Knowledge

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ငွေစုနည်းဗျူဟာ

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ငွေစုနည်းဗျူဟာ

ဆရာဖေမြင့်ရဲ့ ..ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာလူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက်ရှိပါတယ်..။”

အဲ့တာဘာလဲဆိုတော့ ..” ငါရတဲ့ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်စေရမည်တဲ့ “ကျွန် တော်တို့ဝင်ငွေက ကျွန်တော်တို့ကိုယ်ပိုင်ဟုတ်ပါရဲ့လား ..စာထဲမှာညွှန်းဆိုထားတာကတော့ .. မင်းအဝတ်ထည်တွေရဖို့ အပ်ချူပ်သမားကို ပိုက်ဆံမပေးရဘူးလား ,

ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရဘူးလား , အဲ့လိုပဲ အစားသောက်တွေအတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား , ပြီးခဲ့တဲ့လက ရတဲ့မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြားကျန်သလဲ , ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရတဲ့ငွေကော ဘယ်မလဲ မရှိဘူးမို့လား ,

တကယ်တော့ မင်းကိုယ်မင်းကလွဲပြီးလူတစ်ကာကို ပိုက်ဆံတွေပေးနေခဲ့တာပါတဲ့ ..အဲ့လိုမဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စုဆောင်းခဲ့မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ မင်းဟာ ဘယ်လောက်ချမ်းသာနေမလဲ ..?

” အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်းဖြစ်တဲ့ ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်ရမည် ” ဆိုတာ ကိုယ်ဝင်ငွေတွေကို ဝင်သလောက်သုံးမပြစ်ပဲ ဆယ်ပုံတစ်ပုံလောက်ကို စုဆောင်းထားဖို့ပဲဖြစ်ပါတယ် ..

အဲ့လို စုဆောင်းထားတဲ့ တစ်ဆင့်မှာပဲ မပြီးပဲ “ကိုယ်စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်မဲ့ ကျေးကျွန်တွေဖြစ်ရမယ် “တစ်နည်းအားဖြင့်စုဆောင်းရုံနဲ့မပြီးဘူး ပြန် လည်ရင်းနှီးပြီးခိုင်းစေရမယ် ။

အဲ့ကျေးကျွန်ငွေသားတွေကနေ တစ်ဆင့်နောက်ထပ် အစွယ်ဖွားသားသမီးတွေ မွေးနိုင်အောင် လုပ် ဆောင်ရမယ်တဲ့ ..မင်းဟာချမ်းသာချင်တဲ့လူဆိုရင် မင်းစုဆောင်းသမျှကို တိုးပွားအောင်လုပ်ရပါမယ်တဲ့ ..

ဒါကြောင့် ချမ်းသာချင်တဲ့လူတစ်ယောက်အနေ နဲ့ ပထမဆုံး လိုက်နာကျင့်သုံးရမယ့် အချက်ဟာ ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ကိုယ့်အတွက်ပြန်လည်စုဆောင်းဖို့ပဲ ဖြစ်ပါတယ် ..။ ကိုးကား- ဆရာကြီးဖေမြင့်ရဲ့စာအုပ်ထဲမှ

Zawgyi

ေဘဘီလုံမွာ အခ်မ္းသာဆုံးပုဂၢိုလ္ရဲ႕ ေငြစုနည္းဗ်ဴဟာ

ဆရာေဖျမင့္ရဲ႕ ..ေဘဘီလုံမွာ အခ်မ္းသာဆုံးပုဂၢိုလ္ စာအုပ္ထဲမွာလူတစ္ေယာက္အေန နဲ႕ ခ်မ္းသာခ်င္ရင္ ပထမဆုံး လိုက္နာ က်င့္သုံးရမဲ့ တစ္ခ်က္ရွိပါတယ္..။

