Knowledge

အချိန်မတော် လာပင့်တဲ့ အသုဘ..

အချိန်မတော် လာပင့်တဲ့ အသုဘ

တနေ့သော ညနေ နေဝင်ရီတရော မီးထွန်းချိန် အသက်သုံးဆယ်အရွယ် လူတစ်ယောက်နှင့် သက်ငါးဆယ်ခန့်ရှိ လူတစ်ယောက်တို့ ဘုန်းကြီးကျောင်းပေါ် တက်လာပြီး ဘုန်းတော်ကြီးအား ဝတ်ချကာ နေကြလေသည်။

ထိုအခါ ဘုန်းတော်ကြီးက ရှေ့၌ထိုင်နေသော ဒကာနှစ်ယောက်ကို အကျိုးအကြောင်းမေးလိုက်သည်။

“တကာတို့ ဘယ်အရပ်က ဘာကိစ္စနဲ့ လာခဲ့တာလဲကွဲ့” ဘုန်းကြီးမေးလိုက်သောအခါ ဒကာ နှစ်ယောက်အနက် အသက်အကြီးဆုံးလူက ဘုန်းကြီးအား လျှောက်ထားသည်

“တပည့်တော်တို့ တရပ်တကျေးမှ ခရီးသွားများ ဖြစ်ကြပါသည် ဘုရား”

“အထက် အညာကနေ အောက်ပြည်အောက်ရွာမှာ အလုပ်အကိုင်ရှာဖွေလုပ်ကြရန် ထွက်လာခဲ့ကြခြင်း ဖြစ်ပါတယ် ဘုရား”

“တပည့်တော်တို့ မိသားစု ငါးစု လှည်းငါးစီနှင့် ခရီးထွက်လာကြရာမှ ဒီရွာမရောက်ခင်ပါလာသော ကလေးလေးတစ်ယောက် နာမကျန်းဖြစ်ပြီး ဆုံးသွားခဲ့ပါတယ်ဘုရား”

“တပည့်တော်တို့မှာလည်း အသိအကျွမ်းမရှိသည့်အတွက် ယခုညတွင်းချင်းပင် သင်္ဂြ ိုဟ်ခြင်း ကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်ချင်ပါသည်ဘုရား”

“အရှင်ဘုရား၏ ကျောင်းအနီးရှိသုဿန်မှာ ကလေးအလောင်းကိုထားရပါသည် အရှင်ဘုရား၊ အသုဘရှုကြွရောက်ပြီး တရားချီးမြင့်ပေးပါရန် လာရောက်လျှောက်ထားခြင်းဖြစ်ပါသည်ဘုရား”

ထိုသို့ အကျိုးအကြောင်းလျှော်စွာလျှောက်ထားလေသဖြင့် ဘုန်းတော်ကြီးလည်း သနားဂရုဏာဖြစ်သွားလေသည်။

“အော် ဖြစ်မှ ဖြစ်ရလေကွယ်၊ တကာကြီးတို့ဖြစ်ချင်တဲ့ ဆန္ဒပြည့်ဝအောင် ဘုန်းကြီးအခုမှပဲ လိုက်ခဲ့ပါမယ်”

ထိုကဲ့သို့ ပြောပြီး ဘုန်းတော်ကြီးလည်း သင်္ကန်းကို ပြင်ရုံ၍ ယပ်တောင်ကိုယူကာ ဘုန်းကြီးကျောင်းသားကို မနှိုးဘဲ လာပင့်သူ တကာနှစ်ယောက်နှင့်အတူ လိုက်သွားလေသည်။

ဘုန်းတော်ကြီးသည် အခြားအရပ်မှ သုဿန်ကျောင်းသို့ ကျောင်းထိုင်သည့်မှာ မကြာသေးပေ။ သုဿန်ကျောင်းဟု ခေါ်ရခြင်းမှာ သုဿန်နဲ့နီးခြင်းကြောင်းဖြစ်သည်။

