Knowledge

အသက်ငယ်တုန်းလက်မထပ်သင့်တဲ့အကြောင်းရင်း (၆) ချက်

အသက်ငယ်တုန်းလက်မထပ်သင့်တဲ့အကြောင်းရင်း(၆)ချက်ငယ်ကချစ်အနှစ်တစ်ရာမမေ့သာငယ်ကပေါင်းအနှစ်တစ်သောင်း

မမေ့ကောင်းဆိုတဲ့ဆိုရိုးကိုကြားဖူးကြမှာပါ

မြန်မာဓလေ့မှာငယ်လင်ငယ်မယားဆိုတဲ့အသုံးအနှုန်းလည်း ရှိပါတယ်မြန်မာ့အယူအဆမှာ အသက်ငယ်တုန်းလက်ထပ်တာဟာလည်းကောင်းတယ်ဆိုပြီးပြောစမှတ်ပြုကြပါတယ်

ဒါပေမယ့်ပြောင်းလဲလာတဲ့ ခေတ်မှာအသက်ငယ်တုန်းလက်ထပ်လည်းမကောင်းတော့ပါဘူးအများစုသတ်မှတ်ထားတဲ့ အရွယ်ဟာ၂၆နှစ်ကစပြီးနောက်ပိုင်းမှာလက်ထပ်သင့်တယ်လို့ဆိုပါတယ်1.အဆင်သင့်မဖြစ်သေးအသက်၂၀လောက်မှာ

အိမ်ထောင်ပြုလိုက်တယ်ဆိုပါစို့။မိဘကထောက်ပံ့ပေးနိုင်တဲ့သူများကကိစ္စမရှိပါဘူးကမန်းကတန်းယူလိုက်ရတဲ့လင်မယားများကတော့အခက်တွေ့နိုင်ပါတယ်ငွေကြေးလည်းအဆင်သင့်မဖြစ်သေးသလို နေထိုင်စရာအတွက်လည်း

စိတ်မချရသေးပါဘူး။2.စိတ်ဖိစီးမှုများနိုင်လခထုတ်ပြီးဆိုတာနဲ့အိမ်လခရေမီတာစားစရိတ်သုံးစရိတ်သာရေးနာရေးစတာတွေကိုအမြီးနှုတ်ခေါင်းနှုတ်နဲ့လုံလောက်တဲ့စုဆောင်းငွေကိုရရှိနိုင်မှာမဟုတ်ပါဘူးအရေးပေါ်အခြေအနေမျိုးမှာ

ငွေလိုခဲ့ရင်လည်းခေါင်းပေါ်ကိုအထုပ်ကြီးကြီးပိလာနိုင်ပါတယ်။3.ဘဝအခြေမခိုင်။ငယ်တုန်းမှာတက်လမ်းများများရှာထားပြီးကြိုးစားလိုက်ရင်နောက်ပိုင်းမှာဘာမှစိတ်ပူစရာမလိုတော့ပါဘူးအိမ်ထောင်ရေးကကြားဖြတ်ဝင်လာတဲ့အချိန်မှာ

သင့်ဘဝတိုးတက်ဖို့ကလည်း နှောင့်နှေးသွားမှာဖြစ်ပါတယ်4.ဒေါသဖြစ်လွယ်အရမ်းချစ်လို့ယူထားကြပေမယ့်အဆင်မပြေလို့စိတ်ညစ်ရတဲ့အခါသင့်အိမ်ထောင်ဖက်အပေါ် အပြစ်ပုံချချင်စိတ် ပေါ်လာတတ်ပါတယ်ဖွင့်မပြောဖြစ်ရင်တောင်မှ

သင်ဟာအိမ်ထောင်သည်ဘဝကိုသိပ်မနှစ်သက်တော့ပါဘူး5. သားရေးသမီးရေးကလေးမရှိတဲ့အိမ်ထောင်သည်တွေကစိတ်မပူရပါဘူးအိမ်ရဲ့ရတနာလေးတွေဖြစ်တဲ့ကလေးလေးတွေရလာပြီဆိုရင်ထိန်းဖို့အချိန်မပေးနိုင်တာထိန်းမယ့်သူရှိရင်

တောင်ကလေးရဲ့နောင်ရေးပညာရေးအတွက်ပိုမိုကြိုးစားရှာဖွေရတာတွေ ဖြစ်လာပါပြီ6အိတ်ပေါက်နဲ့ဖားကောက်သင်ကခြေကပ်လက်ကပ်ထားချင်ပေမယ့်စုစရာရယ်လို့ပိုလျှံငွေမရှိတဲ့အခါမှာ ဒုက္ခရောက်နိုင်ပါတယ်ရှေ့ကရှာလိုက်

နောက်က ကုန်လိုက် ဖြစ်နေတာကြောင့်သင့်ဆီမှာအဖတ်တင်တာသိပ်မရှိနိုင်ပါဘူးဆယ်ကျော်သက်အရွယ်မှာအိမ်ထောင်ပြုဖြစ်တာထက်သင့်ဘဝအတွက်တည်ငြိမ်တဲ့လမ်းကြောင်း

တစ်ခုပေါ်ရောက်ပြီးစိတ်မပူရတဲ့အခြေအနေမျိုးမှာလက်ထပ် တာဟာသင့်အတွက်ရောသင့်အိမ်ထောင်ဖက်အတွက်ပါ အကောင်းဆုံးဖြစ်ပါတယ်

