္တယ္ဆိုရင္ေတာ့ ညအိပ္ခါနီးမွာ မေမ့မေလ်ာ့မိတ္ကပ္ေတြကို ဖ်က္ပါေနာ္…။

(၂) Hand Cream လိမ္းၾကမယ္…။

ေတာ္ေတာ္မ်ားမ်ားကေတာ့ လက္အေရျပားကို သိပ္ၿပီးဂ႐ုမစိုက္မိၾကပါဘူး…။ တကယ္တမ္းက်ေတာ့ ဂ႐ုစိုက္ရမယ့္ထဲမွာ လက္အေရျ

ပားလည္းပါပါတယ္ေနာ္…။ လွပတဲ့လက္ေခ်ာင္းေလးေတြ၊ ေခ်ာေမြ႕တဲ့ လက္အသားအေရေလးကလည္း တစ္မ်ိဳးေလးဆြဲေဆာင္မႈရွိေနေစပါတယ္ေနာ္…။

ကဲ… ဒီေတာ့ လွပတဲ့လက္ေလးေတြရဖို႔အတြက္ ညအိပ္ရာဝင္ခါနီးမွာ လက္ကိုေရေႏြးေႏြးေလးနဲ႔ေဆးၿပီး လက္ကိုေရေျခာက္ေအာင္ ႏူးညံ့တဲ့အဝတ္ေလးနဲ႔ ညင္သာစြာသုတ္ေပးလိုက္ရပါမယ္ေနာ္…။ ၿပီးရင္ေတာ့ မိမိအသားအေရနဲ႔ လိုက္ဖက္စြာေ႐ြးခ်ယ္ဝယ္ယူထားတဲ့

Hand Cream ေလးလိမ္းၿပီး အိပ္လိုက္႐ုံပါပဲေနာ္…။ ဒီလိုမ်ိဳး ညဘက္တိုင္းမွာ Hand Cream ေလးလိမ္းၿပီးအိပ္တဲ့ အက်င့္ေလးကိုလည္း စြဲေနေအာင္လုပ္ေနရပါမယ္…။

(၃) ဆံပင္စည္းပါ…။

အိပ္ခါနီးရင္ေတာ့ ဆံပင္စည္းၿပီးအိပ္ပါေနာ္…။ ကဲ… သင့္စိတ္ထဲမွာ နားမလည္သလို ျဖစ္သြားတယ္မွတ္လား…။ ဟုတ္ပါတယ္… တကယ္လည္းနားမလည္ခ်င္စရာပါပဲ… က်မတို႔အရင္ထဲက စြဲလာတဲ့အက်င့္က အိပ္ခါနီးရင္ စည္းထားတဲ့ဆံပင္ကိုျဖည္ၿပီးမွပဲ အိပ္ၾကတာပါ…။

အခုက်ေတာ့ စည္းၿပီးအိပ္ရမယ္ဆိုေတာ့…။ ကဲ… ဘာေၾကာင့္စည္းၿပီး အိပ္သင့္တာလဲ…။ ဆံပင္စည္းၿပီး အိပ္တဲ့အခါမွာ ဆံပင္မွာရွိတဲ့ အဆီဓာတ္ေတြကို ထိန္းထားေပးႏိုင္တဲ့အျပင္ ဆံပင္ေတြမ်က္ႏွာနဲ႔ ထိေတြမႈကင္းေဝးတာေၾကာင့္ ဝက္ၿခံျဖစ္တာေတြကိုလည္း ကင္းေ

ဝးေစပါတယ္ေနာ္…။ ဆံပင္စည္းၿပီး အိပ္ရင္ေတာ့ ေနာက္ေန႔မနက္မွာေတာ့ ဆံပင္ေတြက စည္းထားတဲ့အရာေတြလိုျဖစ္ေနမွာေတာ့ ရွိပါတယ္ေနာ္…။ ဒါေပမယ့္ စိတ္မပူပါနဲ႔ ဆံပင္ပုံသြင္းလိုက္ရင္ ျပန္အဆင္ေျပသြားမွာပါေနာ္…။