တကာနှစ်ယောက်က အပူဇောဆိုက်၍ အတူပါလာသော ဘုန်းကြီးကိုပင်စောင့်မခေါ်နိုင်ပဲ ရှေ့မှ သုတ်သုတ်နှင့် ထွက်သွားကြလေသည်။ အသက်’၆၀’ကျော်ပြီဖြစ်သောဘုန်းကြီးလည်း စမ်းတဝါးဝါးနှင့် နောက်မှ လိုက်ခဲ့ရသည်။

မကြာခင် သင်္ချိုင်းအတွင်းသို့ ရောက်ခဲ့သည်။ သင်္ချိုင်းအလယ်တွင် ဇရပ်အိုတဆောင် ရှိနေသည်။ တကာနှစ်ယောက်တို့၏ ပင့်လျှောက်ချက်ကြောင့် မငြင်းဆန်ပဲ လိုက်သွားသော

ဘုန်းတော်ကြီးသည်သုဿန်သို့ ရောက်၍ ဟိုဟို သည်သည်သို့ကြည့်လိုက်ရာ လှည်းငါးစီးကို နွားမဖြုတ်ပဲ လှည်းမှာ ကောက်လျက်အတိုင်း မြင်ကြရသည်။ ဇရပ်အိုအတွင်း မိန်းမယောင်္ကျားတို့သည် ငိုလျက်ရှိနေသည်ကို တွေ့ရသည်။

သူတို့ အားလုံး၏ အလယ်တွင် အသုဘကောင်လေးကို ပုဆိုးဟောင်းတစ်ထည်ခင်းလျက် အပေါ်မှ ပုဆိုးဟောင်းတစ်ထည် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။

ဘုန်းကြီးလည်း အသုဘကောင်လေး၏ ရှေ့နားတွင် ထိုင်လိုက်ကာ “တပည့်တော်တို့မှာ ခရီးသွားများဖြစ်ပါသည်၊ သို့ကြောင့် အရှင်ဘုရားကို လှူစရာငွေကြေး ဝတ္တုအလွယ်တကူမရှိပါသဖြင့်

ဟိုမှာချည်ထားသော နွားပေါက်ကလေးကိုသာ လှူဖွယ်ဝတ္တုအဖြစ် လက်ခံတော်မူပါဘုရား” ထိုကဲ့သို့ လျှောက်ထားလျှောက်လေလျှင်

ဘုန်းတော်ကြီးကလည်း “အေး …အေး လှူလိုက်ပြီဆိုရင်လည်း တကာတို့ ကုသိုလ်ရဖို့အတွက်ဘုန်းကြီးလက်ခံရတာပေါ့”

“အရှင်ဘုရားဆီ နွားကလေးဆွဲခဲ့ရမလားဘုရား”

“အဲဒီမှာပဲ ချည်ထားလိုက်ပါ။ ဘုန်းကြီးပြန်ကြွမှ တကာတစ်ယောက်ကို ကျောင်းကိုသာ လိုက်ပို့ပေးပါ”

အသုဘကောင်လေးနှင့် ဘုန်းကြီးကြားတွင် မီးခွက်တစ်ခု ထွန်းထားသဖြင့် အားလုံးကို ထင်ရှားစွာ မြင်နေရလေသည်။

ထို့နောက် အားလုံးလှုပ်ရှားမှု မရှိတော့မှ ဘုန်းတော်ကြီးကလည်း မျက်လွှာကိုချ။ ယပ်တောင်ကို ကိုင်လျှက် “ကိုင်း…ဘုရားကိုရည်မှန်းပြီး ကန်တော့ကြ ကန်တော့ကြ…”

ဘုန်းတော်ကြီးက တရားစရန် အသုဘရှင်နှင့် ခရီးသွားများကို ယပ်တောင်ကွယ်ရင်းကန်တော့ခိုင်းလေသည်။