Credit

Zawgyi

အသက္ငယ္တုန္းလက္မထပ္သင့္တဲ့အေၾကာင္းရင္း(၆)ခ်က္

အသက္ငယ္တုန္းလက္မထပ္သင့္တဲ့အေၾကာင္းရင္း(၆)ခ်က္ငယ္ကခ်စ္အႏွစ္တစ္ရာမေမ့သာငယ္ကေပါင္းအႏွစ္တစ္ေသာင္းမေမ့ေကာင္းဆိုတဲ့ဆို႐ိုးကိုၾကားဖူးၾကမွာပါ

ျမန္မာဓေလ့မွာငယ္လင္ငယ္မယားဆိုတဲ့အသုံးအႏႈန္းလည္း ရွိပါတယ္ျမန္မာ့အယူအဆမွာ အသက္ငယ္တုန္းလက္ထပ္တာဟာလည္းေကာင္းတယ္ဆိုၿပီးေျပာစမွတ္ျပဳၾကပါတယ္

ဒါေပမယ့္ေျပာင္းလဲလာတဲ့ ေခတ္မွာအသက္ငယ္တုန္းလက္ထပ္လည္းမေကာင္းေတာ့ပါဘူးအမ်ားစုသတ္မွတ္ထားတဲ့ အ႐ြယ္ဟာ၂၆ႏွစ္ကစၿပီးေနာက္ပိုင္းမွာလက္ထပ္သင့္တယ္လို႔ဆိုပါတယ္1.အဆင္သင့္မျဖစ္ေသးအသက္၂၀ေလာက္မွာ

အိမ္ေထာင္ျပဳလိုက္တယ္ဆိုပါစို႔။မိဘကေထာက္ပံ့ေပးႏိုင္တဲ့သူမ်ားကကိစၥမရွိပါဘူးကမန္းကတန္းယူလိုက္ရတဲ့လင္မယားမ်ားကေတာ့အခက္ေတြ႕ႏိုင္ပါတယ္ေငြေၾကးလည္းအဆင္သင့္မျဖစ္ေသးသလို ေနထိုင္စရာအတြက္လည္း

စိတ္မခ်ရေသးပါဘူး။2.စိတ္ဖိစီးမႈမ်ားႏိုင္လခထုတ္ၿပီးဆိုတာနဲ႔အိမ္လခေရမီတာစားစရိတ္သုံးစရိတ္သာေရးနာေရးစတာေတြကိုအၿမီးႏႈတ္ေခါင္းႏႈတ္နဲ႔လုံေလာက္တဲ့စုေဆာင္းေငြကိုရရွိႏိုင္မွာမဟုတ္ပါဘူးအေရးေပၚအေျခအေနမ်ိဳးမွာ

ေငြလိုခဲ့ရင္လည္းေခါင္းေပၚကိုအထုပ္ႀကီးႀကီးပိလာႏိုင္ပါတယ္။3.ဘဝအေျခမခိုင္။ငယ္တုန္းမွာတက္လမ္းမ်ားမ်ားရွာထားၿပီးႀကိဳးစားလိုက္ရင္ေနာက္ပိုင္းမွာဘာမွစိတ္ပူစရာမလိုေတာ့ပါဘူးအိမ္ေထာင္ေရးကၾကားျဖတ္ဝင္လာတဲ့အခ်ိန္မွာ

သင့္ဘဝတိုးတက္ဖို႔ကလည္း ေႏွာင့္ေႏွးသြားမွာျဖစ္ပါတယ္4.ေဒါသျဖစ္လြယ္အရမ္းခ်စ္လို႔ယူထားၾကေပမယ့္အဆင္မေျပလို႔စိတ္ညစ္ရတဲ့အခါသင့္အိမ္ေထာင္ဖက္အေပၚ အျပစ္ပုံခ်ခ်င္စိတ္ ေပၚလာတတ္ပါတယ္ဖြင့္မေျပာျဖစ္ရင္ေတာင္မွ

သင္ဟာအိမ္ေထာင္သည္ဘဝကိုသိပ္မႏွစ္သက္ေတာ့ပါဘူး5. သားေရးသမီးေရးကေလးမရွိတဲ့အိမ္ေထာင္သည္ေတြကစိတ္မပူရပါဘူးအိမ္ရဲ႕ရတနာေလးေတြျဖစ္တဲ့ကေလးေလးေတြရလာၿပီဆိုရင္ထိန္းဖို႔အခ်ိန္မေပးႏိုင္တာထိန္းမယ့္သူရွိရင္

ေတာင္ကေလးရဲ႕ေနာင္ေရးပညာေရးအတြက္ပိုမိုႀကိဳးစားရွာေဖြရတာေတြ ျဖစ္လာပါၿပီ6အိတ္ေပါက္နဲ႔ဖားေကာက္သင္ကေျခကပ္လက္ကပ္ထားခ်င္ေပမယ့္စုစရာရယ္လို႔ပိုလွ်ံေငြမရွိတဲ့အခါမွာ ဒုကၡေရာက္ႏိုင္ပါတယ္ေရွ႕ကရွာလိုက္

ေနာက္က ကုန္လိုက္ ျဖစ္ေနတာေၾကာင့္သင့္ဆီမွာအဖတ္တင္တာသိပ္မရွိႏိုင္ပါဘူးဆယ္ေက်ာ္သက္အ႐ြယ္မွာအိမ္ေထာင္ျပဳျဖစ္တာထက္သင့္ဘဝအတြက္တည္ၿငိမ္တဲ့လမ္းေၾကာင္း

တစ္ခုေပၚေရာက္ၿပီးစိတ္မပူရတဲ့အေျခအေနမ်ိဳးမွာလက္ထပ္ တာဟာသင့္အတြက္ေရာသင့္အိမ္ေထာင္ဖက္အတြက္ပါ အေကာင္းဆုံးျဖစ္ပါတယ္

Credit