တရုတ်ပြည်ထဲကို ထူးခြားဆန်းကြယ်တဲ့ နည်းလမ်းနဲ့ ရောက်သွားတဲ့ မြန်မာ့ဧရာမကျောက်စိမ်းတုံးကြီး
တရုတ်နိုင်ငံရဲ့နာမည်ကျော် မဟာတံ တိုင်းပုံစံ အနုစိတ် ထွင်းထုထားတဲ့ ဧရာမ ကျောက်စိမ်းတုံးကြီးကို တရုတ်နိုင်ငံက ယဉ်ကျေးမှုအနုပညာစင်တာတစ်ခုမှာ ခင်းကျင်းပြသ ထားခဲ့ပါတယ်။
အရွယ်အစား အလွန်ကြီးမားတဲ့ကျောက်စိမ်းတုံး ကြီးဖြစ်ပြီး ကျောက်စိမ်းတုံးပေါ်မှာမှ တောင်တန်းတွေကြား မဟာတံတိုင်းက ရစ်ခွေသွယ်တန်းနေဟန် ဖန်တီးထုဆစ် ထားတဲ့ ဧရာမ ကျောက်စိမ်းတုံးပန်းပုလက် ရာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်းလျောင်နင်းပြည်နယ်၊ ဆွေယန်မန်စီရင်စုက ယဉ်ကျေးမှုအနုပညာ စင်တာမှာ ဒီဧရာမ ကျောက်စိမ်းမဟာတံ တိုင်းပန်းပုရုပ်ကြီးကို ခင်းကျင်းပြသထား တာဖြစ်ပြီး အရောင်အသွေးလှပတဲ့
ကျောက်စိမ်းသားပေါ်မှာမှ အနုစိတ်ထွင်း ထုထားတဲ့ မဟာတံတိုင်းပုံစံပန်းပုလက် ရာကြောင့် စိတ်ဝင်တစားလေ့လာကြည့်ရှု သူတွေအုံဖွဲ့နေတာကို မြင်တွေ့ရမှာဖြစ် ပါတယ်။
ဒီကျောက်စိမ်းတုံးကြီးက အရှည် ၂၁ ပေ၊ အမြင့် ၁၀ ပေ၊ အကျယ် ၁၃ ပေ ရှိတဲ့ ကြီးမားတဲ့ကျောက်စိမ်းတုံးကြီးဖြစ် ပြီး အလေးချိန်အားဖြင့် ၁၁၈ တန်ရှိပါ တယ်။
မဟာတံတိုင်းပုံစံ ပန်းပုရုပ်ထွင်းထုမှုအတွက် ပန်းပုပညာရှင်ပေါင်း ၃၀ ကျော်တို့က တစ်နှစ်နဲ့ နှစ်လကြာ အချိန် ယူထွင်းထုထားခဲ့တာလို့သိရပါတယ်။ သံသာ (Pyi Myanmar)
အဆိုပါ ကျောက်စိမ်းတုံးကြီးဟာ မြန်မာပြည်ကနေ ရောက်ရှိသွားတဲ့ ကျောက်စိမ်းတုံးကြီး ဖြစ်နိုင်တယ်လို့ ကျောက်မျက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ခန့်မှန်းထားကြပါတယ်။
မြန်မာနိုင်ငံထွက် ကျောက်စိမ်းများကို တရုတ်နိုင်ငံက အလွန်ကြိုက်နှစ်သက်ကြပြီး တရားဝင်နည်းလမ်းနဲ့ ဖြစ်စေ၊ တရားမဝင် နည်းလမ်းနဲ့ ဖြစ်စေ ဝယ်ယူနေကြပါတယ်။
ယခုလို အရွယ်အစားကြီးမားတဲ့ ကျောက်စိမ်းတုံးကြီးကို မြန်မာပြည်ကနေ ဘယ်လို သယ်ဆောင်ခဲ့သလိုဆိုတာကို အွန်လိုင်း သုံးသူများက စိတ်ဝင်စားလျက် ရှိနေကြပါတယ်။
Ps;သိပ်မကြာသေးခင် နှစ်တွေကမှ မြန်မာပြည်ရဲ့ အကြီးမားဆုံး တန်နဲ့ချီတဲ့ ပြည်တန်ကျောက်စိမ်းတုံးကြီးလည်း ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိကြပါဘူး..ကမ္ဘာကျော် ပြည်တန်ပတ္တမြား ပြည်တန်ကျောက်စိမ်းတွေ ပိုင်ဆိုင်ထားတဲ့ ရင်နင့်စရာ ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေရှိတဲ့ နိုင်ငံလေးတခုပါပဲ…လေ။
