Knowledge

ငှက်ဖျားအမြစ်ပြတ်သွား သည်ဆိုသည့် တရုတ်စကားပင်

ငှက်ဖျားအမြစ်ပြတ်သွား သည်ဆိုသည့် တရုတ်စကားပင်

ငှက်ဖျား ရှင်တို့အတွက် မှတ်ဖွယ်ကဗျာစာတို့လေးမှာ ̏တရုတ်စကား၊ အဟုတ်စကားမို့ကျော်၊ဝိဇ္ဇာကျော်ဆေးတော်ပေး၊ ငှက်ဖျားသော်ဝေးကွာဘေး၊မှတ်သားနော်တစ်သက်တာရေး ˝ဟုဖြစ်သည်။

မင်းခေါင်ရှင်ကြီး ၁၉၁၈ခုနှစ်လောက်က ကချင်ပြည်နယ် နမ္မာခရုချောင်းရွာတွင် နေစဉ်ကမီးသွေးဖုတ်တဲ့ ကချင်လင်မယားကို ငှက်ဖျားတွေတက်နေကာ နှစ်ဦးစလုံးအိပ်ရာထဲလဲနေ၍ ̏

မင်းတို့နှစ်ယောက်ကိုမသေဆေးတိုက်မယ် ˝ဆိုပြီး တရုတ်စကားခေါက်ကိုခွာကာ ပြုတ်ကျို၍ဆားအနည်းငယ် ထည့်သွင်းပြီးသောက်စေခဲ့ရာ ငှက်ဖျားအမြစ်ပြတ်သွားသည်ဆိုပါသည်။

ထိုစာမူကို ဝိဇ္ဇာပြခဲ့သော ငှက်ဖျားဆေးတော်တစ်လက်စာမူဖြင့် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင်ဖေါ်ပြပြီးခဲ့ပါသည်။

တရုတ်စကားပင်၏မျိုးရင်းမှာ ဆယ့်နှစ်ရာသီမျိုးရင်းဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Plummeria acutifolia Poir ဖြစ်သည်။

အလွန်အေးမြသောတောင်ပေါ်ဒေသမှအပ မြန်မာပြည်အနှံ့ပေါက်ရောက်ပါသည်။

အစေး၊အပွင့်၊အရွက်၊အခေါက်တို့ကို အသုံးပြုနိုင်သည်။စပ်ခါးဖန်၍ပူသောသတ္တိရှိသည်။

ဆီးကိုရွှင်စေသည်။သလိပ်ကိုကြေစေသည်။နူနာ၊အနာပေါက်၊ ဝမ်းဗိုက် ရောဂါတို့ကိုပျောက်ကင်းစေသည်။

အသုံးပြုပုံများ အစေး

အခေါက်နှင့်ကိုင်းမှထွက်သော နို့နှစ်ရောင်အေစေးကို ဝမ်းနုတ်ဆေးအဖြစ်သုံးသည်။နို့နှစ်ရောင်အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ၊ဝမ်းဗိုက်ထိုးအောင်ရောဂါတို့ကို ပျောက်ကင်းစေသည်။

အပွင့်နှင့်အရွက်

အရွက်ကိုစားခြင်းဖြင့်လည်းကောင်း၊မုန့်နှစ်ဖြင့်ကြော်၍လည်းကောင်း၊စားကြသည်။အပွင့်ကိုပြုတ်တို့ကြသည်။အရွက်၊အပွင့်ကို မန်ကျည်းရည်ဖြင့် ပြုတ်၍သနပ်လက်သုပ်လုပ်စားခြင်းဖြင့် ၊

ဆီးဝမ်းကိုရွှင်စေ၍ သလိပ်လေကို ကြေစေသည်။

ရွှေပေါ်ကျွန်းမှဆေးဆရာကြီးအဘသိန်းကမူ ငှက်ဖျားသမားများအား တရုတ်စကားခေါက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုပြီး ဆားအနည်းငယ်ဖြင့်တိုက်ပါက ငှက်ဖျားအမြစ်ပြတ်သည်ဟု မိန့်ဖူးသည်။

တရုတ်စကားနှင့်ပတ်သက်ပြီးအခြားဆေးအသုံးများလည်းရှိနေပေးဦးမည်။

စာကိုး

(မြန်မာဆေးဝါးပင်များ)

ရဲမျိုးသူ(ဗောဓိမြိုင်)

