စကစ ဘောမတသိုက်ဖြစ်တဲ့ အနုပညာရှင်တွေကို ကျေးဇူးတင်ကြောင်း တဖွဲ့တနွဲ့လိုင်းပေါ်တင်
ရေးမိတာကြောင့် ပရိတ်သတ်တွေစိတ်ပျက်ခဲ့ရတဲ့ အဆိုတော် ပိုပို…
မကြာခင်ကမှ အချုပ်အနှောင်က လွတ်မြောက်လာပြီး ပရိတ်သတ်တွေအားလုံးက ဂရုဏာသက်ချစ်ခင်ခံနေရတဲ့ သူမ။
သူမ လွတ်မြောက်လာတဲ့ ဖြစ်စဉ် မှာ ကူညီခဲ့ကြသူများကို ကျေးဇူးတင်ကြောင်းပြောကြားတဲ့ ပိုစ် တခုတင်လာခဲ့ပါတယ်
တင်ထားတဲ့ ပိုစ်မှာ စကစ ကိုထောက်ခံတဲ့ အနုပညာရှင်တွေရဲ့ နာမည်တွေပါဝင်နေတာကြောင့်
ပရိတ်သတ်တွေ ရဲ့ ဝေဖန်မှုတွေခံနေရတာဖြစ်ပြီး ပို့စ်ကိုလည်း ချက်ချင်းပြန်ဖျက်သွားခဲ့ပါတယ်
သူမလွတ်မြောက်ဖို့ ကူညီသူတွေထဲမှာ ခန့်စည်သူ ယုန်လေး ချယ်ရီသင်းတို့ကို
ကျေးဇူးတင်ကြောင်း တဖွဲ့တနွဲ့လိုင်းပေါ်တင်ရေးမိတာကြောင့် ပရိတ်သတ်တွေစိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်
ပရိတ်သတ်တွေရဲ့ ဝေဖန်မှု့တွေ သောသောညံလာချိန်မှာတော့ သူမဟာ ပြည်သူတွေဘက်မှာသာ
အမြဲရှိကြောင်း စိတ်ပျက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ကြောင်း ခုလိုပြန်လည်တောင်းပန်ထားပါတယ်.,
“ပို့ကို အရမ်းချစ်ကြတဲ့ ပြည်သူတွေကို စိတ်ပျက်အောင် လုပ်မိတာ တောင်းပန်ပါတယ်။ 🙏🏽🙏🏽🙏🏽
ပိုပိုက ပြည်သူ့ အတွက်ပါ။
ပြည်သူ မုန်းတာကို မခံစားနိုင်ပါဘူး။ 🥺
မပျော်ရတာတွေ များရတဲ့ ကြားထဲမှာ ပိုပို့ ကြောင့် ပြည်သူတွေ တစ်ချက်ကလေး စိတ်ဆင်းရဲရတာကိုတောင် မလိုချင်ပါဘူး။
ပိုပို စိတ်မ ကောင်းအောင် လုပ်မိလို့ ထပ်ခါ ထပ်ခါအနူးအညွှတ်တောင်းပန်ပါတယ် ရှင်။ 🙏🏽🙏🏽🙏🏽
ထပ်ခါ ထပ်ခါ တောင်းပန်ပါတယ် ပိုလဲ အရမ်း စိတ်မကောင်းဖြစ်နေလို့ပါ ပြည်သူတွေကို ပိုအရမ်းချစ်ပါတယ် 🥺🙏🏽🙏🏽🙏🏽”
ဆိုပြီး တောင်းပန်ထားပါတယ်..ပြည်သူတွေဘက်ကလည်း ရွံရှာစရာ လူတွေနဲ့ပါတ်သက်ရင်
ကိုယ်ပါ ရောပြီး ရွံရှာခံရမှာမို့ မပတ်သက်ဖို့ တိုက်တွန်းထားကြပါတယ်..
အဆိုတော် ပိုပိုရဲ့ တောင်းပန်စကားလေးကို နားလည် လက်ခံပေးနိုင်ကြပါစေလို့ ပြောပါရစေနော်….။
Zawgyi