Knowledge

ထမနဲထိုးနည်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..

ထမနဲ ထိုးရန်ဖို စာချိုးလို.မှာခဲ့မယ် တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့် တစ်ပိဿသာဆီအမှန်သွင်းပါလို့ ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်၊

အုန်းသီးဆန် အတူဖတ်ပါလို့ နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်ရောနှောကလူအများတို့ရယ် အားသစ္လို့ထိုး။ မန်လည်ဆရာတော်ဘုရားကြီး..

ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ဝတ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ် ( စကားချပ် )

(၁) ကောက်ညှင်းဆန် (၄)ပြည်၊ (၂ ) မြေပဲ (၈၀) ကျပ်သား၊ (၃) နှမ်းဆီ(သို.)မြေပဲဆီ (၁)ပိသာ၊ (၄) နှမ်းစေ့( မဲ+အဖြူ ) (၃၂) ကျပ်သား..

(၅) အုန်းသီးစိတ် (၂၀) ကျပ်သား၊ (၆) ဆား (၇) ကျပ်သား၊ (၇) ချင်း (၁၅) ကျပ်သား

ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ် ။ မြေပဲတွေကို လှော်ပြီး အခွံတွေပြောင်စင်ပြီး နေအောင်သန်.စင်ပါ ။

၂ ခြမ်းကွဲသွားအောင် လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။ (အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် ) နှမ်းတွေကိုလည်း သန့်စင်ထားပြီး (လိုအပ်ပါက) လှော်ထားပါ။

အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ (၃) နာရီ လောက် ဇကာနှင့်ဖြန့်လှန်းထားပါ။ ဂျင်းတွေကိုအခွံခွါ၍ ရေဆေးပြီးလျှင် မျှင်မျှင်လေးတွေလှီးပါ။

ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။ ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကို ရွှေအိုရောင်ရအောင်ကြော်ပြီး ဆီစစ်ထားပါ ။

ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ။ အနံ့မွှေးပြီး နွမ်းလာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန် တွေကို ထည့်ပေါင်းကာ..သစ်သား ယောင်းမအရှည်နှင့်မွှေပေးပါ (ကြော်ချင်ဟန်ပြုပါ)

ဆီနဲ.တွေ့ပြီးကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှ…ဆားဖြင့်အရသာသွင်းပါ။ ကောက်ညှင်းဆန်အထက် ရေ လက်၂ဆစ်ခန့် ထည့်ပြီးစကောကြီးကြီးများကိုလက်ကိုင်ကွင်း တပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။

ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနဲ့ နှံ့အာင်မွှေပေးရပါမယ်..။ ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီး.. ငှက်ပျောဖက်အုပ်အဖုံး၊ ဖုံးကာ နှပ်ပေးရပါမယ် ။

ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့ နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်ပြီး မွှေသူ၂ဦးရဲ့ ယောင်းမအရင်းကနေကိုင်ပြီး ကောက်ညှင်းတွေကို ပွတ်ချေပေးရပါတယ်။ (ထိုအလယ်လူနေရာကို ထမနဲကျွမ်းကျင်သူ အိုးသူကြီးများကသာ တာဝန်ယူတာများပါတယ်)

ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမသွားအောင် နယ်ပေးပါမှ ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။