ၾကားသိရသမွ်











ခရက်ဒစ်

Unicode

ဖိနပ်ဝယ်ဖို့ပိုက်ဆံမရှိပေမဲ့လည်း သူမရဲ့ကိုယ်ပိုင် ‘Nike’ ဖိနပ်လေးနဲ့ အပြေးပြိုင်ပွဲမှာ ရွေတံဆိပ် ၃ ခုအရယူနိုင်ခဲ့တဲ့ ကောင်မလေး

အားကစားဖိနပ်လေးတွေဟာ အတော်အတန်ဈေးကြီးလေ့ရှိကြပါတယ်။ အထူးသဖြင့် နာမည်ကြီးတံဆိပ်တွေနဲ့ အားကစားဖိနပ်တွေဆိုရင်ပေါ့

ထို့ကြောင့် မိသားစုစီးပွားရေး အဆင်မပြေကြတဲ့ တစ်ချို့သောဆယ်ကျော်သက်ကလေးတွေက အဆိုပါဖိနပ်တွေဝယ်စီးဖို့အတွက်ဆိုတာ သူတို့ရဲ့ အိမ်မက်သာသာ ပါပဲ

သို့ပေမဲ့လည်း အားကစားဖိနပ်မပါလည်း ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ပြိုင်ပွဲတွေမှာအနိုင်ရယူနိုင်ကြောင်းကို Facebookစာမျက်နှာတစ်ခုမှာ ဖော်ပြထားခဲ့တဲ့အသက် 11နှစ်အရွယ် ကောင်မလေးတစ်ယောက်က သက်သေပြလိုက်ပါတယ် ။

သူမနဲ့ သက်တူရွယ်တူကလေးတွေက နာမည်ကြီး ၊ နောက်ဆုံးပေါ် အားကစားဖိနပ်တွေနဲ့ အပြေးပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေကြပေမဲ့လည်း ၊ ဖိလစ်ပိုင်နိုင်ငံ ၊

Balasan မှာနေထိုင်တဲ့ Rhea Bullos အမည်ရှိတဲ့သူမမှာတော့ အခြားသူတွေနဲ့ လုံးဝကွဲလွဲခဲ့တဲ့ဖိနပ်မျိုးစီးပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်

အဲတာကတော့ သူမရဲ့ခြေထောက်တွေကို ပတ်တီးတွေနဲ့ ပတ်ပတ်လည်အားကစားဖိနပ်ပုံစံ စည်းနှောင်ပစ်လိုက်ပြီးနောက်ဖိနပ်ရဲ့အရှေ့ဖက်ပိုင်လေးကို ဘောပင်လေးနှင့် ‘Nike ‘ အမှတ်တံဆိပ်ပုံ ရေးဆွဲပြီး အဆိုပါဖိနပ်လေးနဲ့ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ကာ ရွှေတံဆိပ်ဆု 3ခု အနိုင်ရယူနိုင်ခဲ့ပါတယ် ။

သူမဟာ 400m, 800m, 1500m အစရှိတဲ့အပြေးပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုတဲ့သူများဟာ သူမအားအတော်လေးကို အံ့သြချီကျူ းပြီး လေးစားအားပေးချင်စိတ်များ ဖြစ်စေခဲ့ပါတယ်

ထို့အပြင် သူမကိုမေးမြန်းတဲ့ အင်တာဗျူ းတစ်ခုမှာတော့ တစ်ရက်ရက်မှာတော့ သူမဟာဖိလစ်ပိုင်နိုင်ငံရဲ့ကိုယ်စားပြုအားကစားသမားတစ်ယောက်အနေနဲ့လည်း SEA Gamesတွေမှာဝင်ရောက်ယှဉ်ပြိုင်လိုကြောင်းလည်း ဖြေဆိုသွားခဲ့ပါတယ် ။

ခရက်ဒစ်