Knowledge

အိမ်ငှားထားမယ်၊ အိမ်ငှားနေမယ်ဆိုရင် ဒါလေးတွေ မဖြစ်မနေသိထားပါ

အိမ်ရှင် အိမ်ငှားနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ..

အိမ်ရှင်နှင့် အိမ်ငှားတို့သည် ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို လိုက်နာကြရပါမည်။ ယင်း ဥပဒေ ပေါ်ပေါက်လာပုံမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံ ၊ မြို့ကြီးများရှိ

အိုးအိမ်အတော် များများ ပျက်စီးသဖြင့် အငှားချထားနိုင်သည့် ဥပစာများရှားပါးမှုကြောင့် အဆမတန်တက်ခဲ့သဖြင့် ၁၉၄၈ ခုနှစ်မြို့ပြ ၏ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေကို ယာယီဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပါသည်။

၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် ယင်းဥပဒေမှ အငှားချထားခြင်း ကိစ္စများအား ကင်းလွတ်ခွင့်ပြုခဲ့သဖြင့် အိမ်ရှင်များအဖို့ ပစ္စည်း လွှဲပြောင်းခြင်းအက်ဥပဒေပါ အခွင့်အရေးပြန်လည်ရရှိသော

ခေါင်းထောင်လာပြန်သဖြင့် ၁၉၆၀ ပြည့်နှစ် မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ၏အက်ဥပဒေကို (၄-၅-၁၉၆၀) တွင် ပြဋ္ဌာန်းပြီး ယနေ့တိုင် ကျင့်သုံးလျက် ရှိပါသည်။

အိမ်ရှင်

ပုဒ်မ ၂ (ဂ)တွင် မိမိအတွက်ဖြစ်စေ သူတစ်ပါးအတွက်ဖြစ်စေ၊ သူတစ်ပါးကိုယ်စားဖြစ်စေ သူတစ်ပါး၏ အကျိုး အတွက်ဖြစ်စေ သူတစ်ပါး၏ ယုံမှတ်အပ်နှံခံရသူ ( သို့တည်းမဟုတ်) အုပ်ထိန်းသူ (သို့တည်းမဟုတ်) တွင် မိမိ အတွက်ဖြစ်စေ သူတစ်ပါးအတွက်ဖြစ်စေ၊ သူတစ်ပါးကိုယ်စားဖြစ်စေ သူတစ်ပါး၏ အကျိုးအတွက်ဖြစ်စေ

သူတစ်ပါး၏ ယုံမှတ်အပ်နှံခံရသူ ( သို့တည်းမဟုတ်) အုပ်ထိန်းသူ (သို့တည်းမဟုတ်) ပစ္စည်းထိန်း အနေနှင့် ဖြစ်စေ ဥပစာတစ်ခုခုနှင့် စပ်လျဉ်း၍ ဖြစ်စေ အခါအားလျော်စွာ ငှားရမ်းခကို ရထိုက်ခွင့်ရှိသော ( သို့တည်း မဟုတ်) ဥပစာကို

အိမ်ငှားအား အငှားချထားလျှင် ငှားရမ်းခကို ထိုသို့ရရှိမည်ဖြစ်သော ( သို့တည်းမဟုတ်) ရထိုက်ခွင့် ရှိသောသူကို ဆိုလိုသည်။ ထိုစကားရပ်တွင် တရားမကျင့်ထုံး ကိုဓဥပဒေတွင် အဓိပ္ပာယ်ဖော်ပြ ထားသည့်

တရားဝင် ကိုယ်စားလှယ်လည်းကောင်း ဥပစာ တစ်ခုခုကို တစ်ဆင့်အငှားချထားသော အိမ်ငှား လည်းကောင်း အခါအားလျော်စွာ အိမ်ရှင်မှတစ်ဆင့် ဆိုင်ရာဆိုင်ခွင့်ရှိသူ အသီးသီးလည်းကောင်း ပါဝင်ပါ သည်