ဘုန်းကြီးက ထိုသို့ ကန်တော့ခိုင်းသော်လည်း ဘာသံမှ မကြားသည်နှင့် ဘုန်းတော်ကြီး၏စိတ်တွင် ဒကာ ဒကာမတွေ အသံတိုး၍ ကြားဟန်မတူဟု အတွေးဝင်ကာ အသံကိုမြင့်ပြီး…

“ကန်တော့ကြ ကန်တော့ကြ” ထပ်မံ၍ ပြောပြန်ပြန်လေသည်။ သို့သော် လှုပ်ရှားမှု မကြားရ။ ငြိမ်ချက်သား ကောင်းနေသည်။

ထိုအခါ ဘုန်းတော်ကြီးမှာ ကြက်သီးတဖြန်းဖြန်းထပြီး ခေါင်းနဘမ်းကြီး၍ လာသည်နှင့် ဟိုဟိုသည်သည် ကြည့်လိုက်သောအခါ မီးခွက်နှင့် အသေကောင်လေးမှတပါး…

လှည်းငါးစီးနှင့် လူဟူ၍ တစ်ယောက်မှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ “ဟာ ဘယ်လို ဖြစ်တာလဲ” ထိုမျှသာ ပြောပြီး ယပ်ကိုဆွဲကာ ဇရပ်ကြီးပေါ်မှ ကသောကမျော ကျောင်းသို့ ပြေးလွှာခဲ့လေတော့သည်။

အသက်ကြီးပေမယ့် ကြောက်အားလန့်အား ပြေးလာသော ဘုန်းတော်ကြီးသည် ကျောင်းသို့ ရောက်သောအခါ မျက်စိများ ပြာလာအောင်မောပန်းနေသဖြင့် ကျောင်းတိုင်ကိုမှီကာ ခဏမျှ အမောဖြေနေလိုက်သည်။

အမောပြေမှ ဘုန်းကြီးကျောင်းသားကို နှိုးခေါ်လိုက်ကာ ရေခပ်ခိုင်းပြီး ရေသောက်ရသည်။

တော်တော်လေးကြာ အမောပြေမှ မိမိလက်တွင် စွဲမြဲစွာ ကိုင်ထားသော ယပ်တောင်ကို မြင်လိုက်ရာ ယပ်တောင်မှာ အရွက်မရှိတော့ပဲ အရိုးများသာ ရှိနေသည်ကို တွေ့ရသည်။

တစ်ညလုံး ထိုအဖြစ်ကို တွေးလိုက်မိတိုင်း ထိတ်လန့်ချောက်ချားနေမိသည်။ ဘုန်းတော်ကြီးဖြစ်သော်လည်း တရားရ။ တရားပေါက်နေသည့် ကိုယ်တော်မဟုတ်သေးသဖြင့် ကြောက်စရာရှိလျှင် ကြောက်မိသည်။

အရုဏ်ကျင်း၍ အလင်းသို့ရောက်လာအခါ ညက လှူခဲ့သော နွားကလေးကို သတိရသည်နှင့် စိတ်ကလည်း မကျေမနပ်ဖြစ်လာသည့်အတွက် သုဿန် သို့ သွားရောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့ကြောင့် တစ်ပါးတည်း သုဿန်သို့ထွက်ခဲ့သည်။ သုဿန်သို့သွားရာ လမ်းတစ်လျှောက်တွင် ယပ်တောင်နှင့် သစ်ပင်တို့ ငြိရာ စုတ်ပြတ်ကျန်ခဲ့သော ယပ်တောင်မှ အရွက်များကို တွေ့ရသဖြင့် ပြုံးလိုက်မိသည်။

သုဿန်အတွင်းသို့ ရောက်သောအခါ သစ်ပင်မှာ ချည်ထားသည်ဆိုသော နွားလေးကိုကြည့်လိုက်သည်။

နွားပေါက်လေးကို မတွေ့ရဘဲ ထန်းလက်ဖက်အကြောနှင့် ထိုးထားသော နွားရုပ်ခလေးကို နွယ်ကြိုးနှင့် သစ်ပင်မှာ ချည်ထားသည်ကိုတွေ့ရသည်။

