International News

ချဲဂဏန်းကောင်းလို့ ရွာလုံးကျွတ်ချဲပေါက်

ချဲဂဏန်းကောင်းလို့ ရွာလုံးကျွတ်ချဲပေါက်

ထိုင်းနိုင်ငံမြောက်ပိုင်းက လန်းပန်းခရိုင်နဲ့ ခရိုင်ချင်းကပ်လျက်ဖြစ်တဲ့ ဖရဲ့ခရိုင်မှာ ဒီအပတ်ထွက်သွားတဲ့ထီနောက်ပိတ် ၃ လုံးဂဏန်းကိုတစ်ရွာလုံးလိုက်ထိုးရာက ရွာလုံးကျွတ်ပေါက်ကြရာ ဒိုင်ကမလျော်နိုင်တော့တာကြောင့်..

ရုန်းရင်းဆံခတ်ဖြစ် ပွားခဲ့ကြောင်းသိရပါတယ်။ရွာလုံးကျွတ်ပေါက်ခဲ့ကြတဲ့ ချဲလျော်ကြေးစုစုပေါင်းဟာ ဘတ်ငွေ ၇၄ သန်းခန့်ထိရှိတယ်လို့သိရပါတယ်။ အဲဒီမှာမှ အချို့ဒိုင်တွေကတော့

ထက်ဝက်လျော်ပေးပေမယ့် ဒိုင်အတော်များများဟာမလျော်နိုင်ကြတာကြောင့် ရွာသားတွေဟာ ချဲဒိုင်တွေရဲ့အိမ်ကိုဝိုင်းထားကြရာမှရဲတွေသွားရောက်ဖြေရှင်းပေးခဲ့ရတယ်လို့သိရပါတယ်..။

ရွာထဲကရွာသားတစ်ဦးဟာ ပါကျဲရိုးကားအသစ်ဝယ်ရာက ကားလိုင်စင်နံပါတ်ကိုလိုက်ထိုးကြတာဖြစ်တယ်လို့သိရပါတယ်။အဲဒီကစပြီး ချဲဂဏန်းဟာစတင်ပျံ့နှံ့ခဲ့ရာက ရွာလုံးကျွတ်ချဲပေါက်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံမှာ ၆ လုံးထီကြီးသာတရားဝင်ဖြစ်ပေမယ့် အနယ်နယ်အရပ်ရပ်မှာ.. ၃ လုံးထီတွေဟာ နယ်မြေခံတွေရဲ့နားလည်မှု့နဲ့ရောင်းချနေကြတာပါ ။

ထိုင်းအစိုးရကတော့ ၃ လုံးထီဖမ်းမိပါက ထောင်ဒဏ် ၃ နှစ်နှင့် ၅ ထောင်ထက်မကျော်တဲ့ ဒဏ်ငွေချမှတ်နိုင်ကြောင်းလည်းဥပဒေထားရှိထားပါတယ်..။

ခ်ဲဂဏန္းေကာင္းလို႔ ႐ြာလုံးကြၽတ္ခ်ဲေပါက္..

ထိုင္းႏိုင္ငံေျမာက္ပိုင္းက လန္းပန္းခ႐ိုင္နဲ႔ ခ႐ိုင္ခ်င္းကပ္လ်က္ျဖစ္တဲ့ ဖရဲ႕ခ႐ိုင္မွာ ဒီအပတ္ထြက္သြားတဲ့ထီေနာက္ပိတ္ ၃ လုံးဂဏန္းကိုတစ္႐ြာလုံးလိုက္ထိုးရာက ႐ြာလုံးကြၽတ္ေပါက္ၾကရာ ဒိုင္ကမေလ်ာ္ႏိုင္ေတာ့တာေၾကာင့္..

႐ုန္းရင္းဆံခတ္ျဖစ္ ပြားခဲ့ေၾကာင္းသိရပါတယ္။႐ြာလုံးကြၽတ္ေပါက္ခဲ့ၾကတဲ့ ခ်ဲေလ်ာ္ေၾကးစုစုေပါင္းဟာ ဘတ္ေငြ ၇၄ သန္းခန႔္ထိရွိတယ္လို႔သိရပါတယ္။ အဲဒီမွာမွ အခ်ိဳ႕ဒိုင္ေတြကေတာ့

ထက္ဝက္ေလ်ာ္ေပးေပမယ့္ ဒိုင္အေတာ္မ်ားမ်ားဟာမေလ်ာ္ႏိုင္ၾကတာေၾကာင့္ ႐ြာသားေတြဟာ ခ်ဲဒိုင္ေတြရဲ႕အိမ္ကိုဝိုင္းထားၾကရာမွရဲေတြသြားေရာက္ေျဖရွင္းေပးခဲ့ရတယ္လို႔သိရပါတယ္။

႐ြာထဲက႐ြာသားတစ္ဦးဟာ ပါက်ဲ႐ိုးကားအသစ္ဝယ္ရာက ကားလိုင္စင္နံပါတ္ကိုလိုက္ထိုးၾကတာျဖစ္တယ္လို႔သိရပါတယ္ ။ အဲဒီကစၿပီး ခ်ဲဂဏန္းဟာစတင္ပ်ံ႕ႏွံ႔ခဲ့ရာက ႐ြာလုံးကြၽတ္ခ်ဲေပါက္ခဲ့ၾကတာပါ။

ထိုင္းႏိုင္ငံမွာ ၆ လုံးထီႀကီးသာတရားဝင္ျဖစ္ေပမယ့္ အနယ္နယ္အရပ္ရပ္မွာ ၃ လုံးထီေတြဟာ နယ္ေျမခံေတြရဲ႕နားလည္မႈ႕နဲ႔ေရာင္းခ်ေနၾကတာပါ။

ထိုင္းအစိုးရကေတာ့ ၃ လုံးထီဖမ္းမိပါက ေထာင္ဒဏ္ ၃ ႏွစ္ႏွင့္ ၅ ေထာင္ထက္မေက်ာ္တဲ့ ဒဏ္ေငြခ်မွတ္ႏိုင္ေၾကာင္းလည္းဥပေဒထားရွိထားပါတယ္။

Credit to Original Writer