အိမ်ငှား

ပုဒ်မ ၂ (ဆ) တွင် ဥပစာအတွက် မိမိကိုယ်တိုင်ဖြစ်စေ အခြားသူမှတစ်ဆင့် ဖြစ်စေ ငှားရမ်းခပေးရမည့်သူ တစ်ဦးတစ်ယောက်ကို ဆိုလိုသည်။ ထိုစကားရပ်တွင် တရားမကျင့်ထုံး ကိုဓဥပဒေတွင် အဓိပ္ပာယ်ဖော်ပြထား သည့်

တရားဝင် ကိုယ်စားလှယ်လည်းကောင်း၊ အခါအားလျော်စွာ အိမ်ငှားမှတစ်ဆင့် ဆိုင်ရာပိုင်ရာ ဆိုင်ခွင့် ရရှိသူအသီးသီးလည်းကောင်း အငှားချထားမှု ( သို့တည်းမဟုတ် ) အငှားစာချုပ် ကုန်ဆုံးပြီးနောက်

မိမိအား ငှားရမ်းသည့်ဥပစာကို အိမ်ရှင်၏ သဘောတူညီချက်အရဖြစ်စေ သဘောတူညီချက်အရ မဟုတ်ဘဲ ဖြစ်စေ လက်ရှိနေထိုင်မြဲနေထိုင်သူ အသီးသီးလည်းကောင်း ပါဝင်ပါသည်

ဥပစာ

ပုဒ်မ-၂ (ဃ) အရ အဆောက်အုံ ဆောက်လုပ်ထားသည့်မြေကိုလည်းကောင်း မည်သည့်ကိစ္စအတွက် မဆိုသီး ခြား အငှားချထားသည့် (သို့တည်းမဟုတ်) နေထိုင်သည့် ( သို့တည်းမဟုတ် ) အငှားချထားရန် သော်လည်းေ ကာင်း နေထိုင်ရန်သော်လည်းကောင်း ရည်ရွယ်သည့်အဆောက်အအုံ (သို့တည်းမဟုတ် ) အဆောက်အုံ အစိတ် အပိုင်း တစ်ခုခုကိုသော်လည်းကောင်း ဆိုလိုသည်

ထိုစကားရပ်တွင် ဈေး (သို့မဟုတ်) အခြား အဆောက်အအုံတစ်ခုခုအတွင်း ကုန်စည်ပစ္စည်းများ လက်လီရောင်းချရန် အငှားချထားသည့် ဈေးဆိုင် ထို့ အပြင် ထိုအဆောက်အအုံ သို့မဟုတ် အဆောက်အုံအစိတ်ပိုင်းနှင့်တကွ

အငှားချထားသည့်မြေ အိမ်ထောင် ပရိဘောဂ သို့တည်းမဟုတ် တပ်ဆင်ထားသည့်ပစ္စည်းများလည်းပါဝင်သည်။ ထို့အပြင် မည်သည့်ကိစ္စအတွက် မဆို သီးခြားအငှားချထားသည့် သို့တည်းမဟုတ် နေထိုင်သည့်

သို့တည်းမဟုတ် အငှားချထားရန် သော်လည်း ကောင်း နေထိုင်ရန်သော်လည်းကောင်း ရည်ရွယ်သည့်မြေကို ဆိုလိုသည်

ငှားရမ်းခြင်း (LEASE)

ငှားရမ်းခြင်းဆိုသည်မှာ အိမ်ခြံမြေ တိုက်ခန်းများကို ငှားရမ်းသူ (အိမ်ငှား)Lessee ၊ အငှားချထားသူ (အိမ်ရှင်) lessor သို့ ငှားရမ်းခပေးသည့်အတွက် အချိန်ကာလ ကန့်သတ်၍ စည်းကမ်းချက်များထားရှိကာ ထိုပစ္စည်း၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းပေးခြင်းဖြစ်ပါသည်

