အဖြစ်များနေတဲ့အဖျားအတွက် မွန်ပြည်နယ်မှာအသုံးများနေတဲ့ ဆေးနည်းလေးတွေ ပြောပြပါမယ် ။
တော်တော်များများလည်းသိပြီးဖြစ်မယ်ထင်ပါတယ်။မသိသေးတဲ့သူတွေသုံးစွဲနိုင်အောင်မေတ္တာဖြင့်မျှဝေပေးလိုက်ပါတယ် ။
ချောင်းဆိုးခြင်း၊ချွဲကြပ်ခြင်း၊ချမ်းစိမ့်စိမ့်ဖြစ်ခြင်းအတွက်
ဆေးနည်းက
ရှောက်ရည် ၁ဆ
ပျားရည် ၁ဆ
အရက် ၁ဆအားလုံးဆတူစပ်ပြီးတခါသောက်ထမင်းစားဇွန်းတစ်ဇွန်းခန့် ချွဲကြပ်ခြင်း၊ကိုက်ခဲခြင်း၊ဖျားခြင်း၊
ချောင်းဆိုးခြင်းရောဂါလက္ခဏာတွေဖြစ်တဲ့အချိန်မှသောက်ကြပါတယ်။ချောင်းဆိုးချွဲကြပ်ဖြစ်တိုင်းသောက်ပါတယ်။
အရက်ပါပေမယ့်ဆတူသေချာစပ်တဲ့အတွက်မူးယစ်ခြင်းမရှိပါ။ရှောက်ရည်ပါလို့ဝမ်းပျော့ဝမ်းသက်တတ်ပါတယ်။
ဒီအခါရေနွေးကြမ်းနွေးနွေးလေးများများသောက်ပေးရင်ဝမ်းမသက်တော့ပါဘူး။
ချွဲကြပ်မောတတ်ခြင်းအတွက်
ခွေးတောက်ရွက်ကိုရှုကြပါတယ်။ပြီးတော့ေခွးတောက်ရွက်ကိုခေါင်းအုံးထဲမှာလည်းထည့်ပြီးအိပ်ကြပါတယ်။ခွေးတောက်ရွက်၊ပင်စိမ်းရွက်၊လေးညှင်းပွင့်ကိုပရုပ်အနဲငယ်မျှသာ၊မင်သော်အနဲငယ်မျှသာလေလုံတဲ့ဘူးထဲထည့်ပြီးရှုဆေးအဖြစ်ရှုကြပါတယ်။
4-7-8အသက်ရှုလေ့ကျင့်ခန်းလည်းတစ်နေ့၃ကြိမ်ခန့်ပြုလုပ်ကြပါတယ် ။
ဝမ်းသွားခြင်းအတွက်
အဖျားလက္ခဏာအရဝမ်းသွားသူများကတော့နနွင်းမှုန့်ကိုမီးအနဲငယ်နဲ့လှော်ပြီးထမင်းစားဇွန်းခန့်ရေနွေးြကမ်းလေးနဲ့သောက်ပေးရင်ဝမ်းပိတ်သွားကြတာပါ
အသက်ရှုမဝကိုက်ခဲညောင်းညာခြင်းအတွက်ကိုက်ခဲညောင်းညာ အသက်ရှုမကောင်းသူတွေကတစ်နေ့၂ြကိမ် ရေနွေးထဲဆား၊နနွင်းထည့်ပြီးအငွေ့ရှုကြပါတယ်။
တကိုယ်လုံးပေါင်းချွေးထုတ်တာတစ်ပါတ်၂ကြိမ်လောက်ပြုလုပ်ကြပါတယ်။ကျောရင်အောင့်ခြင်းအတွက်
မုန်ညှင်းဆီလိမ်းပြီးကွမ်းရွက်ကပ်ပေးပါတယ်။ကျောကိုလက်ခုပ်လေးအုပ်ပြီးပုတ်ပေးရပါတယ်။လက်ပြင်ကြောတလျောက်အသာနိှပ်ပေးကြပါတယ်။ဒဏ်ကြေလိမ်းဆေးတွေလည်းလိမ်းပေးကြပါတယ် ။
ကျန်းမာချမ်းသာပြည့်ဝပါစေ ။
Zawgyi
ဆေးနည်းက
ရှောက်ရည် ၁ဆ
ပျားရည် ၁ဆ
ဝမ်းသွားခြင်းအတွက်
အဖျားလက္ခဏာအရဝမ်းသွားသူများကတော့နနွင်းမှုန့်ကိုမီးအနဲငယ်နဲ့လှော်ပြီးထမင်းစားဇွန်းခန့်ရေနွေးကြမ်းလေးနဲ့သောက်ပေးရင်ဝမ်းပိတ်သွားကြတာပါ ။
အသက်ရှုမဝကိုက်ခဲညောင်းညာခြင်းအတွက်ကိုက်ခဲညောင်းညာ အသက်ရှုမကောင်းသူတွေကတစ်နေ့၂ကြိမ် ရေနွေးထဲဆား၊နနွင်းထည့်ပြီးအငွေ့ရှုကြပါတယ်။
တကိုယ်လုံးပေါင်းချွေးထုတ်တာတစ်ပါတ်၂ကြိမ်လောက်ပြုလုပ်ကြပါတယ်ကျောရင်အောင့်ခြင်းအတွက်