သူတို့ရဲ့ နောက်ဆုံးအချိန်မှာ ဖိနပ်တွေ ချွတ်ပြီး ချန်ထားခဲ့တဲ့ အဓိက အကြောင်းရင်း
လူတွေ အဆုံးစီရင်ဖို့ လုပ်ရင် ဘာလို့ဖိနပ်တွေ ချွတ်ခဲ့ကြသလဲ? မိမိကိုယ်ကို အဆုံးစီရင်ခြင်း လုပ်ကြတဲ့အခါ၊ ရေထဲဖြစ်ဖြစ် အမြင့်ကနေ ဖြစ်ဖြစ်ခုန်ချတဲ့အခါ သူတို့ရဲ့ တစ်ကိုယ်ရေပိုင်ဆိုင်မှု ဖိနပ်၊ ဦးထုပ်၊
တချို့ဆို သေတမ်းစာ၊ ဝမ်းနည်းကြောင်းရေးခဲ့တာစာ၊ လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့တာ၊ လိုက်ဗ်လွှင့်တာ အစသဖြင့် တွေ့ဖူးကြမှာပါ။
တဒင်္ဂ စိတ်လွှတ်ပြီး အဆုံးစီရင်တာ၊ အရက် မူးယ-စ်ဆေးဝါး ကြောင့် လည်းဖြစ်နိုင်သလို သေချာအချိန်ယူစဉ်းစားတဲ့ ဆုံးဖြတ်ချက်တွေလည်းရှိပါတယ်။ အဆုံးစီရင်ဖို့ လုပ်တဲ့သူတွေမှာ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေ စဉ်းစားတဲ့အချိန်တွေရှိပါတယ်။
ဆရာဝန်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ရတဲ့အခါ သူ့ရဲ့ အဆုံးစီရင်မှု ရည်ရွယ်ချက် ဘယ်လောက်ဆိုးလဲ၊ အကြိမ်ရေများလား၊ စိတ်လာပြီလား၊ ဘယ်လောက်ထိပြင်းထန်လဲ။ ဘယ်လို အဆုံးစီရင်ဖို့ စဉ်းစားထားလဲ လိုက်မေးရပါတယ်။
သေတမ်းစာရေးခဲ့တာ၊ ရေစပ်၊ တံတားအစွန်းမှာ ဖိနပ်၊ ဦးထုပ်၊ တကိုယ်ရေပိုင်ဆိုင်မှုတွေ ထားခဲ့တာ တွေ့ဖူးကြမှာပါ။
မိမိကိုယ်ကို အဆုံးစီရင်ဖို့ အတွက် သေချာစိတ်ဆုံးဖြတ်ပြင်ဆင်လိုက်တဲ့အနေနဲ့ ရည်ရွယ်ခဲ့တာလို့ သုံးသပ်ရပါတယ်။
အသက်မရှင်ချင်နေတော့တာတောင် တခြားဖြစ်စေချင်တာတွေ ရှိနေသေးတာတော့ ထူးဆန်းပါတယ်။ ဒါပေမယ့် သိစေချင်တာချင်းတော့ တူကြပါတယ်။
သူအရမ်းခံစားနေရပေမယ့် နောက်ဆံတင်းနေကြသေးတာကိုး။ သိစေချင်တဲ့ ရည်ရွယ်ချက်တွေလည်း ကွာကြပါလိမ့်မယ်။
ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အရဆိုရင်တော့ ဂျပန်တို့ ကိုရီးယားတို့လို နိုင်ငံတွေမှာတော့ လက်ရှိဘဝက အညစ်အကြေး အမှိုက်တွေကို နောင်ဘဝအထိ မသယ်သွားချင်တဲ့အတွက်လို့ ဆိုပါတယ်။
မီဒီယာတွေမှာ မြင်ဖူးတဲ့အတိုင်း အဆုံးစီရင်မှု မှန်းသိအောင် ပြချင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
