ဦးကျော်သူလို့ ပြောလိုက်တာနဲ့ အားလုံးရဲ့ စိတ်ထဲမှာ အနုပ ညာ အသိုင်းအဝိုင်းမှာရော လူ့အသိုင်းအဝိုင်းမှာ ဘာမှ အပြစ် ပြောရက်စရာ မရှိလောက်အောင် အရာရာပည့်စုံကောင်းမွန်လွန်းတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်
ဦးကျော်သူနဲ့ ပက်သက်ပြီး လူသိပ်မသိသေးတဲ့ ဂုဏ်ယူစရာဖြစ်ရပ်တစ်ခုကိုလည်း မိတ်ဆွေတစ်ဦးမှ ယခုလို ပြောပြထားပါတယ်။ ဒွိဟဖြစ်မိပါရဲ့ (ပရဟိတဘုရင်ကြီး အလွမ်းပြေ) ကိုရီးယားမှာ ပေါ့ဗျာ။ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ဖြစ်တယ်လို့ကိုရီးယားလို မိတ်ဆက်ပေးတော့ ပြုံးပြလေရဲ့။။
ရုပ်ရှင်လည်း ရိုက်တယ် အသုဘလည်းချတဲ့ ကုသိုလ်ဖြစ်သုဘ ရာဇာလို့လည်း မိတ်ဆက်ပေးရော ပြုံးပြယုံတင် မကတော့ဘူးအတင်းလက်ကို ဆွဲကိုင်ဖက်ပြီး ဓါတ်ပုံ ရိုက်ခိုင်းတော့တာဘဲဗျာ။
တစ်ချို့ဆိုရင် ထမင်းစားပွဲမှာ တကယ့်အဓိက ဧည့်သည်တော်တွေ ထိုင်တဲ့ထိပ်ဆုံးထင်ခုံမှာ နေရာချပေး အရေးကြီးတဲ့ နိုင်ငံ တော် အခမ်းအနားဖွင့်ပွဲမှာ ဖဲကြိုး ဖြတ်ပေးခိုင်းလို့ ခိုင်းနေရာပေးလိုက်ကြတာလေ။ ဒါက လူကြီးကော လူငယ်ကော မိန်းမ ကြီးကော မိန်းမငယ်လေးတွေကောဗျ။
သူဌေးကော ကမ္ဘာကျော် မင်းသားကော ပြည်သူရပ်သားကောဗျ။ အားလုံးက တစ်ပုံစံထဲ ဆက်ဆံမှု တုန့်ပြန်မှုတွေ တစ်ထပ်ထဲဗျာ။ မြန်မာပြည် ဆိုရင်တော့ အရင် ကပေါ့ဗျာ။
မင်းသားပါဆိုတော့ ပြုံးပြီး ဓါတ်ပုံရိုက်ရင်ရိုက် အော်တိုထိုးခိုင်ရင်ထိုးခိုင်ပေါ့။ သုဘရာဇာဆိုတာနဲ့ မျက်နှာပျက်ပြီး နူတ်ခမ်းမဲ့ရွဲ့ဝေးဝေးကို ရှောင်ထွက်သွားလေရဲ့။ ။ဒါဟာ ပြည်ပနိုင်ငံနဲ့ မြန် မာနိုင်ငံရဲ့ မတူညီတဲ့ ဆက်ဆံရေးပေါ့ဗျာ။
အော့် ထေရဝါဒဗုဒ္ဓဘာသာတွေရဲ့ နိုင်ငံမှာ ဘာဖြစ်လိုများ ဒီလောက် အယူသည်းကြပါလိမ့်လို့ ဒွိဟဖြစ်မိပါရဲ့ဗျာ။(ကျော်သူ) ဘယ်များ ရောက်နေပါလိမ့်။ ကိုမောင်၊ မရွှေဇီးကွက် ပရ ဟိတ ဘုရင်ကြီးတွေရေ။ စာဖတ်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေခင်ဗျာ။
ခရက်ဒစ်