အသုဘကောင်လေးနေရာ၌ ပုတ်သင်ညိုလေးတစ်ကောင် ဖြစ်နေသည်ကို တွေ့ရသည်။

မီးခွက်ထွန်းသော နေရာမှ ပိုးစိမ်းဖြူအသေကောင်လေး ကပ်ထားသည်ကို တွေ့လိုက်သည်။

သို့ကြောင့် ဘုန်းကြီးလည်း အရာရာကို ကြည့်ပြီး ကောက်ချက်ချလိုက်လေသည်။ “အင်း…ညကဟာတွေက လက်စသတ်တော့ ကျတ်တွေပဲ”

“နောက်ကို အချိန်မတော် လာပင့်ရန် ဘယ်လောက်အရေးကြီးကြီး မလိုက်တော့ဘူး” ဟု သံဓိဋ္ဌာန်ချပြီး ကျောင်းသို့ ပြန်ကြွလာခဲ့တော့သည်။

ပြီးပါပြီ

အခ်ိန္မေတာ္ လာပင့္တဲ့ အသုဘ

တေန႔ေသာ ညေန ေနဝင္ရီတေရာ မီးထြန္းခ်ိန္ အသက္သုံးဆယ္အ႐ြယ္ လူတစ္ေယာက္ႏွင့္ သက္ငါးဆယ္ခန႔္ရွိ လူတစ္ေယာက္တို႔ ဘုန္းႀကီးေက်ာင္းေပၚ တက္လာၿပီး ဘုန္းေတာ္ႀကီးအား ဝတ္ခ်ကာ ေနၾကေလသည္။

ထိုအခါ ဘုန္းေတာ္ႀကီးက ေရွ႕၌ထိုင္ေနေသာ ဒကာႏွစ္ေယာက္ကို အက်ိဳးအေၾကာင္းေမးလိုက္သည္။

“တကာတို႔ ဘယ္အရပ္က ဘာကိစၥနဲ႔ လာခဲ့တာလဲကြဲ႕” ဘုန္းႀကီးေမးလိုက္ေသာအခါ ဒကာ ႏွစ္ေယာက္အနက္ အသက္အႀကီးဆုံးလူက ဘုန္းႀကီးအား ေလွ်ာက္ထားသည္။

“တပည့္ေတာ္တို႔ တရပ္တေက်းမွ ခရီးသြားမ်ား ျဖစ္ၾကပါသည္ ဘုရား”

“အထက္ အညာကေန ေအာက္ျပည္ေအာက္႐ြာမွာ အလုပ္အကိုင္ရွာေဖြလုပ္ၾကရန္ ထြက္လာခဲ့ၾကျခင္း ျဖစ္ပါတယ္ ဘုရား”

“တပည့္ေတာ္တို႔ မိသားစု ငါးစု လွည္းငါးစီႏွင့္ ခရီးထြက္လာၾကရာမွ ဒီ႐ြာမေရာက္ခင္ပါလာေသာ ကေလးေလးတစ္ေယာက္ နာမက်န္းျဖစ္ၿပီး ဆုံးသြားခဲ့ပါတယ္ဘုရား”

“တပည့္ေတာ္တို႔မွာလည္း အသိအကြၽမ္းမရွိသည့္အတြက္ ယခုညတြင္းခ်င္းပင္ သျဂၤ ိုဟ္ျခင္း ကိစၥကို ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္ခ်င္ပါသည္ဘုရား”

“အရွင္ဘုရား၏ ေက်ာင္းအနီးရွိသုႆန္မွာ ကေလးအေလာင္းကိုထားရပါသည္ အရွင္ဘုရား၊ အသုဘရႈႂကြေရာက္ၿပီး တရားခ်ီးျမင့္ေပးပါရန္ လာေရာက္ေလွ်ာက္ထားျခင္းျဖစ္ပါသည္ဘုရား”

