ဖုန်းရေစိုတဲ့အခါ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေ
ဖုန်းရေစိုတယ်ဆိုတာ ဖုန်းနဲ့မကင်းသူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။ မတော်တဆ ရေထဲကို ပြုတ်ကျတဲ့အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ရဖူးမှာပါ။
တခါလေ အပြင်ထွက်ရာ ထီးမပါလို့ မိုးရေစိုတာတွေ၊ မိုးရေစင်နိုင်တဲ့နေရာမှာ ဖုန်းကို ထားမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရေစိုတဲ့အခါမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလား – ဆန်ဟာ သာမန်အားဖြင့် ရေငွေ့ကို ဖယ်ထုတ်နိုင်တယ်ဆိုတာ မှန်သော်လည်း ထင်ထားသလောက် မမြန်ဆန်ပါဘူး။
ဆန်ထဲကိုဖုန်းကို ထားရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိူးတွေကတော့ ဖုန်းရဲ့အပေါက်မျိုူးစုံကနေ ဆန်ရဲ့အမှုန်တွေ၊ ဆန်ကျိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါဖြင့် ဘာလုပ်ရမလဲ …?
(၂) အရင်ဆုံး လုပ်ရမှာကတော့ ပါဝါကို ပိတ်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းထဲမှာ ရှော့ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
နောက်အခြောက်ခံစက်ကို အရမ်းမပူတဲ့အနေအထားနဲ့ ဖုန်းထဲကရေကို ခြောက်နိုင်သမျှ မြန်မြန်ခြောက်အောင် လုပ်ပေးရပါမယ်။
ဝပ်(၆၀)မီးသီးလိုရှိရင်လည်း အဆင်ပြေပါတယ်။
ဒီနည်းက ဖုန်းထဲကို အမှုန်တွေလည်း မဝင်ပါဘူး။
(၃) နောက် လုပ်သင့်တာကတော့ ဖုန်းရေစိုပြီဆိုတာနဲ့ အရင်ဆုံး ပါဝါပိတ်၊
ယင်းနောက် စက္ကူတစ်ရှုးနဲ့ ရေတွေကို အမြန်ခြောက်အောင်သုတ်တာ ထိရောက်ပါတယ်။
ဘက်ထရီထုတ်လို့ရတဲ့ဖုန်းဆို ပါဝါမပိတ်ခင် ဘက်ထရီကို အမြန်ဖယ်ထုတ်လိုက်တာ ပိုမှန်ပါတယ်။
တစ်ရှုးနဲ့စိမ်ပြေနပြေ ရသလောက်သုတ်ခြင်းအားဖြင့် ဖုန်းအခြောက်ခံတဲ့အခါ မြန်ဆန်စေပါတယ်။
(၄) နောက်တစ်ခု လုပ်သင့်တာကတော့ ဖုန်းထဲကနေ ထုတ်လို့ရတဲ့ အရာမှန်သမျှ ထုတ်ရပါမယ်။
မန်မိုရီကတ်တွေ၊ ဆင်းမ်ကတ်တွေ၊ စသဖြင့် ထုတ်ပြီးနောက်၊ ယင်းတို့ကိုလည်း သီးခြားအခြောက်ခံတာပဲဖြစ်ဖြစ်
ရေစင်အောင် ဂရုတစိုက်သုတ်တာပဲဖြစ်ဖြစ် အရေးတကြီးလုပ်ဆောင်သင့်ပါတယ်။
သတိထားရမှာက တစ်ရှုးအပိုင်းအစတွေ ဖုန်းရဲ့အပေါက်တွေထဲကနေ မဝင်ပါစေနဲ့။
(၅) ဖုန်းခြောက်သွားပြီလို့ အထင်ရှိတဲ့အခါ သင့်အနေနဲ့ ခြောက်သွေ့တဲ့ သဘက်တစ်ခုပေါ်မှာထားပြီး နေရောင်ခပ်ပြပြလေး လှန်းထားသင့်ပါတယ်။
အဲဒီနောက် Air dry နဲ့ ဆယ်မိနစ်တစ်ခါလောက် အပေါ်အောက်လှန်ပြီး မှုတ်ပေးရပါမယ်။ ဖုန်းကို ရေအစိုဓာတ်ကုန်ပြီအထင်နဲ့ ချက်ချင်းပါဝင်မဖွင့်ပါနဲ့။
အနည်းဆုံး (၂၄)နာရီကနေ (၃၆)နာရီ ဒီအတိုင်း Air dry လေးနဲ့ ပုံမှန်နီးပါးလောက် မှုတ်ပေးနေသင့်ပါတယ်။
#လင်းဇော်ကို
Zawgyi
ဖုန္းေရစိုတဲ့အခါ လုပ္မိေလ့ရွိတဲ့ အမွားေတြနဲ႕၊ တကယ္ ျပဳလုပ္သင့္တဲ့ အခ်က္ေတြ
ဖုန္းေရစိုတယ္ဆိုတာ ဖုန္းနဲ႕မကင္းသူတိုင္း ႀကဳံေတြ႕ရေလ့ရွိပါတယ္။ မေတာ္တဆ ေရထဲကို ျပဳတ္က်တဲ့အေလ့အထကို အားလုံးနီးပါး ႀကဳံခဲ့ရဖူးမွာပါ။
တခါေလ အျပင္ထြက္ရာ ထီးမပါလို႔ မိုးေရစိုတာေတြ၊ မိုးေရစင္နိုင္တဲ့ေနရာမွာ ဖုန္းကို ထားမိတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ဖုန္းေရစိုတဲ့အခါမွာ လုပ္မိေလ့ရွိတဲ့ အမွားေတြနဲ႕၊ တကယ္ ျပဳလုပ္သင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေရစိုဖုန္းကို ဆန္ထဲမွာထည့္ထားတာဟာ မွန္သလား – ဆန္ဟာ သာမန္အားျဖင့္ ေရေငြ႕ကို ဖယ္ထုတ္နိုင္တယ္ဆိုတာ မွန္ေသာ္လည္း ထင္ထားသေလာက္ မျမန္ဆန္ပါဘူး။
ဆန္ထဲကိုဖုန္းကို ထားရွိျခင္းရဲ႕ ေဘးထြက္ဆိုးက်ိဴးေတြကေတာ့ ဖုန္းရဲ႕အေပါက္မ်ိဳူးစုံကေန ဆန္ရဲ႕အမႈန္ေတြ၊ ဆန္က်ိဳးေတြ ဝင္လာနိုင္ပါတယ္။ ဒါျဖင့္ ဘာလုပ္ရမလဲ …?