(၄) သြားတိုက္ပါ…။

ညအိပ္ခါနီးတိုင္း သြားတိုက္ရမယ္ဆိုတာ ငယ္ငယ္ထဲကသိလာတဲ့အရာတစ္ခုပါပဲေနာ္…။ အခုထိလည္းစြဲေနတဲ့ အက်င့္ေလးတစ္ခုေပါ့…။ ညစာစားၿပီးတိုင္း မိနစ္ ၃၀ ေလာက္ေနရင္ သြားတိုက္ေပးပါ…။ ၿပီးရင္ေတာ့ Flossing ပိုးအပ္ခ်ည္မွ်င္နဲ႔ သြားၾကားထိုးေပးတာမ်ိဳးလုပ္ေပးပါ…။ လုပ္ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ပလုတ္က်င္းေပးသင့္ပါတယ္ေနာ္…။

(၅) ေကာင္းမြန္စြာ အိပ္စက္အနားယူပါ

အိပ္စက္ျခင္းကလူတိုင္းအတြက္ မရွိမျဖစ္လိုပါတယ္ေနာ္…။ တစ္ေန႔ကို ၇-၈ နာရီၾကာေအာင္ အိပ္စက္အနားယူေပးမွ မ်က္လုံးေအာက္မွာရွိတဲ့ မ်က္အိတ္ညိဳတာေတြမျဖစ္ေစမွာပါ…။ တစ္နည္းေျပာရင္ေတာ့ မ်က္ကြင္းညိဳတာေတြကို မျဖစ္ေစႏိုင္ပါဘူး…။ မ်က္ကြင္းေတြညိဳေနတာကလည္း သင့္မ်က္ႏွာအလွအပကို ပ်က္ဆီးေစတဲ့ အခ်က္တစ္ခ်က္ပါပဲေနာ္…

သင္အိပ္ဖို႔အတြက္ အိပ္ခန္းထဲကိုဝင္လိုက္ၿပီဆိုတာနဲ႔ လွ်ပ္စစ္မီးေတြအကုန္လုံးကိုပိတ္လိုက္ပါ…။ မီးေတြေမွာင္ေနတာကလည္း သင့္ကို

ပိုၿပီးအိပ္ခ်င္စိတ္ျဖစ္ေပၚေစပါတယ္…။ ေနာက္တစ္ခ်က္ကေတာ့ သင္အိပ္ေတာ့မယ္ဆိုရင္ သင့္ရဲ႕ဖုန္းေတြ၊ လက္ေတာ့ေတြ၊ တီဗြီေတြအကုန္လုံးကို မသုံးမိေတာ့ေအာင္ဆင္ျခင္ၿပီးေနရမယ္ေနာ္…။

အလွအပဆိုတာ လူတိုင္းအတြက္အေရးႀကီးတဲ့ အရာတစ္ခုပါေနာ္…။ ဒါေၾကာင့္ အၿမဲတမ္းလွေနေအာင္ လိုက္လုပ္သင့္တဲ့အရာေလးေတြကိုလည္း ဂ႐ုတစိုက္နဲ႔ ညအိပ္ခါနီးတိုင္းမွာ လိုက္လုပ္သင့္ပါတယ္ေနာ္…။

Unicode

ညအိပ်ခါနီးတိုင်း လုပ်သင့်တဲ့အရာ(၅)ချက်

သင့်အနေနဲ့နေ့တိုင်းမှာ ပြုလုပ်မိနေတဲ့အရာတွေက သင့်အလှအပကိုဖျက်ဆီးပစ်နေတဲ့ အရာတွေလည်းရှိတယ်ဆိုတာ သင်သတိထားမိရဲ့လား…။ ကဲဒီတော့… အစမသိသေးရင် အခုသိရတော့မှာဖြစ်လို့ ဒီအောက်ကအချက်တွေကို လုပ်မိနေပြီဆိုရင် အခုကစပြီး ပြင်လိုက်တော့နော်…။

