19.Jan.2023 မှ 25.Jan.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ဒီကာလအတွင်း ဆရာ၊ မိဘများ၏အလုပ်ကို ကူညီလုပ်ကိုင်ပေးခြင်းဖြင့် စီးပွားဖြစ်ထွန်းမည်။ မင်းစိုးရာဇာ များ၏ တာဝန်ကိုလည်း ထမ်းဆောင်ဖြစ်မည်။ ရာထူးမျှော်လင့်သူများအတွက် ရာထူးတတ်ချိန်ဖြစ်သည်။ စီးပွားရေး သမားများအတွက် သတင်းကောင်းကြားရပြီး အစုစပ်ရှယ်ယာများ ပါဝင်လုပ်ဆောင်ဖြစ်မည်။ အိမ်ထောင်ရေးတွင် တတ်ညီ၊ လက်ညီဖြင့် အလုပ်လုပ်ကိုင်ဖြစ်မည်။ နေအိမ်ကို အကောင်းဆုံးပြင်ဆင်ဖြစ်မည်
ပျော်ရွှင်စွာ ရယ်မော ပြောဆို၍ စားအတူ၊ သွားအတူ ရှိနေမည်။ အချစ်ရေးတွင် ချစ်မလို့ ကြံရွယ်ကာမျှနှင့်ပင် အမျက်ပေါ်လာတတ်သည်။ ချစ်သူရှိနေသောသူများလည်း လမ်းခွဲရတတ်သည်။ အချစ်နှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်နေစဉ် လေးစား မြတ်နိုး နောက်တစ်ဦးကို ရင်ထဲမှ တိတ်တခိုး ချစ်မိနေလိမ့်မည်။ ပညာရေးတွင် လက်တွေ့ထက် အတွေးအခေါ်နှင့် နှီးနှော ပြောဆိုမှု ပညာရပ်များကို စိတ်ဝင်စားနေမည်။
နောက်ပိုင်းတွင် အလွန်တော်သော ဆရာများနှင့် တွေ့လိမ့်မည်။ ဆရာသစ်များကြောင့် ပညာရေး ပိုမိုတော်လာမည်။ ကျန်းမာရေးမှာ ဆီးကျိတ်ရောင်ခြင်းနှင့်အတူ ဆီးရောဂါပါ ဖြစ်နိုင်ပါသည်။ ရင်ကျပ်၊ ချောင်းဆိုးရောဂါများလည်း ဖြစ်နိုင်ပါသည်။ သတိလက်လွတ်သွားမိစဉ် ဘယ်ဘက် ဒူးခေါင်း ဒဏ်ရာရနိုင်သည်။ အကျိုးပေးဂဏန်း ၃/၆/၅အထူးဟော လူအများရဲ့ယုံကြည်အားကိုးခြင်းကိုခံရတတ်ပါတယ်။ယတြာ စံပယ်ပန်းလေးတွေ ဘုရားမှာဝေနေအောင်လှူပေးပါ။
#တနင်္လာ
ဒီကာလအတွင်း ရစရာတွေ များစွာရှိနေသော်လည်း တောင်းရခက်ခဲနေမည်။ ကုန်ကျစရိတ်တွေများနေမည်။ အစုစပ်ရှယ်ယာများမှ ခွဲထွက်ဖြစ်မည်။ စီးပွားရေး ပြိုင်ဘက်များစွာ ပေါ်လာမည်။ လူမျိုးခြား၊ ဘာသာခြား များက သင့်ကို အကူအညီများစွာ ပေးကြလိမ့်မည်။ ချစ်သူများ စိတ်ဆိုးမှုတွေကွယ်ပျောက်ပြီး စာနာနားလည်မှုအပြည့်ဖြင့် ခွင့်လွှတ်နေဖြစ်မည်။ ပညာရေးကံအထူးကောင်းနေမည်။ လက်တွေ့အသုံးချပညာရပ်များကို လုပ်ငန်းရှင်များ၏ အကူအညီဖြင့် သင်ယူနေဖြစ်မည်။
တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ ညောင်းညာနေမည်။ အထူးသဖြင့် ညာဖက်ပေါင် အကြောတတ်နေမည်။ မျက်နှာမှာ အဖုအပိန့်များပေါ်လာမည်။ ရည်ရွယ်ချက်များနေသည်။ အတွေးတွေ များနေ သည်။ အလုပ်တွေ တစ်ခုမက လုပ်ချင်နေသည်။ လုပ်လည်းလုပ်နေသည်။ လုပ်သော လုပ်ငန်းတိုင်းကို ကိုယ်ကလွဲ လို့ သူတစ်ပါးမသိအောင် လျှို့ဝှက်လုပ်ပါ။ရစရာရှိသောငွေကြေးများ မရတတ်သေးပါ။ ငွေလိမ်ခံရကိန်းရှိသည်။
စက်၊ ပစ္စည်း အဝင်အထွက်မြင်သည်။အလုပ်အကိုင် နှင့်ပတ်သတ်၍ ထစ်ငေါ့ပြီးမှအောင်မြင်မည်။ စက်၊ ရွှေ အဝင်အထွက် ရှိသည်။ မိဘသား ချင်းတို့ အတွက် စိတ်ရှုပ်ရတတ်သည်။စပ်တူရှယ်ယာမလုပ်သင့်ပါ။စကားပြော ဆင်ခြင် ပါ။ စကား ရှုပ်တတ်သည်။ အသွားအလာဆင်ခြင်ပါ။အကျိုးပေးဂဏန်း ၁/၅/၇အထူးဟော မလိုအပ်ဘဲ ငွေအပိုမသုံးမိပါစေနဲ့။ယတြာ နှင်းဆီပန်းဘုရားကပ်လှူလိုက်ပါ။
#အင်္ဂါ
ဒီကာလများအတွင်း ဇာတာရှင်သည် လက်ရှိအလုပ်နေရာကနေ တခြားကို ပြောင်းလဲချင်တဲ့စိတ်တွေ ပေါ် ပေါက် လာနေတတ်ပါတယ်။ မပြောင်းပါနှင့်။ နောက်ပြောင်းတဲ့ အလုပ်ကလည်း အကျိုးမပေးပါဘူး။ မထင်မှတ်တဲ့ ခရီးတွေ၊ မရည်ရွယ်တဲ့ ခရီးတွေလည်း သွားရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူတွေအဖို့ အလုပ်မှာ ပျက်စီးဆုံးရှုံးမှုတွေ များနေရတတ်ပါတယ်။ ငွေပျောက်ခြင်း၊ ကြွေးတင်ခြင်း၊ ငွေအတွက် ဖြေရှင်းရခြင်း မျိုးလည်း ကြုံတွေ့ရတတ်ပါသည်။
အိမ်ထောင်သည်တွေအဖို့ အိမ်ထောင်ဖက်နဲ့ စိတ်ဝမ်းကွဲခြင်းမျိုး ကြုံတွေ့ရတတ် ပါသည်။ မြေတစ်ကွက် ဝင်လာတတ်ပါသည်။ ကိုယ့်ကို အကျိုးပေးမယ့် ပညာရပ်တစ်ခု သင်ကြားရတတ်ပါသည်။ ထီကံ ကောင်းတဲ့ ကာလဖြစ်နေ၍ ထီကံစမ်းပေးပါ။ နိုင်ငံခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်တတ်ပါတယ်။ ခရီးသွားဖို့ ကြံရွယ်ထားရင်တော့ ဒီကာလအတွင်း သွားလိုက်ပါ။ အောင်မြင်မှုတွေ ရတတ်ပါတယ်။