(၂) အရင္ဆုံး လုပ္ရမွာကေတာ့ ပါဝါကို ပိတ္လိုက္ပါ။ ဒီလိုလုပ္ျခင္းအားျဖင့္ အတြင္းထဲမွာ ေရွာ့ျဖစ္တာကို ကာကြယ္ေပးနိုင္ပါတယ္။
ေနာက္အေျခာက္ခံစက္ကို အရမ္းမပူတဲ့အေနအထားနဲ႕ ဖုန္းထဲကေရကို ေျခာက္နိုင္သမွ် ျမန္ျမန္ေျခာက္ေအာင္ လုပ္ေပးရပါမယ္။
ဝပ္(၆၀)မီးသီးလိုရွိရင္လည္း အဆင္ေျပပါတယ္
ဒီနည္းက ဖုန္းထဲကို အမႈန္ေတြလည္း မဝင္ပါဘူး။
(၃) ေနာက္ လုပ္သင့္တာကေတာ့.. ဖုန္းေရစိုၿပီဆိုတာနဲ႕ အရင္ဆုံး ပါဝါပိတ္၊
ယင္းေနာက္ စကၠဴတစ္ရႈးနဲ႕ ေရေတြကို အျမန္ေျခာက္ေအာင္သုတ္တာ ထိေရာက္ပါတယ္။
ဘက္ထရီထုတ္လို႔ရတဲ့ဖုန္းဆို ပါဝါမပိတ္ခင္ ဘက္ထရီကို အျမန္ဖယ္ထုတ္လိုက္တာ ပိုမွန္ပါတယ္။
တစ္ရႈးနဲ႕စိမ္ေျပနေျပ ရသေလာက္သုတ္ျခင္းအားျဖင့္ ဖုန္းအေျခာက္ခံတဲ့အခါ ျမန္ဆန္ေစပါတယ္။
(၄) ေနာက္တစ္ခု လုပ္သင့္တာကေတာ့ ဖုန္းထဲကေန ထုတ္လို႔ရတဲ့ အရာမွန္သမွ် ထုတ္ရပါမယ္။
မန္မိုရီကတ္ေတြ၊ ဆင္းမ္ကတ္ေတြ၊ စသျဖင့္ ထုတ္ၿပီးေနာက္၊ ယင္းတို႔ကိုလည္း သီးျခားအေျခာက္ခံတာပဲျဖစ္ျဖစ္
ေရစင္ေအာင္ ဂ႐ုတစိုက္သုတ္တာပဲျဖစ္ျဖစ္ အေရးတႀကီးလုပ္ေဆာင္သင့္ပါတယ္။
သတိထားရမွာက တစ္ရႈးအပိုင္းအစေတြ ဖုန္းရဲ႕အေပါက္ေတြထဲကေန မဝင္ပါေစနဲ႕။
(၅) ဖုန္းေျခာက္သြားၿပီလို႔ အထင္ရွိတဲ့အခါ သင့္အေနနဲ႕ ေျခာက္ေသြ႕တဲ့ သဘက္တစ္ခုေပၚမွာထားၿပီး ေနေရာင္ခပ္ျပျပေလး လွန္းထားသင့္ပါတယ္။
အဲဒီေနာက္ Air dry နဲ႕ ဆယ္မိနစ္တစ္ခါေလာက္ အေပၚေအာက္လွန္ၿပီး မႈတ္ေပးရပါမယ္။ ဖုန္းကို ေရအစိုဓာတ္ကုန္ၿပီအထင္နဲ႕ ခ်က္ခ်င္းပါဝင္မဖြင့္ပါနဲ႕
အနည္းဆုံး (၂၄)နာရီကေန (၃၆)နာရီ ဒီအတိုင္း Air dry ေလးနဲ႕ ပုံမွန္နီးပါးေလာက္ မႈတ္ေပးေနသင့္ပါတယ္။
#လင္းေဇာ္ကို