အိမ်တစ်ခုလုံးကို ရှေးဟောင်းကြွေပန်းကန်များနှင့် အလှဆင်ပြီး ဆောက်ထားသော အမျိုးသား(ရုပ်သံ)
လူသားတို့တွင် ကိုယ်ပိုင်စိတ်ကူး တီထွင်မှုများသည် တစ်ဦးနှင့်တစ်ဦး မတူဘဲ ဆန်းပြားလျက်ရှိသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ ငုယင်ဘင်ထရွမ် အမည်ရှိသော အသက် ၅၈နှစ်အရွယ် အမျိုးသားသည် လက်သမားဆရာတစ်ဦးဖြစ်ပြီး သူ၏ အိမ်တွင်း အိမ်ပြင် အစအဆုံးကို ကြွေပန်းကန်များနှင့် အလှဆင်ထားခဲ့သည်။
အမျိုးသားသည် လူသားတိုင်းနေ့စဉ် စားသောက်ဖွယ်ရာတွေကို ထည့်စားသည့် ဟင်းလျာပန်းကန်များအား အိမ်တွင်းအလှဆင်ရခြင်းအကြောင်းမှာ မိဘ၏အမွေအနှစ်ဖြစ်သော ရှေးဟောင်း ပစ္စည်းများကို ထိန်းသိမ်းသည့်အနေဖြင့် အခြားသူများ ခိုးယူခြင်းနှင့် ပျောက်ပျက်သွားမည်ကို စိုးရိမ်၍ ယခုလို အကြံထုတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားသည် အိမ်တွင်းအလှဆင်ထားသော ကြွေထည်ပန်းကန်များမှာ တစ်သောင်းနီးပါးရှိပြီး နေရာအနှံ့လှည်လည်ပြီး ဝယ်ယူစုဆောင်းပြီးမှ ဆောက်လုပ်ထားခြင်းဖြစ်သည်။
အမျိုးသားသည် ထိုအိမ်လေးအား သူမရှိတော့သည့်နောက်ပိုင်းတွင်လည်း ရောင်းချခြင်းမပြုရန် သားသမီးများကို မှာကြားခဲ့သေးသည်။
ထိုအိမ်လေးအကြောင်းသည် နိုင်ငံတကာ ပျံ့နှံ့သွားပြီး အချို့က ဟင်းလျာပန်းကန်များအား အိမ်တွင်းအလှဆင်ခြင်းနေရာတွင် မသုံးသင့်ကြောင်း ဝေဖန်ခဲ့ကြသည်။
crd