အငှားချထားသူ အိမ်ရှင်၏တာဝန်

၁- မိမိပစ္စည်း၏ ချို့ယွင်းချက်ကို ငှားရမ်းသူအား ထုတ်ဖော်ပြောရမည်

၂- အငှားချထားသည့် ပစ္စည်းကို ငှားရမ်းသူအား လက်ရောက်ပေးအပ်ရမည်

၃- နေအိမ်ပျက်စီးက ပြန်ပြင်ပေးရမည်

အိမ်ရှင်၏ အခွင့်အရေးများ

၁။ အိမ်ရှင်သည် ငှားရမ်းခ ခံစားခွင့်ရှိပြီး အခါအားလျော်စွာ ပုဒ်မ- ဂ အရ အိမ်ငှားထံ ငှားရမ်းခ တိုးတောင်း နိုင်ပါသည် ။

၂။ ပုဒ်မ ၁၆ (၁) အရ ဥပစာအတွက် စံငှားရမ်းခ သတ်မှတ်ပေးရန် ကြီးကြပ်ရေးဝန် (မြို့နယ်အုပ်ချုပ်ရေးမှူး)ထံ လျှောက်ထားတောင်းဆိုနိုင်ပါသည် ။

၃။ အိမ်ရှင်သည် မိမိငှားရမ်းထားသည့် ဥပစာအား အောက်ပါအချက်များအရ ပြန်လည်ရယူနိုင်ပါသည်

ပုဒ်မ -၁၂ (၁) (က) ပထမပိုင်း (ပထမပိုင်း) – အိမ်ရှင်သည် ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသည့် ငှားရမ်းခအတွက် အိမ်ငှားထံဆောင်ဆိုသော် လည်း မပေးလျှင်

ပုဒ်မ -၁၂ (၁)(က) ဒုတိယပိုင်း (ဒုတိယပိုင်း) – အိမ်ငှားသည် ပဋိညာဉ် ပါ စည်းကမ်းချက်များကို ဖောက်ဖျက် လျှင်။ (ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၈ (ခ) (ဏ) (တ) )

ပုဒ်မ-၁၂ (၁) (ခ) – အိမ်ငှားထံမှ ရရရှိသော ငှားရမ်းခအတွက် တရားရုံးက အိမ်ရှင်အား အနိုင်ပေး၍ အိမ်ငှား အပေါ် အမိန့် ဒီကရီချမှတ်ထားသည့်ငွေကို မပေးဘဲနေလျှင်။ (ပယ်ဖျက်)

ပုဒ်မ-၁၂ (၁)(ဂ) – (၁) အိမ်ခန်ချင်းဆက်စပ်လျက်ရှိသာ သို့တည်းမဟုတ် အိမ်နီးချင်းအား အိမ်ငှားသည် စိတ်ငြိုငြင်စေလျှင် သို့တည်းမဟုတ် အနှောင့်အယှက်ဖြစ်စေမည့် ပြုကျင့်မှုကို ကျူးလွန်လျှင်

(၂) ဥပစာကို ညစ်ညမ်းစေလျှင် သို့တည်းမဟုတ် ဥပဒေနှင့် ဆန့်ကျင်သောကိစ္စ အလို့ငှာ အသုံးပြုလျင် သို့တည်းမဟုတ် ပြစ်မှုထင်ရှားခံရလျှင်

(၃) အိမ်ငှား၏ ပြုန်းတီးမှုကြောင့် သို့တည်းမဟုတ် ပေါ့လျော့ပျက်ကွက်မှုကြောင့် ဥပစာ အခြေအနေဆိုးရွားစေ လျှင် အိမ်ငှားနှင်လိုမှုစွဲဆိုနိုင်ပါသည် ။

ပုဒ်မ ၁၂ (၁) (ဃ) – အိမ်ရှင်သည် မိမိပိုင်မြေကွက်တွင် ရိုးဖြောင့်သောသဘောဖြင့် အဆောက်အဦး ဆောက် လုပ်လိုပါက မြေကွက်အတွင်းရှိ အဆောက်အဦး ဆောက်လုပ်နေထိုင်သူအား နှင်ထုတ်ရန် တရားစွဲဆိုနိုင်ပါ သည်။ ၁ နှစ်အတွင်းပြီးစီးအောင် ဆောက်လုပ်ရမည်ဖြစ်ပြီး ပျက်ကွက်က အိမ်ငှားအား ငွေပေးလျော်ရပါမည်