ငွက္ဖ်ားအျမစ္ျပတ္သြား သည္ဆိုသည့္ တ႐ုတ္စကားပင္

ငွက္ဖ်ား ရွင္တို႔အတြက္ မွတ္ဖြယ္ကဗ်ာစာတို႔ေလးမွာ ̏တ႐ုတ္စကား၊ အဟုတ္စကားမို႔ေက်ာ္၊ဝိဇၨာေက်ာ္ေဆးေတာ္ေပး၊ ငွက္ဖ်ားေသာ္ေဝးကြာေဘး၊မွတ္သားေနာ္တစ္သက္တာေရး ˝ဟုျဖစ္သည္။

မင္းေခါင္ရွင္ႀကီး ၁၉၁၈ခုႏွစ္ေလာက္က ကခ်င္ျပည္နယ္ နမၼာခ႐ုေခ်ာင္း႐ြာတြင္ ေနစဥ္ကမီးေသြးဖုတ္တဲ့ ကခ်င္လင္မယားကို ငွက္ဖ်ားေတြတက္ေနကာ ႏွစ္ဦးစလုံးအိပ္ရာထဲလဲေန၍ ̏

မင္းတို႔ႏွစ္ေယာက္ကိုမေသေဆးတိုက္မယ္ ˝ဆိုၿပီး တ႐ုတ္စကားေခါက္ကိုခြာကာ ျပဳတ္က်ိဳ၍ဆားအနည္းငယ္ ထည့္သြင္းၿပီးေသာက္ေစခဲ့ရာ ငွက္ဖ်ားအျမစ္ျပတ္သြားသည္ဆိုပါသည္။

ထိုစာမူကို ဝိဇၨာျပခဲ့ေသာ ငွက္ဖ်ားေဆးေတာ္တစ္လက္စာမူျဖင့္ ဂမၻီရဆန္းၾကယ္မဂၢဇင္းတြင္ေဖၚျပၿပီးခဲ့ပါသည္။

တ႐ုတ္စကားပင္၏မ်ိဳးရင္းမွာ ဆယ့္ႏွစ္ရာသီမ်ိဳးရင္းျဖစ္သည္။ ႐ုကၡေဗဒအမည္မွာ Plummeria acutifolia Poir ျဖစ္သည္။

အလြန္ေအးျမေသာေတာင္ေပၚေဒသမွအပ ျမန္မာျပည္အႏွံ႔ေပါက္ေရာက္ပါသည္။

အေစး၊အပြင့္၊အ႐ြက္၊အေခါက္တို႔ကို အသုံးျပဳႏိုင္သည္။စပ္ခါးဖန္၍ပူေသာသတၱိရွိသည္။

ဆီးကို႐ႊင္ေစသည္။သလိပ္ကိုေၾကေစသည္။ႏူနာ၊အနာေပါက္၊ ဝမ္းဗိုက္ ေရာဂါတို႔ကိုေပ်ာက္ကင္းေစသည္။

အသုံးျပဳပုံမ်ား အေစး

အေခါက္ႏွင့္ကိုင္းမွထြက္ေသာ ႏို႔ႏွစ္ေရာင္ေအေစးကို ဝမ္းႏုတ္ေဆးအျဖစ္သုံးသည္။ႏို႔ႏွစ္ေရာင္အေစးသည္ ဝမ္းဗိုက္ေရာင္ေရာဂါ၊ဝမ္းဗိုက္ထိုးေအာင္ေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။

အပြင့္ႏွင့္အ႐ြက္

အ႐ြက္ကိုစားျခင္းျဖင့္လည္းေကာင္း၊မုန႔္ႏွစ္ျဖင့္ေၾကာ္၍လည္းေကာင္း၊စားၾကသည္။အပြင့္ကိုျပဳတ္တို႔ၾကသည္။အ႐ြက္၊အပြင့္ကို မန္က်ည္းရည္ျဖင့္ ျပဳတ္၍သနပ္လက္သုပ္လုပ္စားျခင္းျဖင့္

ဆီးဝမ္းကို႐ႊင္ေစ၍ သလိပ္ေလကို ေၾကေစသည္။

ေ႐ႊေပၚကြၽန္းမွေဆးဆရာႀကီးအဘသိန္းကမူ ငွက္ဖ်ားသမားမ်ားအား တ႐ုတ္စကားေခါက္ကို (၃)ခြက္(၁)ခြက္ျပဳတ္က်ိဳၿပီး ဆားအနည္းငယ္ျဖင့္တိုက္ပါက ငွက္ဖ်ားအျမစ္ျပတ္သည္ဟု မိန႔္ဖူးသည္။

တ႐ုတ္စကားႏွင့္ပတ္သက္ၿပီးအျခားေဆးအသုံးမ်ားလည္းရွိေနေပးဦးမည္။

စာကိုး

(ျမန္မာေဆးဝါးပင္မ်ား)

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)