Knowledge

သားသမီးတိုင်း ဖတ်ပါ မိဘတွေကို မယုံကြပါနဲ့.

မိဘတွေကို မယုံကြနဲ့မိဘတွေဟာ သားသမီးတွေဆီမှာ စားသောက်တဲ့အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့တစ်ခါမှ မ

တောင်းဆိုဘူးဘူး

ထမင်းစားတဲ့အခါတွေမှာလည်း သူတို့ကြိုက်တဲ့ ဟင်းနဲ့စားနေရတာတောင် ထမင်းမစားရသေးတဲ့သားသမီးတွေရှိသေးတယ်ဆို

ရင်ငါကဒါတော့ မကြိုက်ဘူးဒါတော့ မစားချင်ဘူးလို့ငြင်းဆိုလေ့ရှိတယ်

မယုံကြပါနဲ့ အသက်ကြီးလာရင် အစာအာဟာရဟာပိုပြီး လိုအပ်ပါတယ် အမေရယ် ဒါကို အရင်တုန်းကအမေကြိုက်ပါတယ်လို့ပြောရင်တောင် အရင်က ကြိုက်ပေမဲ့ အခုမကြိုက်တော့ဘူးလို့တောင် ပရိယယ် လုပ်ပြီး ငြင်းဆိုကြလေ့ရှိပါတယ်

သားသမီးများ သတိထားကြည့်ကြပါ ကိုယ့်ရည်းစား ဘာကြိုက်တက်လည်းဆိုတာကို လပိုင်းအတွင်းတောင် လေ့လာနိ ုင်ကြပါတယ်နှစ်ပေါင်းများစွာအတူနေလာခဲ့ကြတဲ့ကိုယ့်မိဘ ဘာကြိုက်တက်လည်းဆိုတာတော့ သားသမီးတိုင်းသိနိင်လောက်ပါတယ်

ဒါ့ကြောင့် သူတို့မကြိုက်ဘူးဆိုလည်း ဇွတ်သာကျွေးကြပါ ပူတဲ့အချိန် သင့်တော်တဲ့အစားအစာအေးတဲ့အချိန်လည်းသင့်တော်တဲ့အစားအစာများကိုသားသမီးတိုင်းက အလိုက်တသိနဲ့ကျွေးနိ ုင်ဖို့ကြိုးစားကြပါ

သူတို့တောင်းဆိုမှ ကိုယ်က ကျွေးရမယ်ဆိုရင်မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာမဟုတ်တော့ပါဘူးဘာ့ကြောင့်လည်းဆို

တော့သူတို့က ဒီတသက် ဘာမှ တောင်းဆိုမှာမဟုတ်လို့ပါပဲ

စီးပွားရေးမပြေလည်တဲ့သားသမီးများရဲ့မိဘများနဲ့သားသမီးကို မှီခိုပြီးစားသောက်နေရတဲ့မိဘများ အတွက်ပိုပြီး ဂရုစိုက်ပေးကြပါကိုယ်ငယ်ငယ်က မိဘတွေအဆင်ပြေပြေမပြေပြေ အားမနာတမ်းတောင်းဆိုခဲ့ပေမဲ့သားသမီးတွေအဆင်မပြေရင်

မိဘတွေကအားနာတက်တယ်ဆိုတာကို အမြဲသတိရကြပါတချို့ကမိဘတွေအတွက် ပူစရာမလိုဘူးဆိူပြီး ဥပေက္ခာပြ ုတက်ကြပါ

တယ် ပြေလည်တဲ့ မိဘတွေလည်းသားသမီးတွေရဲ့သိတက်မှ ု့ကို အမြဲမျှော်လင့်နေတက်တယ်ဆိုတာ သတိရကြပါ

ငယ်ငယ်က သားသမီးချင်းယှဉ်ရင် မျက်နှာမငယ်ရအောင် ဖြည့်ဆည်းပေးတဲ့ မိဘတွေကိုကိုယ့်ကိုမှီခိုတဲ့အချိန်ကျမှမိဘချင်း

ယှဉ်လို့မှကိုယ့်မိဘက မျက်နှာငယ်ရမယ်ဆိုရင်တော့သားသမီးမိုက်စာရင်းထဲကိုပါသွားပါလိမ့်မယ

ဒါ့ကြောင့်သူတို့လိုအပ်ချက်ကို အမြဲတမ်းစောင့်ကြည့်ဖို့လိုအပ်ပါတယ်သူတို့ပြောစကားတွေကို မယုံကြပါနဲ့…။🙏🙏Crd#KK