ပုဒ်မ -၁၂(၁)(င) – အိမ်ရှင်သည် အငှားချထားသည့်အဆောက်အဦတစ်လုံး သို့တည်းမဟုတ် အစိတ်အပိုင်းကို ရိုးဖြောင့်သောသဘောဖြင့် ပြည်လည်ပြုလုပ်ရန်အတွက် အိမ်ငှားအား နှင်လိုမှုစွဲဆိုနိုင်ပါသည်။ ၉လအတွင်း ပြီးစီး အောင်ဆောက်လုပ်ရပါမည်။ အိမ်ငှားတောင်းဆိုက အခန်းပြန်ပေးရပါမည်။ ပျက်ကွက်က ခံဝန်ချုပ်ငွေ ပေးလျော်ရမည့်အပြင် အိမ်ငှားမှ အခန်းပြန်ရလိုကြောင်း တရားစွဲဆိုနိုင်ပါသည် ။

ပုဒ်မ -၁၂(၁)(စ) – (၁.၅.၁၉၄၅) ကတည်းက အိမ်ပိုင်ရှင်ဖြစ်ခြင်း သို့တည်းမဟုတ် အမွေဆက်ခံသူဖြစ်က ရိုးဖြောင့် သောသဘောဖြင့် မိသားစုကိုယ်တိုင် နေထိုင်ရန်အတွက် အိမ်ငှားအား နှင်လိုမှုစွဲဆိုနိုင်ပါသည် ။

ဥပစာမှ အိမ်ငှားထွက်ခွာသွားသည့်နေ့မှ ၃ လအတွင်း အိမ်ရှင်မှ ပြောင်းရွှေ့နေထိုင်ရပါမည်

ငှားရမ်းသူ (အိမ်ငှား) ၏ တာဝန်များ

(၁) အငှားချထားသူ မသိသေးသည့် အကျိုးခံစားခွင့်များကို အိမ်ငှားမှသိလျှင် ပြောပြရမည်

(၂) ငှားရမ်းစဉ်ကာလအတွင်း သတ်မှတ်ထားသော ငှားရမ်းခများ အပြည့်အဝ ပေးရမည်။ ရေခွန် လျှပ်စစ်မီးခွန် ထမ်းဆောင်ရမည် ။

(၃) ငှားရမ်းသူမှ ပစ္စည်းကို မကာကွယ်နိုင်သည်မှလွဲ၍ ထိန်းသိမ်းစောင့်ရှောက် ရမည်

(၄) ပစ္စည်းတွင် တစ်စုံတစ်ရာ ချို့ယွင်းလာပါက အိမ်ရှင် (သို့) ၎င်း၏ ကိုယ်စားလှယ်သို့ အကြောင်းကြားရမည်။ အခြားသူအား ထပ်ဆင့်ငှားရမ်းခွင့် မရှိပါ။ ငှားရမ်းကာလအတွင်း ဧည့်စရင်းဖြင့်သာ နေထိုင်ရမည်

(၅) မိမိကြောင့် ဥပစာပျက်စီးက တန်ဖိုးပေးလျော်ခြင်း (သို့) ပြန်လည်ပြုပြင်ပေးရမည်

(၆) စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာရမည်

(၇) အိမ်ငှားစည်းကမ်းချက်နှင့်အညီ နေထိုင်ရမည်

(၈) စာချုပ်သက်တမ်းပြည့်ပါက အိမ်ခန်းကို အိမ်ရှင်ထံ စနစ်တကျ ပြန်လည်အပ်နံရမည်

အိမ်ငှား၏ အခွင့်အရေးများ
(၁) အိမ်ငှားသည် ပုဒ်မ ၁၁ အရ ဥပစာ ပျက်စီးသည့်အတွက် အိမ်ရှင်အား ပြင်ပေးရန် တောင်းဆိုနိုင်ပါသည်။ အိမ်ရှင်မှ ပြင်မပေးက သက်ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ခွင့်တောင်း၍ ပြင်နိုင်ပါသည်။

