Knowledge
လူတိုင်းနီးပါး ခံခဲ့ရဖူးတဲ့ အပြောအဆို ခံရသူများရဲ့ နောက်ကွယ်ကဘဝ ရိုက်ခတ်မှု့များ
အပြောအဆိုခံရသူများရဲ့နောက်ကွယ်
ခဗျားမညှာမတာ ခေါ်လိုက်တဲ့အခြောက်မကြီး တစ်ယောက်ဟာ ခဗျားမသိလိုက်တဲ့အချိန် အခန်းထောင့်မှာကပ်ပြီး ငိုချင်ငိုနေလိမ့်မယ်
ဝက်လို့အခေါ်ခံရတဲ့ တစ်ယောက်ဟာ ခဗျားတို့မသိလိုက်တဲ့အချိန် အစာအငတ်ခံကောင်း အငတ်ခံနေလိမ့်မယ်
မဲသဲနေတာပဲ လို့ အပြောခံရတဲ့ တစ်ယောက်ဟာ ခဗျားတို့မသိလိုက်တဲ့ အခြေအနေမှာစိတ်ကျရောဂါ ဝင်ချင်ဝင်နေလိမ့်မယ်
ဂျပု လို့ခေါ်ခံရသူတယောက်ရဲ့ သူ့ကိုမွေးဖွားပေးခဲ့တဲ့ မိခင်အပေါ် ကွယ်ရာမှာ နာကျည်းနေမှုတွေ.
လူဆိုတာ ဝမ်းနည်း တတ်တယ်။ခံစားတတ်တယ်။ နာကျင်တတ်ပါတယ်။
ဘဝမှာမိဘတွေတောင် အပြစ်မပြောတဲ့ အရာကို တကူးတက လိုက်ကြည့်ပြီးဝေဖန်တတ်တဲ့ အကျင့်လေးကို ဖျောက်ပါ။
လူတစ်ယောက် စီတိုင်းရဲ့နောက်ကွယ်မှာ ဖြစ်ရပ်ကိုယ်စီ ရှိကြတယ်ဆိုတာကို မမြင်ချင်ရင် မျက်လုံးမှိတ်ထားပါ။ဝတာကို မမြင်ချင်ရင် ရှောင်ထွက်သွားပါ။
လူတိုင်းနီးပါး ကြုံတွေ့ဖူးကြမယ့် ဘဝအတွေ့ကြုံတွေထဲမှာ တကြိမ်တခါတော့ အပြောဆိုခံဖူးကြသူတွေ များမှာပါ..
ဘူလီလုပ်ခံရတာ ဘော်ဒီရှိန်းမင်း လုပ်ခံရတာ နှိမ်ချပြောဆိုခံရတာ တခုမဟုတ်တခုတော့ ကြုံဖူးကြမှာပါပဲ
ပြီးပြည့်စုံတဲ့ လူသားဆိုတာ အင်မတန် ရှားပါတယ်…လူတိုင်းမှာ အားနည်းချက် အားသာချက် တခုမဟုတ်တခု ရှိနေကြတာ နားလည်ပေးဖို့ပါပဲ။
ကိုယ့်အပြောအဆိုလေး တစ်ခုဟာ သူတစ်ပါးကို စိတ်အနှောက်အယှက်ဖြစ်စေမယ် ဆိုရင်
သင်ဟာ လူမပီသ သူတစ်ယောက်ဆိုတာသိထားပါ
crd,သော်တာမင်
Zawgyi
crd,သော်တာမင်