ဒီအချိန်မှာ အိမ်ပြင်၊ အိမ်ဆောက်ခြင်း၊ အရောင်းအဝယ်လုပ်ခြင်း တွေကို လုံးဝမလုပ်ပါနှင့်။ အဆင်မပြေတတ်ပါ။ အပျော် ခရီးလည်း လုံးဝမသွားပါနှင့်။ အသွားအလာ ဆင်ခြင်မှသာ ကံကောင်းပါလိမ့်မည်။ ကျန်းမာရေးလည်း နည်းနည်း ညံ့တတ် ပါတယ်။အကျိုးပေးဂဏန်း ၂/၃/၇အထူးဟော အိမ်တွင်းရေးပြဿနာလေးတွေများနေရတတ်ပါတယ်။ယတြာ ဆေးအလှူလေးတွေများများလုပ်ပေးပါ။
#ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း လူကြီးများ၏ တာဝန်ပေးမှုများကို တစ်ခုပြီးတစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်သဖြင့် အောင်မြင်မှုနှင့် ငွေကြေးများ ရရှိနေမည်။ လျှို့ဝှက်သော စီးပွားရေးသတင်းကောင်းများ ကြားရမည်။ အမျိုးသမီး များကြောင့် စီးပွားရေးများ နှောင့်နှေးကြန့်ကြာမည်။ သို့မဟုတ် ဆုံးရှုံးနိုင်သည်။ အိမ်ထောင်ဖက်ကြောင့် ဂုဏ်သိက္ခာ တတ်နေမည်။ သားသမီးတို့အတွက် လင်မယား စကားအနည်းငယ်ပြောရမည်။
ဆွေမျိုးများ အလုပ်ကိစ္စဖြင့် အိမ်သို့ ရောက် ရှိလာမည်။ ရင်းနှီးသူများ၏ ပညာရေးထောက်ပံ့ကူညီမှုများ ရရှိမည်။ အေးဆေးစွာ ပညာသင်ကြားလိုစိတ် များဖြစ်ပေါ်နေမည်။အလုပ်ထက်လူသားအများအကျိုးပြုပရဟိတများလုပ်ချင်နေဖြစ်မည်။ အချစ်ရေးတွင် အသက် ကြီးသူကိုမှ လေးလေး စားစား မြတ်နိုးတွယ်တာတတ်သည်။ နှလုံးသားထက် ဦးဏှောက်ကို ပိုမိုဦးစားပေးချစ်နေ မည်။ အတိုက်အခံတွေရှိ နေသည်။ ကျော်လွှားဖြစ်မည်။
ဆုံးဖြတ်ရခက်သော ပြသာနာတို့ကြုံတွေ့မည်။ မရောက် ဖူးသော ခရီးတို့ထွက်ဖြစ်မည်။ အရင်းနှီးဆုံး သူငယ်ချင်းများ စိတ်ဝမ်းကွဲမည်။အလုပ်အကိုင်တွင် တိုးတက်မှု ပြောင်း လဲမှု ရွှေ့ ပြောင်းမှုများ ဖြစ်မည်။မိသားစု အတွင်း ကြီးသူတစ်ယောက် ကျန်းမာရေး ချုုချာမည်။ မိမိရဲ့ကျန်းမာရေး မှာ အကြော၊ အဆစ်နှင့်ပတ်သတ်၍ ချုချာတတ်သည်။အကျိုးပေးဂဏန်း ၂/၅/၈အထူးဟော ကံအကောင်းလေးတွေများပါတယ်။ယတြာ ငှက်ပျော်သီးမှည့်တစ်ဖီး ရဟန်းတစ်ပါးကိုလောင်းလှူလိုက်ပါ။
