Knowledge














Credit to orginal

လေပြေ

unicode

အိမ်ဦးနတ်ဟု ခေါ်ထိုက်သူ (အကုန်လုံးကို ဖတ်စေချင်တယ်)

1…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် ငါ့သဘော ငါ့စကား ငါအမိန့် ငါဖြစ်ချင်တာ ဆိုတာထက် ငါ့တာဝန် ငါ့အလုပ် ငါ့မိသားစု ငါဟာယောက်ျား ဆိုတဲ့စိတ်ရှိသူကိုမှ အိမ်ဦးနတ်လို့ခေါ်တာပါ

2…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် ဘယ်လောက်ပဲအပြင်မှာအဆင်မပြေဖြစ်ခဲ့ ပင်ပန်းခဲ့ပါစေ အပြင်မှာ ဖြစ်ခဲ့သမျှကိစ္စအဝဝကို အပြင်မှာပဲထားခဲ့ပြီးအိမ်ဟာ သူ့စိတ်ပေါက်ကွဲထွက်ရာ နေရာအဖြစ်အသုံးမချသူကိုသာအိမ်ဦးနတ်လို့ခေါ်တာပါ

3…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် ဘယ်လောက်ပဲ ဇနီးမယားနဲ့ဒေါသတကြီးရန်ဖြစ်ထားပါစေကလေးတွေက “ဖေဖေ”လို့ခေါ်လိုက်ရင်”ဟေ”ဆိုတဲ့ အသံနောက္မှာ အပြုံးတွေအလိုလိုပါပြီးသား ဖြစ်နေသူကိုသာအိမ်ဦးနတ်လို့ခေါ်တာပါ

4…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် သားသမီးကို ရိုက်ချင်ရိုက္မယ် ဒါပေမဲ့ ဇနီးမယားကိုထွက်တဲ့ဒေါသကိုသားသမီးဆီပုံချတဲ့ ရိုက်နှက္မှုမျိုးနဲ့ သားသမီးကိုမနာကျင်စေသူကိုသာအိမ်ဦးနတ်လို့ခေါ်တာပါ

5…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် သူရှာတဲ့ဝင်ငွေ နည်းချင်နည်းမယ် များချင်များမယ် ဒါပေမဲ့ သူရှာရသမျှ သူ့ဇနီးလက်ထဲမရောက်ချင်နေသူဘယ်လောက်ရှာရသလဲ သူ့ဇနီးသိစေရမယ် ဇနီးကိုအပ်တဲ့ငွေဟာ အိမ်ဖော်ကိုပေးတဲ့ထမင်းရိတ်ဖိုးထက်တော့သာနေရမယ်လေ

6…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် သူကိုယ်တိုင် စုတ်တီးစုတ်ပြတ်နေချင်နေမယ်သူအရိပ်အောက်က ဇနီးသားသမီးဟာ အများထက္မသာတောင်မလျော့စေရသူသူ့အရိပ်မှီနေတဲ့အတွက် အေးချမ်းနေစေရမယ် ဘာလို့လဲဆိုတော့ သူဟာအားလုံးကို အရိပ်အာဝါသ ပေးနေတဲ့သစ်ပင်ကြီးလိုစိတ်ဓာတ်ပိုင်ရှင်မျိုးကိုသာအိမိဦးနတ်လို့ခေါ်တာပါ

7…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် တစ်စုံတစ်ယောက်ကို မပေါက်ကွဲခဲ့ရသမျှ ဒေါသတွေကို ဇနီးမယားထံပုံချပြီး ပေါက်ကွဲမဲ့သူမျိုးမဟုတ်တာကသူ အိမ်ဦးနတ္လို့ခေါ်တာပါ

8….အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် ဘာပဲလုပ်မယ်စဉ်းစားလိုက်ပါစေသူ့အနောက်က သူ့ကိုမှီခိုနေတဲ့ဘဝ(ဇနီး) သူ့တည်ဆောက်ထားတဲ့ဘဝ(သားသမီး) အဲဒီဘဝတွေကို ပြန်ငှဲ့ကြည့်တတ်သူကိုသာ အိမ်ဦးနတ်လို့ခေါ်တာပါ

9….အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် ကိုယ်လက်တွဲထားတဲ့ ဇနီးမယား ဘယ်လိုကျန်းမာရေးမျိုးမဆိုရင်ဆိုင်ရပါစေဘယ်လိုခန္ဓာကိုယ် အချိုးအစားပြောင်းလဲသွားပါစေအဆုံးစွန် ဒုက္ခိတဖြစ်သွားပါစေအုံး မပစ်ခွာရစ်ပဲ ခန္ဓာကိုယ်သာမကသူ့စိတ်နှလုံးကိုပါ ချစ်နိုင်သူကိုသာအိမ်ဦးနတ်လို့ခေါ်ထိုက်တာပါ

10…အိမ်ဦးနတ်ဟုခေါ်ထိုက်သူသည် ဘယ်လိုလောကဓံမျိုးနဲ့ကြုံပါစေရှောင်မပြေးပဲသူကိုယ်တိုင်ရှေ့မှာ မားမားမတ်မတ်ကြံကြံခံရှိနေသူကိုသာအိမ်ဦးနတ်လို့ခေါ်တာပါ

အလကားနေ မယားယူသားသမီးမွေးပြီးနေနေတိုင်း အိမ်ဦးနတ်လို့အမည်မတွင်ပါဘူး

Credit to orginal

လေပြေ