Knowledge

တစ်ဧကစိုက်တာနဲ့ သိန်းထောင်ချီပြန်ရသော လီလီပန်း စိုက်ပျိုးနည်း..

တစ်ဧကစိုက်ရင်တစ်ဧကစိုက်ရင် သိန်းတစ်ထောင် ပြန်ရတဲ့ လီလီပန်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြည့်ရအောင်

ဘုရား ပဲတင်တင် အလှပဲထိုးထို လီလီပန်း လေးနဲ့..မှ ကုသိုလ် ပိုရသည် ၊ ကျက်သရေ ရှိသည် ၊ အလှထူးသည် ထင်ကြသည်။

မင်္ဂလာ အခမ်းအနား များပင် ဖြစ်စေ၊ အမှတ်တရလက်ဆောင် ပန်းစည်း၊ ပန်းခြင်း အတွက်ဖြစ် စေ လီလီပန်း ဖြင့် အလှဆင်မည်ဆိုပါက တခြားသော ပန်း များထက် စျေးပို ပေးကြရသည်။ ပေးရသည့် တန်ဖိုး နဲ့ လျော်ညီအောင်ပင် လီလီပန်း က ကြာရှည်ခံသည် တင့်တင့်တယ်တယ် ထူးထူးခြားခြား လှပသည့် အရည်အသွေး များကို ပိုင်ဆိုင်ထားသည်။

ဤသို့ ထူးခြားလှပပြီး စျေးကြီးသည့် လီလီပန်း ကို မိမိတို ့အိမ်တွ င် တစ်ပိုင်တစ်နိုင် စိုက်ပျိုး နိုင်ကြောင်း ဖော်ပြပေးလိုက်ပါသည်။

လီလီပန်း သည် သဇင်ပန်း များကဲ့သို့ပင် ဥမှပေါက်သည့် အပင် တစ်မျိုး ဖြစ်သည်။ စတင် စိုက်ပျိုး ရန်အတွက် ဥ ဖြင့်ပင် အပင်ကို ပျိုးရပါသည်။ ပျိုးဥနု လျှင် အပင်မအောင်ပါ။ ပျိုးဥ အရင့်များကို ရွေးချယ်စိုက်ပျိုးဖို့ အဓိကလိုပါတယ် ။ စတင်စိုက်ပျိုးပြီး ၅ လအတွင်း အပွင့်ပွင့်ပြီး နောက်ထပ် ပျိုး ဥ ၅ ခုခန့် အပင်အောက်တွင် အမြစ်တွယ်ပြီးသား ဖြစ်နေပါသည်။

နေရာဒေသမရွေး စိုက်ပျိုးနိုင်ပါသည်။ အလင်းရောင် ကို နှစ်သက်သည်။ နေရာကောင်းရဖို့ လိုသည်။ လောင်းရိပ် ကျလွန်းပါက ကောင်းစွာကြီး ထွားမှု မရှိပါ..။ အထူးသဖြင့် နံနက်နေရောင် ကောင်းစွာရဖို့ လိုပါသည်။ ရေဝပ်ဒဏ် ခံနိုင်ခြင်း မရှိပါ။ ပန်းအိုးဖြင့်လည်း စိုက်ပျိုးလို့ ရပါသည်။

မြေဘောင် လုပ်၍ စိုက်ပျိုးပါက မြေကို နွားချေးများများနဲ့ နှပ်ထားပါ ။ဘောင်ဖြင့် စိုက်မည်ဆိုပါက အကျယ် ၃ ပေ ပြုလုပ်ပါ။ ပေါင်းမြတ်များ ရှင်းလင်းရ လွယ်ကူရန် ဖြစ်ပါတယ်။ တစ်ပင်နှင့်တစ်ပင် ၉ လက်မ ပတ်လည် စိုက်ပျိုးပါ။

အပင်ထွက်လာပြီး ရက် ၂၀ တစ်လသား အရွယ်တွင် ပေါင်းလိုက်၍ အစာကျွေးပါ။ မြေစေးလျှင် သဲနှုန်းမြေ ။ မြေဆွေး ။ နွားချေး(သို့) ကြက်ချေး မြေသြဇာ 50:30:20 အချိုးရောစပ်ပြီး စိုက်ပျိုးပါ။ မြေဘောင်ကို ကြိုတင်ပြင်ဆင်ပြီး တစ်လကျော်မှသာ စိုက်ပျိုးပါ။

အကောင်းဆုံးနည်းမှာ လီလီပန်း မျိုးဥနှင့် ဓါတ်မြေသြဇာ။ နွားချေးမြေ ဆွေးတို့နှင့် တိုက်ရိုက်ထိတွေ့၍ မရပါ။ မျိုးဥ ပျက်စီးနိုင်ပါသည်။ ဥမှ ထွက်လာသော အမြစ် များနှင့်သာ မြေသြဇာ များထိတွေ့ရန် လိုအပ် ပါသည်။ မှိုသတ်ဆေး အပင်အားဆေး ပိုးသတ်ဆေးများကို လိုအပ်သလို ပက်ဖြန်းနိုင်ပါသည်။

အပူချိန် များလျှင် အပူကာ ပြုလုပ်ပေးလျှင် ပိုကောင်း ပါသည်။ အမှန်တကယ် ပြုစုပေးလျှင် တစ်ဧက သိန်းထောင်ဂဏန်း ရရှိမယ့် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။

အပွင့်ပွင့်လာပါက ရိုးတံအပါခူးပြီး အပင် များကို ဒီအတိုင်းထားပါ။ မျိုးဥရယူရန် ဖြစ်ပါတယ်။

မျိုးဥ အရင့်များကို တူးယူနိုင်ပါတယ်။ အပင် တစ်ပင်လျှင် မျိုးဥ ၅ ဥ ခန့် ပြန်လည်ရရှိပါတယ် ။ တူးယူထားသည့် မျိုးဥ များကို အရိပ်ထဲတွင် ၃ ရက်ခန့် အခြောက်ခံပြီး ကပ်နေသည့် မြေကြီး များကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ချက်ချင်းစိုက်ပါ။ သို့မှ သာ အပင်ပေါက်အား ကောင်းမှာ ဖြစ်သည်။

မျိုးဥ များကို ဝယ်ယူနိုင်ပါသည် မျိုးဥ တစ်ဥလျှင် ၁၀၀ ကျပ်နှုန်းဖြစ်ပါသည်။ ပြင်ဦးလွင်မြို့ မှ ပို့ပေးမည် ဖြစ်ပါသည်။

မျိုးဥ ရောက်ရောက်ချင်း စိုက်ပျိုးနိုင်ဖို့ မြေဘောင်တွေ ကြိုတင် မျိုးဥ လတ်လတ်ဆတ်ဆတ်နဲ့ စိုက်ပျိုးနည်း ပညာတွေကို မျှဝေပေးလျက်ရှိပြီး လေ့လာချင်သူများအနေဖြင့် 09 420 102 108 သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ကြောင်း သိရသည်။

crd~မူရင်း