#ကြာသပတေး
ဒီကာလအတွင်း စပ်တူရှယ်ယာများ အထူးအောင်မြင်မည် သို့မဟုတ် ကြားပွဲစားထံအပ်ထားသော လုပ်ငန်း များမှ အောင်မြင်မည်။ ရပ်နားထားသော အလုပ်များကို ပံ့ပိုးကူညီမည့်သူများ ရောက်လာမည်။ ကိုယ်ပိုင်အတတ် ပညာ နှင့် ဆိုင်သောအလုပ်များ လုပ်ဖြစ်မည်။ စျေးဆိုင်များရောင်းအား၊ ဝယ်အားကောင်း နေချိန်ဖြစ်သည်။ မြေယာ၊ ဆောက်လုပ်ရေး၊ စက်မှုဆိုင်ရာများ အကျိုးပေးမည်။ အခွန်နှင့် ကြော်ငြာများကြောင့် ငွေကုန်များမည်။ လူကြီး၊ မိဘ၊ ဆရာ များ၏ စောင့်ရှောက်မှုကို အထူးရနေချိန်ဖြစ်သည်။
မိမိအတတ်ပညာကို ထိရောက်စွာ အသုံးချဖြစ်မည်။ တပည့် များ၏ မှားယွင်းမှုများလည်း ကြုံတွေ့မည်။ အိမ်ထောင်ဖက်နှင့် အလွန်ကြည်နူးပျော်ရွှင်နေမည်။ လွမ်းဆွတ် ကုန်လွန် ခဲ့သော အချိန်နေ့ရက်များကို အစားထိုး၍ ပိုမိုအတိုးချ၍ ချစ်နေမည်။ အချစ်ရေးတွင် လူကြီးမိဘများ ကလည်း သဘောတူ၊ ကိုယ်တိုင်ကလည်း နစ်သက်ကြည်နူးဖွယ်ရာ အချစ်ရေးဖြစ်မည်။
ပညာရေးအတွက် စိတ်အေး နေရ မည်။ မိတ်ဆွေကောင်းတို့၏ ကူညီမှုကိုရရှိမည်။ ဆရာများနှင့် သဘောထားကွဲလွဲ တတ်သည်။ ဝမ်းဖော၊ ဝမ်းရောင် နှင့် အအေးပတ်၍ ဖျားနိုင်ပါသည်။ အစာအဆိပ်ဖြစ်တတ်သည်။ ဒီကာလမှာ သင်ဟာ အိမ်မှာနေရတာ မပျော်ပိုက်ပဲ ဖြစ်နေရပါ လိမ့် မည်။ အကျိုးပေးဂဏန်း ၁/၆/၉အထူးဟော စီးပွားကောင်းလာတတ်ပါတယ်။ယတြာ အကြော် ၅ခုဘုရားကပ်လှူလိုက်ပါ။
#သောကြာ
ဒီကာလအတွင်း အလုပ်အကိုင်များ အေးစက်နေချိန်၊ မိတ်ဆွေများ၊ ဆွေမျိုးများကြောင့် လုပ်ငန်းနှေးကွေး ကြန့်ကြာနေမည်။ ဘာလုပ်လုပ် စိတ်တိုင်းမကျ၊ မိမိအတတ်ပညာနှင့် ရင်းနှီးမြှပ်နှံမှု ငွေကြေးဓနအပေါ် မှီခို၍ ဖေးမ လုပ်ကိုင်နေရမည်။ အတတ်ပညာနှစ်ခု တစ်ပြိုင်နက်တည်း အသုံးပြုနေရမည်။ အရှုပ်ထုပ်များ ရှင်းနေရမည်။ ရန်ပြုခံရမည်။ ခရီးဝေးထွက်ဖြစ်မည်။ သူတစ်ပါး၏ သိမ်းသွင်းမှု ခံရတတ်သည်။