အဲ့တာဘာလဲဆိုေတာ့ ..” ငါရတဲ့ဝင္ေငြရဲ႕တစ္စိတ္တစ္ပိုင္းသည္ ငါ့အတြက္ကိုယ္ပိုင္ ဥစၥာျဖစ္ေစရမည္တဲ့ “ကြၽန္ ေတာ္တို႔ဝင္ေငြက ကြၽန္ေတာ္တို႔ကိုယ္ပိုင္ဟုတ္ပါရဲ႕လား ..စာထဲမွာၫႊန္းဆိုထားတာကေတာ့ .. မင္းအဝတ္ထည္ေတြရဖို႔ အပ္ခ်ဴပ္သမားကို ပိုက္ဆံမေပးရဘူးလား ,

ဖိနပ္စီးဖို႔ ဖိနပ္ခ်ဴပ္သမားကို ေငြမေပးရဘူးလား , အဲ့လိုပဲ အစားေသာက္ေတြအတြက္ေကာ ေဘဘီလုံၿမိဳ႕မွာ မင္းပိုက္ဆံကို မသုံးရဘူးလား , ၿပီးခဲ့တဲ့လက ရတဲ့မင္းရဲ႕ဝင္ေငြ ဘယ္ႏွစ္ျပားက်န္သလဲ , ၿပီးခဲ့တဲ့ တစ္ႏွစ္လုံးက ရတဲ့ေငြေကာ ဘယ္မလဲ မရွိဘူးမို႔လား ,

တကယ္ေတာ့ မင္းကိုယ္မင္းကလြဲၿပီးလူတစ္ကာကို ပိုက္ဆံေတြေပးေနခဲ့တာပါတဲ့ ..အဲ့လိုမဟုတ္ပဲ မင္းရလာတဲ့ ဝင္ေငြရဲ႕ ဆယ္ပုံတစ္ပုံကို စုေဆာင္းခဲ့မယ္ဆိုရင္ ဆယ္ႏွစ္အတြင္းမွာ မင္းဟာ ဘယ္ေလာက္ခ်မ္းသာေနမလဲ ..?

” အဓိက ဒီစာပိုဒ္ေလးရဲ႕ ဆိုလိုရင္းျဖစ္တဲ့ ငါရတဲ့ဝင္ေငြရဲ႕ တစ္စိတ္တစ္ပိုင္းဟာ ငါ့အတြက္ကိုယ္ပိုင္ ဥစၥာျဖစ္ရမည္ ” ဆိုတာ ကိုယ္ဝင္ေငြေတြကို ဝင္သေလာက္သုံးမျပစ္ပဲ ဆယ္ပုံတစ္ပုံေလာက္ကို စုေဆာင္းထားဖို႔ပဲျဖစ္ပါတယ္ ..”

အဲ့လို စုေဆာင္းထားတဲ့ တစ္ဆင့္မွာပဲ မၿပီးပဲ “ကိုယ္စုထားတဲ့ ေငြတိုင္းဟာ ကိုယ့္အတြက္ အလုပ္လုပ္ေပးနိုင္မဲ့ ေက်းကြၽန္ေတြျဖစ္ရမယ္ “တစ္နည္းအားျဖင့္စုေဆာင္း႐ုံနဲ႕မၿပီးဘူး ျပန္ လည္ရင္းႏွီးၿပီးခိုင္းေစရမယ္ ။

အဲ့ေက်းကြၽန္ေငြသားေတြကေန တစ္ဆင့္ေနာက္ထပ္ အစြယ္ဖြားသားသမီးေတြ ေမြးနိုင္ေအာင္ လုပ္ ေဆာင္ရမယ္တဲ့ ..မင္းဟာခ်မ္းသာခ်င္တဲ့လူဆိုရင္ မင္းစုေဆာင္းသမွ်ကို တိုးပြားေအာင္လုပ္ရပါမယ္တဲ့ ..

ဒါေၾကာင့္ ခ်မ္းသာခ်င္တဲ့လူတစ္ေယာက္အေန နဲ႕ ပထမဆုံး လိုက္နာက်င့္သုံးရမယ့္ အခ်က္ဟာ ကိုယ္ဝင္ေငြရဲ႕ ဆယ္ပုံတစ္ပုံကို ကိုယ့္အတြက္ျပန္လည္စုေဆာင္းဖို႔ပဲ ျဖစ္ပါတယ္ ..။ ကိုးကား- ဆရာႀကီးေဖျမင့္ရဲ႕စာအုပ္ထဲမွ”