တချို့သီအိုရီတွေမှာတော့ သူတို့သေသွားတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ကို ရှာရ လွယ်အောင်လို့လည်း ဆိုကြပါတယ်။ မိမိကိုယ်ကို မိမိအဆုံးစီရင်သွားမှန်း သိစေချင်တာလည်း ပါပါတယ်။
ခုန်ချခြင်းဖြင့် အဆုံးစီရင်ခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုပဲ အကြောင်းပြချက်တွေ၊ အဓိပ္ပာယ်တွေပဲ ရှိနေပါစေ ဆောင်ရွက်တဲ့တဲ့အခါ အောင်မြင်တာနဲ့ ကျရှုံးတာ ၂ ခုပဲရှိပါတယ်။
အခုလို အရာရာခက်ခဲပြီး ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့နေရတဲ့အခါမှာ မိမိကိုယ်တိုင် စိတ်ကော လူကော ကျန်းမာအောင် ကြံ့ကြံ့ခိုင်နိုင်အောင်ကြိုးစားဖို့ လိုပါတယ်။
ကိုယ်မတတ်နိုင်တော့အခါ နီးစပ်ရာ မိသားစု၊ ဇနီး၊ ခင်ပွန်းဆွေမျိုး၊ မိတ်ဆွေတွေဆီ အကူအညီတောင်းဖို့ မမေ့ပါနဲ့။
စိတ်ပိုင်းဆိုင်ရာ ပညာရှင်၊ စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ ဆက်သွယ်ဖို့ ဝန်မလေးပါနဲ့။ မိမိကိုယ်တိုင်လည်း နေကောင်းနေမှ တခြားသူတွေရဲ့ အကူအညီ လိုအပ်မှုကို ပိုပြီး သတိထားနိုင်၊ အလေးပေးနိုင်မှာပါ။
(မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
သူတို႔ရဲ႕ ေနာက္ဆုံးအခ်ိန္မွာ ဖိနပ္ေတြ ခြၽတ္ၿပီး ခ်န္ထားခဲ့တဲ့ အဓိက အေၾကာင္းရင္း
လူေတြ အဆုံးစီရင္ဖို႔ လုပ္ရင္ ဘာလို႔ဖိနပ္ေတြ ခြၽတ္ခဲ့ၾကသလဲ? မိမိကိုယ္ကို အဆုံးစီရင္ျခင္း လုပ္ၾကတဲ့အခါ၊ ေရထဲျဖစ္ျဖစ္ အျမင့္ကေန ျဖစ္ျဖစ္ခုန္ခ်တဲ့အခါ သူတို႔ရဲ႕ တစ္ကိုယ္ေရပိုင္ဆိုင္မႈ ဖိနပ္၊ ဦးထုပ္၊
တခ်ိဳ႕ဆို ေသတမ္းစာ၊ ဝမ္းနည္းေၾကာင္းေရးခဲ့တာစာ၊ လူမႈကြန္ရက္မွာ ပို႔စ္တင္ခဲ့တာ၊ လိုက္ဗ္လႊင့္တာ အစသျဖင့္ ေတြ႕ဖူးၾကမွာပါ။
တဒဂၤ စိတ္လႊတ္ၿပီး အဆုံးစီရင္တာ၊ အရက္ မူးယ-စ္ေဆးဝါး ေၾကာင့္ လည္းျဖစ္ႏိုင္သလို ေသခ်ာအခ်ိန္ယူစဥ္းစားတဲ့ ဆုံးျဖတ္ခ်က္ေတြလည္းရွိပါတယ္။ အဆုံးစီရင္ဖို႔ လုပ္တဲ့သူေတြမွာ လုပ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ အစီအစဥ္ေတြ စဥ္းစားတဲ့အခ်ိန္ေတြရွိပါတယ္။