မိသားစုလုပ်ငန်းနှင့် မိခင်၏ အလုပ်များမှ ငွေဝင်မည်။ အေးစက်၍ လမ်းခွဲရန် ကြုံနေသော အိမ်ထောင်ရေးသည် အိမ်ထောင်ဖက်၏ အနေမှန်မှု ကြောင့် အစစ တည်ငြိမ်နေဆဲဖြစ်၏။ သို့သော် ပေါက်ကွဲလုလု ဗုံးပမာ အချိန်မရွေး လမ်းခွဲရန် အသင့်ဖြစ်နေမည်။ သို့မဟုတ်ပါက တစ်နယ်စီဝေးကွာ၍ လွမ်းမောဖွယ် အိမ်ထောင် ရေး ခရီးစဉ် ဖြစ်ပါသည်။ လူလွတ်များ ချစ်သူ ဝိုင်းဝိုင်း လည်၍ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဖြစ်နေမည်။
အနီနားကလူထက် အဝေးက ချစ်သူကို ပိုမိုလှမ်း မျှော်နေမည်။ ပညာရေးကဏ္ဍမှာတော့ ပျော်ရွင်စွာပညာသင် ယူဖြစ်မည်။ အလုပ်နှင့်ပညာ တစ်ထပ်တည်း ကျနေ မည်။ ကျန်းမာရေး အားကောင်းပေမယ့် ဓါးရှနှင့် ဆီပူမီးပူလောင်၊ လျှပ်စစ်ဓါတ်လိုက်မှုများ ကြုံတွေ့နိုင်ပါသည်။ ဆေးစားလည်း မှားတတ် သည်။ အကျိုးပေးဂဏန်း ၁/၄/၃အထူးဟော အနည်းငယ်အလုပ်များ၍ ပင်ပန်းနေရတတ်ပါတယ်။ယတြာ ကိတ်မုန့်နှစ်ချပ် ကလေးတစ်ဦးကို ဝယ်ကျွေးလိုက်ပါ။
#စနေ
ဒီကာလအတွင်း လျှောက်လွှာများ၊ စာရင်းဇယားများကို အရေးတကြီး လုပ်ဆောင်နေဖြစ်မည်။ နာမည်ကြီး ၍ ဂုဏ်သိက္ခာမြင့်မားမည်။ ဧည့်သည်များ ရောက်လာတတ်သည်။ငွေဝင်ကောင်းမည်။ သက်သာစွာလုပ်ကိုင်ရင်း ငွေများ များ ရမည်။ မိဘနှင့် တူသော အမျိုးသမီးများ၏ ကူညီမှုကို ရရှိမည်။ စိန်နှင့် ယာဉ်ကားတို့မှ အကျိုး အမြတ်များရမည်။ အခြားလျှပ်စစ် ဆိုင်ရာ ပစ္စည်းများကြောင့် ငွေကုန်များမည်။ အိမ်ထောင်ရေးတာဝန်များ အလွန် ဖိစီးနေမည်။
ကြီးမား သောကျောက်တုံး ကြီးကို ရွက်ထားသကဲ့သို့ဖြစ်မည်။ အချစ်ရေးတွင်မသိမသာ အချစ်သစ် ကိုပြောင်းချင်သော်လည်း အဟောင်းကို လည်းမစွန့်နိုင် အချစ်ဝဲဂယက်ထဲ လည်နေမည်။ ပညာရေးတွင်ရှေးဟောင်း စာပေနှင့် အဘိဓမ္မာ၊ ဒဿနဘာသာရပ်များကိုလေ့လာခွင့်ရနေမည်။ ရှေးဟောင်းကျမ်းစာအုပ်များ ရလိမ့်မည်။ ဘာသာခြား ဆရာတို့၏ ကူညီမှု ကို ရမည်။