Credit
Zawgyi
တ႐ုတ္ျပည္ထဲကို ထူးျခားဆန္းၾကယ္တဲ့ နည္းလမ္းနဲ႔ ေရာက္သြားတဲ့ ျမန္မာ့ဧရာမေက်ာက္စိမ္းတုံးႀကီး
တ႐ုတ္နိုင္ငံရဲ့နာမည္ေက်ာ္ မဟာတံ တိုင္းပုံစံ အႏုစိတ္ ထြင္းထုထားတဲ့ ဧရာမ ေက်ာက္စိမ္းတုံးႀကီးကို တ႐ုတ္နိုင္ငံက ယဥ္ေက်းမႈအႏုပညာစင္တာတစ္ခုမွာ ခင္းက်င္းျပသ ထားခဲ့ပါတယ္။
အရြယ္အစား အလြန္ႀကီးမားတဲ့ေက်ာက္စိမ္းတုံး ႀကီးျဖစ္ၿပီး ေက်ာက္စိမ္းတုံးေပၚမွာမွ ေတာင္တန္းေတြၾကား မဟာတံတိုင္းက ရစ္ေခြသြယ္တန္းေနဟန္ ဖန္တီးထုဆစ္ ထားတဲ့ ဧရာမ ေက်ာက္စိမ္းတုံးပန္းပုလက္ ရာလည္းျဖစ္ပါတယ္။
တ႐ုတ္နိုင္ငံအေရွ႕ ေျမာက္ပိုင္းေလ်ာင္နင္းျပည္နယ္၊ ေဆြယန္မန္စီရင္စုက ယဥ္ေက်းမႈအႏုပညာ စင္တာမွာ ဒီဧရာမ ေက်ာက္စိမ္းမဟာတံ တိုင္းပန္းပု႐ုပ္ႀကီးကို ခင္းက်င္းျပသထား တာျဖစ္ၿပီး အေရာင္အေသြးလွပတဲ့
ေက်ာက္စိမ္းသားေပၚမွာမွ အႏုစိတ္ထြင္း ထုထားတဲ့ မဟာတံတိုင္းပုံစံပန္းပုလက္ ရာေၾကာင့္ စိတ္ဝင္တစားေလ့လာၾကည့္ရႈ သူေတြအုံဖြဲ႕ေနတာကို ျမင္ေတြ႕ရမွာျဖစ္ ပါတယ္။
ဒီေက်ာက္စိမ္းတုံးႀကီးက အရွည္ ၂၁ ေပ၊ အျမင့္ ၁၀ ေပ၊ အက်ယ္ ၁၃ ေပ ရွိတဲ့ ႀကီးမားတဲ့ေက်ာက္စိမ္းတုံးႀကီးျဖစ္ ၿပီး အေလးခ်ိန္အားျဖင့္ ၁၁၈ တန္ရွိပါ တယ္။
မဟာတံတိုင္းပုံစံ ပန္းပု႐ုပ္ထြင္းထုမႈအတြက္ ပန္းပုပညာရွင္ေပါင္း ၃၀ ေက်ာ္တို႔က တစ္ႏွစ္နဲ႔ ႏွစ္လၾကာ အခ်ိန္ ယူထြင္းထုထားခဲ့တာလို႔သိရပါတယ္။ သံသာ (Pyi Myanmar)
အဆိုပါ ေက်ာက္စိမ္းတုံးႀကီးဟာ ျမန္မာျပည္ကေန ေရာက္ရွိသြားတဲ့ ေက်ာက္စိမ္းတုံးႀကီး ျဖစ္နိုင္တယ္လို႔ ေက်ာက္မ်က္အသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြက ခန႔္မွန္းထားၾကပါတယ္။
ျမန္မာနိုင္ငံထြက္ ေက်ာက္စိမ္းမ်ားကို တ႐ုတ္နိုင္ငံက အလြန္ႀကိဳက္ႏွစ္သက္ၾကၿပီး တရားဝင္နည္းလမ္းနဲ႔ ျဖစ္ေစ၊ တရားမဝင္ နည္းလမ္းနဲ႔ ျဖစ္ေစ ဝယ္ယူေနၾကပါတယ္။
ယခုလို အရြယ္အစားႀကီးမားတဲ့ ေက်ာက္စိမ္းတုံးႀကီးကို ျမန္မာျပည္ကေန ဘယ္လို သယ္ေဆာင္ခဲ့သလိုဆိုတာကို အြန္လိုင္း သုံးသူမ်ားက စိတ္ဝင္စားလ်က္ ရွိေနၾကပါတယ္။
Ps;သိပ္မၾကာေသးခင္ ႏွစ္ေတြကမွ ျမန္မာျပည္ရဲ့ အႀကီးမားဆုံး တန္နဲ႔ခ်ီတဲ့ ျပည္တန္ေက်ာက္စိမ္းတုံးႀကီးလည္း ဘယ္ေရာက္ေနမွန္း ဘယ္သူမွ မသိၾကပါဘူး..ကမၻာေက်ာ္ ျပည္တန္ပတၱျမား ျပည္တန္ေက်ာက္စိမ္းေတြ ပိုင္ဆိုင္ထားတဲ့ ရင္နင့္စရာ ဆင္းရဲမြဲေတေနတဲ့ ျပည္သူေတြရွိတဲ့ နိုင္ငံေလးတခုပါပဲ…ေလ။
Credit