ထိုသို႔ အက်ိဳးအေၾကာင္းေလွ်ာ္စြာေလွ်ာက္ထားေလသျဖင့္ ဘုန္းေတာ္ႀကီးလည္း သနားဂ႐ုဏာျဖစ္သြားေလသည္။

“ေအာ္ ျဖစ္မွ ျဖစ္ရေလကြယ္၊ တကာႀကီးတို႔ျဖစ္ခ်င္တဲ့ ဆႏၵျပည့္ဝေအာင္ ဘုန္းႀကီးအခုမွပဲ လိုက္ခဲ့ပါမယ္”

ထိုကဲ့သို႔ ေျပာၿပီး ဘုန္းေတာ္ႀကီးလည္း သကၤန္းကို ျပင္႐ုံ၍ ယပ္ေတာင္ကိုယူကာ ဘုန္းႀကီးေက်ာင္းသားကို မႏႈိးဘဲ လာပင့္သူ တကာႏွစ္ေယာက္ႏွင့္အတူ လိုက္သြားေလသည္။

ဘုန္းေတာ္ႀကီးသည္ အျခားအရပ္မွ သုႆန္ေက်ာင္းသို႔ ေက်ာင္းထိုင္သည့္မွာ မၾကာေသးေပ။ သုႆန္ေက်ာင္းဟု ေခၚရျခင္းမွာ သုႆန္နဲ႔နီးျခင္းေၾကာင္းျဖစ္သည္။

တကာႏွစ္ေယာက္က အပူေဇာဆိုက္၍ အတူပါလာေသာ ဘုန္းႀကီးကိုပင္ေစာင့္မေခၚႏိုင္ပဲ ေရွ႕မွ သုတ္သုတ္ႏွင့္ ထြက္သြားၾကေလသည္။ အသက္’၆၀’ေက်ာ္ၿပီျဖစ္ေသာဘုန္းႀကီးလည္း စမ္းတဝါးဝါးႏွင့္ ေနာက္မွ လိုက္ခဲ့ရသည္။

မၾကာခင္ သခ်ႋဳင္းအတြင္းသို႔ ေရာက္ခဲ့သည္။ သခ်ႋဳင္းအလယ္တြင္ ဇရပ္အိုတေဆာင္ ရွိေနသည္။ တကာႏွစ္ေယာက္တို႔၏ ပင့္ေလွ်ာက္ခ်က္ေၾကာင့္ မျငင္းဆန္ပဲ လိုက္သြားေသာ

ဘုန္းေတာ္ႀကီးသည္သုႆန္သို႔ ေရာက္၍ ဟိုဟို သည္သည္သို႔ၾကည့္လိုက္ရာ လွည္းငါးစီးကို ႏြားမျဖဳတ္ပဲ လွည္းမွာ ေကာက္လ်က္အတိုင္း ျမင္ၾကရသည္။ ဇရပ္အိုအတြင္း မိန္းမေယာက်ၤားတို႔သည္ ငိုလ်က္ရွိေနသည္ကို ေတြ႕ရသည္။

သူတို႔ အားလုံး၏ အလယ္တြင္ အသုဘေကာင္ေလးကို ပုဆိုးေဟာင္းတစ္ထည္ခင္းလ်က္ အေပၚမွ ပုဆိုးေဟာင္းတစ္ထည္ ဖုံးအုပ္ထားသည္ကို ေတြ႕ရသည္။

ဘုန္းႀကီးလည္း အသုဘေကာင္ေလး၏ ေရွ႕နားတြင္ ထိုင္လိုက္ကာ “တပည့္ေတာ္တို႔မွာ ခရီးသြားမ်ားျဖစ္ပါသည္၊ သို႔ေၾကာင့္ အရွင္ဘုရားကို လႉစရာေငြေၾကး ဝတၱဳအလြယ္တကူမရွိပါသျဖင့္