စိုက်ပျိုးရေးသမားများလမ်းနှင့်နီးသော သီးနှံစိုက်ခင်းများ ပိုး၊ ကြွက်တို့၏ ဖျက်ဆီး ခြင်း ခံရမည်။ ရေချိုးမှားတတ် သည်။ အအေးခံ များလွန်း၍ အကြောတတ်၊ လေဖြတ်မှုများ ကြုံတွေ့ရနိုင် ပါသည်။ အထူးသဖြင့် ခြေလက်ထုံကျဉ် နေမည်။ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရတတ်ခြင်း၊ ဒီကြားထဲ သွား တစ်ချောင်း ကလည်း ဒုက္ခပေးပါလိမ့်ဦးမည်။အကျိုးပေးဂဏန်း ၄/၆/၀အထူးဟော ဝီရိယအားကို အထူးစိုက်ထုတ်မှအဆင်ပြေမည်။ယတြာ ထမင်းဆီဆမ်းကို မြေပဲလေးဖြူးပြီးဘုရားကပ်လှူလိုက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
Zawgyi
19.Jan.2023 မွ 25.Jan.2023 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
#တနဂၤေႏြ
ဒီကာလအတြင္း ဆရာ၊ မိဘမ်ား၏အလုပ္ကို ကူညီလုပ္ကိုင္ေပးျခင္းျဖင့္ စီးပြားျဖစ္ထြန္းမည္။ မင္းစိုးရာဇာ မ်ား၏ တာဝန္ကိုလည္း ထမ္းေဆာင္ျဖစ္မည္။ ရာထူးေမွ်ာ္လင့္သူမ်ားအတြက္ ရာထူးတတ္ခ်ိန္ျဖစ္သည္။ စီးပြားေရး သမားမ်ားအတြက္ သတင္းေကာင္းၾကားရၿပီး အစုစပ္ရွယ္ယာမ်ား ပါဝင္လုပ္ေဆာင္ျဖစ္မည္။ အိမ္ေထာင္ေရးတြင္ တတ္ညီ၊ လက္ညီျဖင့္ အလုပ္လုပ္ကိုင္ျဖစ္မည္။ ေနအိမ္ကို အေကာင္းဆုံးျပင္ဆင္ျဖစ္မည္။
ေပ်ာ္႐ႊင္စြာ ရယ္ေမာ ေျပာဆို၍ စားအတူ၊ သြားအတူ ရွိေနမည္။ အခ်စ္ေရးတြင္ ခ်စ္မလို႔ ႀကံ႐ြယ္ကာမွ်ႏွင့္ပင္ အမ်က္ေပၚလာတတ္သည္။ ခ်စ္သူရွိေနေသာသူမ်ားလည္း လမ္းခြဲရတတ္သည္။ အခ်စ္ႏွင့္ပတ္သက္၍ စိတ္တိုင္းမက်ျဖစ္ေနစဥ္ ေလးစား ျမတ္ႏိုး ေနာက္တစ္ဦးကို ရင္ထဲမွ တိတ္တခိုး ခ်စ္မိေနလိမ့္မည္။ ပညာေရးတြင္ လက္ေတြ႕ထက္ အေတြးအေခၚႏွင့္ ႏွီးေႏွာ ေျပာဆိုမႈ ပညာရပ္မ်ားကို စိတ္ဝင္စားေနမည္။
ေနာက္ပိုင္းတြင္ အလြန္ေတာ္ေသာ ဆရာမ်ားႏွင့္ ေတြ႕လိမ့္မည္။ ဆရာသစ္မ်ားေၾကာင့္ ပညာေရး ပိုမိုေတာ္လာမည္။ က်န္းမာေရးမွာ ဆီးက်ိတ္ေရာင္ျခင္းႏွင့္အတူ ဆီးေရာဂါပါ ျဖစ္ႏိုင္ပါသည္။ ရင္က်ပ္၊ ေခ်ာင္းဆိုးေရာဂါမ်ားလည္း ျဖစ္ႏိုင္ပါသည္။ သတိလက္လြတ္သြားမိစဥ္ ဘယ္ဘက္ ဒူးေခါင္း ဒဏ္ရာရႏိုင္သည္။ အက်ိဳးေပးဂဏန္း ၃/၆/၅အထူးေဟာ လူအမ်ားရဲ႕ယုံၾကည္အားကိုးျခင္းကိုခံရတတ္ပါတယ္။ယၾတာ စံပယ္ပန္းေလးေတြ ဘုရားမွာေဝေနေအာင္လႉေပးပါ။