(၁) မိတ်ကပ်ဖျက်ပါ…။

ညဘက်အိပ်ခါနီး မိတ်ကပ်ရောဖျက်ရဲ့လား…။ ညဘက်မိတ်ကပ်မဖျက်ပဲအိပ်လို့ လှမနေဘူးနော်…။ အလုပ်များလို့ မိတ်ကပ်မဖျက်နိုင်ဘူးဆိုပေမယ့် ညဘက်မှာတော့ လူတိုင်းသွားတိုက်ကြတာပဲလေး သွားတိုက်ခါနီးမှာ တစ်ခါထဲမိတ်ကပ်ဖျက်လိုက်ရင် အချိန်

လည်းပေးစရာမလိုတော့ဘူး မေ့မှာလည်းမပူရတော့ဘူးပေါ့…။ ဒီလိုမဟုတ်ဘဲ မိတ်ကပ်ကိုမဖျက်ပဲ အိပ်မယ်ဆိုရင်တော့ သင့်အတွက်မျက်နှာအရေပြားပြဿနာတွေကို ခံစားရစေနိုင်ပါတယ်…။

သင့်အိပ်နေတဲ့အချိန်တွေမှာ သင့်မျက်နှာအရေပြားပေါ်မှာရှိနေတဲ့ ဆဲလ်တွေက သူတို့ကိုယ်တိုင် ပြုပြင်ရတာတွေကိုလုပ်လေ့ရှိပါတယ်…။ ဒီလိုအခါမှာ သင့်မျက်နှာပေါ်က မိတ်ကပ်အကြွင်းအကျန်တွေဟာ သင့်မျက်နှာအရေပြားကို ပိတ်ဆို့မှုတွေဖြစ်ပေါ်စေတာ

ကြောင့် ဝက်ခြံတွေဖြစ်ပေါ်စေပါတယ်…။ သင့်မျက်နှာအသားအရေကို ချော့ချော့မွေ့မွေ့လေးနဲ့ ဝက်ခြံတွေကင်းပြီး လှပနေချင်တယ်ဆိုရင်တော့ ညအိပ်ခါနီးမှာ မမေ့မလျော့မိတ်ကပ်တွေကို ဖျက်ပါနော်…။

(၂) Hand Cream လိမ်းကြမယ်…။

တော်တော်များများကတော့ လက်အရေပြားကို သိပ်ပြီးဂရုမစိုက်မိကြပါဘူး…။ တကယ်တမ်းကျတော့ ဂရုစိုက်ရမယ့်ထဲမှာ လက်အရေပြားလည်းပါပါတယ်နော်…။ လှပတဲ့လက်ချောင်းလေးတွေ၊ ချောမွေ့တဲ့ လက်အသားအရေလေးကလည်း တစ်မျိုးလေးဆွဲဆောင်မှုရှိနေစေပါတယ်နော်…။

ကဲ… ဒီတော့ လှပတဲ့လက်လေးတွေရဖို့အတွက် ညအိပ်ရာဝင်ခါနီးမှာ လက်ကိုရေနွေးနွေးလေးနဲ့ဆေးပြီး လက်ကိုရေခြောက်အောင် နူးညံ့တဲ့အဝတ်လေးနဲ့ ညင်သာစွာသုတ်ပေးလိုက်ရပါမယ်နော်…။ ပြီးရင်တော့ မိမိအသားအရေနဲ့ လိုက်ဖက်စွာရွေးချယ်ဝယ်ယူထား

တဲ့ Hand Cream လေးလိမ်းပြီး အိပ်လိုက်ရုံပါပဲနော်…။ ဒီလိုမျိုး ညဘက်တိုင်းမှာ Hand Cream လေးလိမ်းပြီးအိပ်တဲ့ အကျင့်လေးကိုလည်း စွဲနေအောင်လုပ်နေရပါမယ်…။

(၃) ဆံပင်စည်းပါ

အိပ်ခါနီးရင်တော့ ဆံပင်စည်းပြီးအိပ်ပါနော်…။ ကဲ… သင့်စိတ်ထဲမှာ နားမလည်သလို ဖြစ်သွားတယ်မှတ်လား…။ ဟုတ်ပါတယ်… တကယ်လည်းနားမလည်ချင်စရာပါပဲ… ကျမတို့အရင်ထဲက စွဲလာတဲ့အကျင့်က အိပ်ခါနီးရင် စည်းထားတဲ့ဆံပင်ကိုဖြည်ပြီးမှပဲ အိပ်