ဆရာဝန္တစ္ေယာက္အေနနဲ႔ ဆုံးျဖတ္ရတဲ့အခါ သူ႔ရဲ႕ အဆုံးစီရင္မႈ ရည္႐ြယ္ခ်က္ ဘယ္ေလာက္ဆိုးလဲ၊ အႀကိမ္ေရမ်ားလား၊ စိတ္လာၿပီလား၊ ဘယ္ေလာက္ထိျပင္းထန္လဲ။ ဘယ္လို အဆုံးစီရင္ဖို႔ စဥ္းစားထားလဲ လိုက္ေမးရပါတယ္။
ေသတမ္းစာေရးခဲ့တာ၊ ေရစပ္၊ တံတားအစြန္းမွာ ဖိနပ္၊ ဦးထုပ္၊ တကိုယ္ေရပိုင္ဆိုင္မႈေတြ ထားခဲ့တာ ေတြ႕ဖူးၾကမွာပါ။
မိမိကိုယ္ကို အဆုံးစီရင္ဖို႔ အတြက္ ေသခ်ာစိတ္ဆုံးျဖတ္ျပင္ဆင္လိုက္တဲ့အေနနဲ႔ ရည္႐ြယ္ခဲ့တာလို႔ သုံးသပ္ရပါတယ္။
အသက္မရွင္ခ်င္ေနေတာ့တာေတာင္ တျခားျဖစ္ေစခ်င္တာေတြ ရွိေနေသးတာေတာ့ ထူးဆန္းပါတယ္။ ဒါေပမယ့္ သိေစခ်င္တာခ်င္းေတာ့ တူၾကပါတယ္။
သူအရမ္းခံစားေနရေပမယ့္ ေနာက္ဆံတင္းေနၾကေသးတာကိုး။ သိေစခ်င္တဲ့ ရည္႐ြယ္ခ်က္ေတြလည္း ကြာၾကပါလိမ့္မယ္။
ယဥ္ေက်းမႈ ဓေလ့ထုံးတမ္း အရဆိုရင္ေတာ့ ဂ်ပန္တို႔ ကိုရီးယားတို႔လို ႏိုင္ငံေတြမွာေတာ့ လက္ရွိဘဝက အညစ္အေၾကး အမႈိက္ေတြကို ေနာင္ဘဝအထိ မသယ္သြားခ်င္တဲ့အတြက္လို႔ ဆိုပါတယ္။
မီဒီယာေတြမွာ ျမင္ဖူးတဲ့အတိုင္း အဆုံးစီရင္မႈ မွန္းသိေအာင္ ျပခ်င္တယ္လို႔လည္း သုံးသပ္ၾကပါတယ္။
တခ်ိဳ႕သီအိုရီေတြမွာေတာ့ သူတို႔ေသသြားတဲ့အခါ သူတို႔ရဲ႕ ခႏၶာကိုယ္ကို ရွာရ လြယ္ေအာင္လို႔လည္း ဆိုၾကပါတယ္။ မိမိကိုယ္ကို မိမိအဆုံးစီရင္သြားမွန္း သိေစခ်င္တာလည္း ပါပါတယ္။
ခုန္ခ်ျခင္းျဖင့္ အဆုံးစီရင္ျခင္းရဲ႕ ေနာက္ကြယ္မွာ ဘယ္လိုပဲ အေၾကာင္းျပခ်က္ေတြ၊ အဓိပၸာယ္ေတြပဲ ရွိေနပါေစ ေဆာင္႐ြက္တဲ့တဲ့အခါ ေအာင္ျမင္တာနဲ႔ က်ရႈံးတာ ၂ ခုပဲရွိပါတယ္။
အခုလို အရာရာခက္ခဲၿပီး ဒုကၡမ်ိဳးစုံရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့အခါမွာ မိမိကိုယ္တိုင္ စိတ္ေကာ လူေကာ က်န္းမာေအာင္ ႀကံ့ႀကံ့ခိုင္ႏိုင္ေအာင္ႀကိဳးစားဖို႔ လိုပါတယ္။
ကိုယ္မတတ္ႏိုင္ေတာ့အခါ နီးစပ္ရာ မိသားစု၊ ဇနီး၊ ခင္ပြန္းေဆြမ်ိဳး၊ မိတ္ေဆြေတြဆီ အကူအညီေတာင္းဖို႔ မေမ့ပါနဲ႔။
စိတ္ပိုင္းဆိုင္ရာ ပညာရွင္၊ စိတ္က်န္းမာေရးဆရာဝန္ေတြနဲ႔ ဆက္သြယ္ဖို႔ ဝန္မေလးပါနဲ႔။ မိမိကိုယ္တိုင္လည္း ေနေကာင္းေနမွ တျခားသူေတြရဲ႕ အကူအညီ လိုအပ္မႈကို ပိုၿပီး သတိထားႏိုင္၊ အေလးေပးႏိုင္မွာပါ။
(မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)