ဟိုမွာခ်ည္ထားေသာ ႏြားေပါက္ကေလးကိုသာ လႉဖြယ္ဝတၱဳအျဖစ္ လက္ခံေတာ္မူပါဘုရား” ထိုကဲ့သို႔ ေလွ်ာက္ထားေလွ်ာက္ေလလွ်င္

ဘုန္းေတာ္ႀကီးကလည္း “ေအး …ေအး လႉလိုက္ၿပီဆိုရင္လည္း တကာတို႔ ကုသိုလ္ရဖို႔အတြက္ဘုန္းႀကီးလက္ခံရတာေပါ့”

“အရွင္ဘုရားဆီ ႏြားကေလးဆြဲခဲ့ရမလားဘုရား”

“အဲဒီမွာပဲ ခ်ည္ထားလိုက္ပါ။ ဘုန္းႀကီးျပန္ႂကြမွ တကာတစ္ေယာက္ကို ေက်ာင္းကိုသာ လိုက္ပို႔ေပးပါ”

အသုဘေကာင္ေလးႏွင့္ ဘုန္းႀကီးၾကားတြင္ မီးခြက္တစ္ခု ထြန္းထားသျဖင့္ အားလုံးကို ထင္ရွားစြာ ျမင္ေနရေလသည္။

ထို႔ေနာက္ အားလုံးလႈပ္ရွားမႈ မရွိေတာ့မွ ဘုန္းေတာ္ႀကီးကလည္း မ်က္လႊာကိုခ်။ ယပ္ေတာင္ကို ကိုင္လွ်က္ “ကိုင္း…ဘုရားကိုရည္မွန္းၿပီး ကန္ေတာ့ၾက ကန္ေတာ့ၾက…”

ဘုန္းေတာ္ႀကီးက တရားစရန္ အသုဘရွင္ႏွင့္ ခရီးသြားမ်ားကို ယပ္ေတာင္ကြယ္ရင္းကန္ေတာ့ခိုင္းေလသည္။

ဘုန္းႀကီးက ထိုသို႔ ကန္ေတာ့ခိုင္းေသာ္လည္း ဘာသံမွ မၾကားသည္ႏွင့္ ဘုန္းေတာ္ႀကီး၏စိတ္တြင္ ဒကာ ဒကာမေတြ အသံတိုး၍ ၾကားဟန္မတူဟု အေတြးဝင္ကာ အသံကိုျမင့္ၿပီး…

“ကန္ေတာ့ၾက ကန္ေတာ့ၾက” ထပ္မံ၍ ေျပာျပန္ျပန္ေလသည္။ သို႔ေသာ္ လႈပ္ရွားမႈ မၾကားရ။ ၿငိမ္ခ်က္သား ေကာင္းေနသည္။

ထိုအခါ ဘုန္းေတာ္ႀကီးမွာ ၾကက္သီးတျဖန္းျဖန္းထၿပီး ေခါင္းနဘမ္းႀကီး၍ လာသည္ႏွင့္ ဟိုဟိုသည္သည္ ၾကည့္လိုက္ေသာအခါ မီးခြက္ႏွင့္ အေသေကာင္ေလးမွတပါး…

လွည္းငါးစီးႏွင့္ လူဟူ၍ တစ္ေယာက္မွ မရွိေတာ့သည္ကို ေတြ႕လိုက္ရသည္။ “ဟာ ဘယ္လို ျဖစ္တာလဲ” ထိုမွ်သာ ေျပာၿပီး ယပ္ကိုဆြဲကာ ဇရပ္ႀကီးေပၚမွ ကေသာကေမ်ာ ေက်ာင္းသို႔ ေျပးလႊာခဲ့ေလေတာ့သည္။

အသက္ႀကီးေပမယ့္ ေၾကာက္အားလန႔္အား ေျပးလာေသာ ဘုန္းေတာ္ႀကီးသည္ ေက်ာင္းသို႔ ေရာက္ေသာအခါ မ်က္စိမ်ား ျပာလာေအာင္ေမာပန္းေနသျဖင့္ ေက်ာင္းတိုင္ကိုမွီကာ ခဏမွ် အေမာေျဖေနလိုက္သည္။