ကုန်ကျစရိတ်ကို အိမ်လခမှ ခုနှိပ်၍ဖြစ်စေ ၊ အိမ်ရှင်ထံဖြစ်စေ တောင်းခံနိုင်ပါသည်။ ငှားရမ်းသည့်ပစ္စည်းတစ်ခုလုံး နေမရ အောင် လုံးဝပျက်စီးက ငှားရမ်းသူက ငှားရမ်းခြင်းကို ပျက်ပြယ်ခွင့်ရှိသည်

(၂) အိမ်ငှားက ငှားရမ်းခပေးသော်လည်း အိမ်ရှင်က လက်မခံက ပုဒ်မ ၁၆ အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ပေးသွင်းနိုင်ပါသည် ။

(၃) စံငှားရမ်းခ သတ်မှတ်ပေးရန် ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ပုဒ်မ ၂၇ (၁) အရ လျှောက်ထားနိုင်ပါသည် ။

(၄) ငှားရမ်းထားစဉ် ပစ္စည်းနှင့်ပတ်သက်သော အကျိုးအမြတ် ခံစားခွင့်ရှိသည်

(၅) ပိုင်ရှင်နှင့် သဘောတူမထားသည့်ကိစ္စ ဆောင်ရွက်မပေးက အိမ်ငှားမှ ငြင်းဆိုပိုင်ခွင့်ရှိသည် ။

(၆) ငှားရမ်းကာလ စေ့ရောက်သည့်အခါ အိမ်ငှားမှ မိမိယာယီတပ်ဆင်ထားသည့်ပစ္စည်းများ ပြန်လည်ဖြုတ်ယူ ခွင့် ရှိပါသည်။ ဥပစာကို ထိခိုက်ခြင်း မရှိစေရ

အိမ်ရှင် အိမ်ငှားဆက်နွယ်မှု

ငှားရမ်းသည့်အချိန်မှစ၍ အိမ်ရှင်အိမ်ငှားဆက်နွယ်မှုရှိပါသည်

အခြားကိစ္စရပ်များ

(၁) အိမ်ရှင်အိမ်းငှားစာချုပ်သည် တစ်နှစ်ထက်မပိုသည့်ကာလဖြစ်က မှတ်ပုံတင်ရန် မလိုပေ။ တစ်နှစ်ထက်ပို သော ကာလဖြစ်က ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၇ နှင့် စာချုပ်စာတမ်းများ

ဥပဒေ ပုဒ်မ ၁၇ (ဃ) အရ မှတ်ပုံတင်မှ တရားဝင်ပါမည်။ တံဆိပ်ခွန်အက်ဥပဒေဇယား (၁)၊ အပိုဒ် ၃၅ ပြင်ဆင်ချက်အရ အခွန်ထမ်း ဆောင် ရပါမည်

(၂) အိမ်လခ တိုးတောင်းသည့် ကိစ္စ အိမ်လခပေးသွင်းခြင်း ကိစ္စ အိမ်ပြင်ခြင်းကိစ္စ၊ ရေဖြတ်၊ မီးဖြတ်ကိစ္စ ပေါ်ပေါက်က သက်ဆိုင်ရာကြီးကြပ်ရေးဝန် (မြို့နယ်အုပ်ချုပ်ရေးမှူး) ထံ လျှောက်ထားရပါမည်။ အိမ်ငှား နှင် လိုမှုဖြစ်က သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားစွဲဆိုရပါမည်

(၃) အိမ်ငှားသည် ပုဒ်မ -၁၂(င) ( က)(ဂ)(ဃ)(င)(စ)ပါ အချက်များနှင့် ငြိစွန်းမှသာ အိမ်ငှားနှင်လိုမှု စွဲဆိုနိုင် ပါသည် ။

(၄) အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူထားသူများကိုလည်း ဥပဒေအရ အိမ်ငှားဟု သတ်မှတ်သဖြင့် အပျောက် တိုက်ခန်းပိုင်ရှင်များသည် ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးဥပဒေကို လိုက်နာရပါ မည်

[အညွှန်း – ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ) ၊ စာချုပ်စာတမ်းအမျိုးမျိုးချုပ်ဆိုနည်းလမ်းညွှန် ၊ စာ ၁၂၄ ]

DVBlawlab