၂၀၂၃ခုနှစ် ဖေဖော်၀ါရီလ(၂၄)ရက်သောကြာနေ့ ယနေ့ ပြင်ပစျေးကွက်တွင်းရှိစက်သုံးဆီစျေးနှုန်းများ၊ဒေါ်လာငွေလဲလှယ်နှုန်းများနှင့်ကမ္ဘာ့ရွှေစျေး၊ပြည်တွင်းရွှေစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။
ယနေ့စက်သုံးဆီစျေးနှုန်းများအနေဖြင့်ရန်ကုန် ၉၂ တစ်လီတာ ၂၀၇၅ ကျပ်၊၉၅တစ်လီတာ ၂၁၄၅ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၂၅ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၁၇၅ ကျပ်ဖြစ်ပြီး နေပြည်တော် ၉၂ တစ်လီတာ ၂၁၁၅ ကျပ်၊၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၇၀ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၅၀ကျပ်နှင့်
မန္တလေး ၉၂ တစ်လီတာ ၂၁၂၀ ကျပ်၊၉၅ တစ်လီတာ ၂၁၉၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂၁၇၅ ကျပ်၊ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၂၅၅ ကျပ်ဖြစ်ပြီး ယနေ့ ဓါတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများ ကျပ် ၅၀ ၀န်ကျင်လောက်ပြန်လည်ကျဆင်းလာပါသည်။ဒေါ်လာစျေးများအနေဖြင့်-
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2860 ကျပ်၊ Sell – 2870 ကျပ်
စင်ကာပူဒေါ်လာ -buy 2140 ကျပ်၊ Sell -2165ကျပ်
ဂျပန်ယန်း – buy 21.40 ကျပ်၊ Sell 22.30 ကျပ်
ယူရို – buy 3040 ကျပ်၊ Sell 3065 ကျပ်
ထိုင်းဘတ်ငွေ – buy 83.70 ကျပ်၊ Sell 84.70 ကျပ်
တရုတ်ယွမ် -buy 410 ကျပ်၊ Sell 418 ကျပ်
မလေးရှားရင်ဂစ် -buy 650 ကျပ်၊Sell 665 ကျပ်
အင်္ဂလန် ပေါင် – buy 3500 ကျပ်၊ Sell 3650 ကျပ်ဖြစ်ကြောင်းသိရှိရပါသည်
ယနေ့ ကမ္ဘာ့ရွှေစျေး မှာတစ်အောင်စလျှင် 1826 US ဒေါ်လာဖြင့်စျေးစဖွင့်ပြီး ဖေဖော်ဝါရီ(၂3)ရက်နေ့ညနေပိုင်းတွင်တစ်အောင်စလျှင် 1829 US ဒေါ်လာဖြင့်စျေးပိတ်သွားကြောင်းသိရှိရပါသည်။YGEA အသင်းမှထုတ်ပြန်သည့်ရည်ညွှန်စျေးမနက်(၁၀:၀၀)နာရီအချိန်တွင်အခေါက်ရွှေတစ်ကျပ်သား ၂၁၅၁၂၀၀/- ကျပ်ဖြင့်စျေးဖွင့်ပြီး
ယနေ့ ပြင်ပစျေးကွက်အတွင်းရှိ ပြည်တွင်းရွှေစျေးနှုန်းများမှာ မနက်(၀၉:၃၀)နာရီအချိန်တွင်တစ်ကျပ်သားလျှင်အခေါက်ရွှေ ရောင်းစျေး -၂၈၆၅၀၀၀/-ကျပ်၊ ဝယ်စျေး ၂၈၆၀၀၀၀/- ကျပ်နှင့်၁၅ပဲရည် ရွှေစျေး ၂၆၈၀၀၀၀/-ကျပ်ဖြင့်စျေးဖွင့်ကြောင်းသိရှိရပါသည်။
ဖေဖော်၀ါရီလ (၂၃)ရက်နေ့ညနေပိုင်းစျေးအပိတ်တွင်အခေါက်ရွှေတစ်ကျပ်သားလျှင် ရန်ကုန်စျေးရောင်းစျေး ၂၈၅၈၀၀၀/- ကျပ်၊ဝယ်စျေး ၂၈၅၃၀၀၀/- ကျပ်ဖြင့်စျေးပိတ်ပြီးအမေရိကန် တစ်ဒေါ်လာ sell 2875 ကျပ်၊ buy 2860 ကျပ်ဖြင့်စျေးကွက်ပိတ်သွားပါသည်။
အထက်ပါဖော်ပြထားသောစျေးနှုန်းများမှာကြားသိရှိရသမျှ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်။ အရောင်းအဝယ်မလုပ်ပါ။အချိန်နှင့်အမျှ စျေးနှုန်းပြောင်းလဲနိုင်ပါသည်။