ဒါကို (၃) ညလိမ်းအိပ်ပါ သုံးရက်မြောက်နေ့မှာ မင်းသမီးလေးတစ်ပါးရဲ့ အသားအရေ ပိုင်ဆိုင်ပါလိမ့်မယ် !!!
ဒီတစ်ခေါက်မှာတော့ သုံးည လိမ်းရုံနဲ့ မင်းသမီးလေးတစ်ပါးလို တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်စေမယ့် နည်းလမ်းလေးကို ပြောပြချင်ပါတယ်။
ဒါကတော့ Vitamin E ကို အဓိကသုံးပြီး အသားအရေထိန်းသိမ်းတာပါ။မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအလှကို အားလုံးလိုချင်ကြမှာပါ။
မင်းသမီးလေးရဲ့ အသားအရေမျိုး လိုချင်နေသူ ကောင်မလေးတွေအတွက် နည်းလမ်းလေးကတော့ ဒီလိုပါ။
လိုအပ်တဲ့ပစ္စည်းတွေကတော့
ရှားစောင်းလတ်ပတ်ဂျယ်
နှင်းဆီရေ
ဗာဒီစေ့အဆီ သို့ သံလွင်ဆီ
ဗီတာမင် အီး
သန့်ရှင်းတဲ့ခွက်တစ်ခွက်ထဲမှာ ရှားစောင်းလက်ပတ်ဂျယ် လဘရည်ဇွန်း ၂ ဇွန်းထည့်ပါ။
ဒီထဲကို နှင်းဆီရေ လဘရည်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။
အရည်ကြည်ပုံစံရတဲ့အထိ သေချာမွှေပေးပါ။ ဒီအရောထဲကို ဗီတာမင်အီး ဆေးနှစ်လုံးဖောက်ပြီး ထည့်ပေးပါ။
ဗီတာမင်အီး 400 mg ပါဝင်တဲ့ ဆေးကို အကြံပေးချင်ပါတယ်။
ဒီအရောထဲကို သံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့အဆီ လဘရည်ဇွန်းအနည်းငယ်ကို ထည့်ပါ။
ပါဝင်ပစ္စည်းအားလုံးကို သေချာရောပြီး သန့်ရှင်းတဲ့ပုလင်းတစ်လုံးထဲမှာထည့်ပါ။
ဒီအရည်ကို ညဘက်မျက်နှာသစ်ပြီးနောက် လိမ်းပေးပါ။ မိနစ်အနည်းငယ် မျက်နှာကို ငြင်သာစွာ နှိပ်နယ်ပေးပါ။
နှင်းဆီရေပြုလုပ်ပုံ
နှင်းဆီရေကို ဈေးကွက်ထဲမှာဝယ်ယူနိုင်သလို အိမ်မှာလည်း ပြုလုပ်နိုင်ပါတယ်။
နှင်းဆီပန်း တစ်ပွင့် ဒါမှမဟုတ် နှစ်ပွင့်လောက်ကို ပွင့်ဖတ်ခြွှပေါ။
ဒီအချိန်မှာ ရေသန့်ကို အိုးတစ်လုံးထဲထည့်ပြီး ကျိုထားပါ။
ရေနွေးဆူတဲ့အချိန်မှာ နှင်းဆီပွင့်ဖတ်ကိုထည့်ပေးပါ။ နှင်းဆီအရည်တွေ ထွက်လာတဲ့အထိ မွှေပေးပါ။
နောက်ဆုံးနှင်းဆီပွင့်ဖတ်တွေ အရောင်မရှိတော့တဲ့အချိန်မှာ ပွင့်ဖတ်တွေကို စစ်ချပြီး နှင်းဆီရည်ကို သုံးနိုင်ပါပြီ။
ပျိုမေတို့အားလုံး မင်းသမီးလေးတစ်ပါးရဲ့ အသားအရေလို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။
Credit ~ my style