ကြတာပါ…။

အခုကျတော့ စည်းပြီးအိပ်ရမယ်ဆိုတော့…။ ကဲ… ဘာကြောင့်စည်းပြီး အိပ်သင့်တာလဲ…။ ဆံပင်စည်းပြီး အိပ်တဲ့အခါမှာ ဆံပင်မှာရှိတဲ့

အဆီဓာတ်တွေကို ထိန်းထားပေးနိုင်တဲ့အပြင် ဆံပင်တွေမျက်နှာနဲ့ ထိတွေမှုကင်းဝေးတာကြောင့် ဝက်ခြံဖြစ်တာတွေကိုလည်း ကင်းဝေးစေပါတယ်နော်…။ ဆံပင်စည်းပြီး အိပ်ရင်တော့ နောက်နေ့မနက်မှာတော့ ဆံပင်တွေက စည်းထားတဲ့အရာတွေလိုဖြစ်နေမှာတော့ ရှိပါတယ်နော်…။ ဒါပေမယ့် စိတ်မပူပါနဲ့ ဆံပင်ပုံသွင်းလိုက်ရင် ပြန်အဆင်ပြေသွားမှာပါနော်…။

(၄) သွားတိုက်ပါ

ညအိပ်ခါနီးတိုင်း သွားတိုက်ရမယ်ဆိုတာ ငယ်ငယ်ထဲကသိလာတဲ့အရာတစ်ခုပါပဲနော်…။ အခုထိလည်းစွဲနေတဲ့ အကျင့်လေးတစ်ခုပေါ့…။ ညစာစားပြီးတိုင်း မိနစ် ၃၀ လောက်နေရင် သွားတိုက်ပေးပါ…။ ပြီးရင်တော့ Flossing ပိုးအပ်ချည်မျှင်နဲ့ သွားကြားထိုးပေးတာမျိုးလုပ်ပေးပါ…။ လုပ်ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ပလုတ်ကျင်းပေးသင့်ပါတယ်နော်…။

(၅) ကောင်းမွန်စွာ အိပ်စက်အနားယူပါ…။

အိပ်စက်ခြင်းကလူတိုင်းအတွက် မရှိမဖြစ်လိုပါတယ်နော်…။ တစ်နေ့ကို ၇-၈ နာရီကြာအောင် အိပ်စက်အနားယူပေးမှ မျက်လုံးအောက်မှာရှိတဲ့ မျက်အိတ်ညိုတာတွေမဖြစ်စေမှာပါ…။ တစ်နည်းပြောရင်တော့ မျက်ကွင်းညိုတာတွေကို မဖြစ်စေနိုင်ပါဘူး…။ မျက်ကွင်းတွေညိုနေတာကလည်း သင့်မျက်နှာအလှအပကို ပျက်ဆီးစေတဲ့ အချက်တစ်ချက်ပါပဲနော်…

သင်အိပ်ဖို့အတွက် အိပ်ခန်းထဲကိုဝင်လိုက်ပြီဆိုတာနဲ့ လျှပ်စစ်မီးတွေအကုန်လုံးကိုပိတ်လိုက်ပါ…။ မီးတွေမှောင်နေတာကလည်း သင့်ကိုပိုပြီးအိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်…။ နောက်တစ်ချက်ကတော့ သင်အိပ်တော့မယ်ဆိုရင် သင့်ရဲ့ဖုန်းတွေ၊ လက်တော့တွေ၊ တီဗွီတွေအကုန်လုံးကို မသုံးမိတော့အောင်ဆင်ခြင်ပြီးနေရမယ်နော်…။

အလှအပဆိုတာ လူတိုင်းအတွက်အရေးကြီးတဲ့ အရာတစ်ခုပါနော်…။ ဒါကြောင့် အမြဲတမ်းလှနေအောင် လိုက်လုပ်သင့်တဲ့အရာလေးတွေကိုလည်း ဂရုတစိုက်နဲ့ ညအိပ်ခါနီးတိုင်းမှာ လိုက်လုပ်သင့်ပါတယ်နော်