အေမာေျပမွ ဘုန္းႀကီးေက်ာင္းသားကို ႏႈိးေခၚလိုက္ကာ ေရခပ္ခိုင္းၿပီး ေရေသာက္ရသည္။

ေတာ္ေတာ္ေလးၾကာ အေမာေျပမွ မိမိလက္တြင္ စြဲၿမဲစြာ ကိုင္ထားေသာ ယပ္ေတာင္ကို ျမင္လိုက္ရာ ယပ္ေတာင္မွာ အ႐ြက္မရွိေတာ့ပဲ အ႐ိုးမ်ားသာ ရွိေနသည္ကို ေတြ႕ရသည္။

တစ္ညလုံး ထိုအျဖစ္ကို ေတြးလိုက္မိတိုင္း ထိတ္လန႔္ေခ်ာက္ခ်ားေနမိသည္။ ဘုန္းေတာ္ႀကီးျဖစ္ေသာ္လည္း တရားရ။ တရားေပါက္ေနသည့္ ကိုယ္ေတာ္မဟုတ္ေသးသျဖင့္ ေၾကာက္စရာရွိလွ်င္ ေၾကာက္မိသည္။

အ႐ုဏ္က်င္း၍ အလင္းသို႔ေရာက္လာအခါ ညက လႉခဲ့ေသာ ႏြားကေလးကို သတိရသည္ႏွင့္ စိတ္ကလည္း မေက်မနပ္ျဖစ္လာသည့္အတြက္ သုႆန္ သို႔ သြားေရာက္ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။

သို႔ေၾကာင့္ တစ္ပါးတည္း သုႆန္သို႔ထြက္ခဲ့သည္။ သုႆန္သို႔သြားရာ လမ္းတစ္ေလွ်ာက္တြင္ ယပ္ေတာင္ႏွင့္ သစ္ပင္တို႔ ၿငိရာ စုတ္ျပတ္က်န္ခဲ့ေသာ ယပ္ေတာင္မွ အ႐ြက္မ်ားကို ေတြ႕ရသျဖင့္ ၿပဳံးလိုက္မိသည္။

သုႆန္အတြင္းသို႔ ေရာက္ေသာအခါ သစ္ပင္မွာ ခ်ည္ထားသည္ဆိုေသာ ႏြားေလးကိုၾကည့္လိုက္သည္။

ႏြားေပါက္ေလးကို မေတြ႕ရဘဲ ထန္းလက္ဖက္အေၾကာႏွင့္ ထိုးထားေသာ ႏြား႐ုပ္ခေလးကို ႏြယ္ႀကိဳးႏွင့္ သစ္ပင္မွာ ခ်ည္ထားသည္ကိုေတြ႕ရသည္။

အသုဘေကာင္ေလးေနရာ၌ ပုတ္သင္ညိဳေလးတစ္ေကာင္ ျဖစ္ေနသည္ကို ေတြ႕ရသည္

မီးခြက္ထြန္းေသာ ေနရာမွ ပိုးစိမ္းျဖဴအေသေကာင္ေလး ကပ္ထားသည္ကို ေတြ႕လိုက္သည္။

သို႔ေၾကာင့္ ဘုန္းႀကီးလည္း အရာရာကို ၾကည့္ၿပီး ေကာက္ခ်က္ခ်လိုက္ေလသည္။ “အင္း…ညကဟာေတြက လက္စသတ္ေတာ့ က်တ္ေတြပဲ”

“ေနာက္ကို အခ်ိန္မေတာ္ လာပင့္ရန္ ဘယ္ေလာက္အေရးႀကီးႀကီး မလိုက္ေတာ့ဘူး” ဟု သံဓိ႒ာန္ခ်ၿပီး ေက်ာင္းသို႔ ျပန္ႂကြလာခဲ့ေတာ့သည္။

ၿပီးပါၿပီ