#တနလၤာ
ဒီကာလအတြင္း ရစရာေတြ မ်ားစြာရွိေနေသာ္လည္း ေတာင္းရခက္ခဲေနမည္။ ကုန္က်စရိတ္ေတြမ်ားေနမည္။ အစုစပ္ရွယ္ယာမ်ားမွ ခြဲထြက္ျဖစ္မည္။ စီးပြားေရး ၿပိဳင္ဘက္မ်ားစြာ ေပၚလာမည္။ လူမ်ိဳးျခား၊ ဘာသာျခား မ်ားက သင့္ကို အကူအညီမ်ားစြာ ေပးၾကလိမ့္မည္။ ခ်စ္သူမ်ား စိတ္ဆိုးမႈေတြကြယ္ေပ်ာက္ၿပီး စာနာနားလည္မႈအျပည့္ျဖင့္ ခြင့္လႊတ္ေနျဖစ္မည္။ ပညာေရးကံအထူးေကာင္းေနမည္။ လက္ေတြ႕အသုံးခ်ပညာရပ္မ်ားကို လုပ္ငန္းရွင္မ်ား၏ အကူအညီျဖင့္ သင္ယူေနျဖစ္မည္။
တစ္ကိုယ္လုံးနာက်င္ကိုက္ခဲ ေညာင္းညာေနမည္။ အထူးသျဖင့္ ညာဖက္ေပါင္ အေၾကာတတ္ေနမည္။ မ်က္ႏွာမွာ အဖုအပိန႔္မ်ားေပၚလာမည္။ ရည္႐ြယ္ခ်က္မ်ားေနသည္။ အေတြးေတြ မ်ားေန သည္။ အလုပ္ေတြ တစ္ခုမက လုပ္ခ်င္ေနသည္။ လုပ္လည္းလုပ္ေနသည္။ လုပ္ေသာ လုပ္ငန္းတိုင္းကို ကိုယ္ကလြဲ လို႔ သူတစ္ပါးမသိေအာင္ လွ်ိဳ႕ဝွက္လုပ္ပါ။ရစရာရွိေသာေငြေၾကးမ်ား မရတတ္ေသးပါ။ ေငြလိမ္ခံရကိန္းရွိသည္။
စက္၊ ပစၥည္း အဝင္အထြက္ျမင္သည္။အလုပ္အကိုင္ ႏွင့္ပတ္သတ္၍ ထစ္ေငါ့ၿပီးမွေအာင္ျမင္မည္။ စက္၊ ေ႐ႊ အဝင္အထြက္ ရွိသည္။ မိဘသား ခ်င္းတို႔ အတြက္ စိတ္ရႈပ္ရတတ္သည္။စပ္တူရွယ္ယာမလုပ္သင့္ပါ။စကားေျပာ ဆင္ျခင္ ပါ။ စကား ရႈပ္တတ္သည္။ အသြားအလာဆင္ျခင္ပါ။အက်ိဳးေပးဂဏန္း ၁/၅/၇အထူးေဟာ မလိုအပ္ဘဲ ေငြအပိုမသုံးမိပါေစနဲ႔။ယၾတာ ႏွင္းဆီပန္းဘုရားကပ္လႉလိုက္ပါ။
#အဂၤါ
ဒီကာလမ်ားအတြင္း ဇာတာရွင္သည္ လက္ရွိအလုပ္ေနရာကေန တျခားကို ေျပာင္းလဲခ်င္တဲ့စိတ္ေတြ ေပၚ ေပါက္ လာေနတတ္ပါတယ္။ မေျပာင္းပါႏွင့္။ ေနာက္ေျပာင္းတဲ့ အလုပ္ကလည္း အက်ိဳးမေပးပါဘူး။ မထင္မွတ္တဲ့ ခရီးေတြ၊ မရည္႐ြယ္တဲ့ ခရီးေတြလည္း သြားရတတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္း လုပ္ေနတဲ့သူေတြအဖို႔ အလုပ္မွာ ပ်က္စီးဆုံးရႈံးမႈေတြ မ်ားေနရတတ္ပါတယ္။ ေငြေပ်ာက္ျခင္း၊ ေႂကြးတင္ျခင္း၊ ေငြအတြက္ ေျဖရွင္းရျခင္း မ်ိဳးလည္း ႀကဳံေတြ႕ရတတ္ပါသည္။
အိမ္ေထာင္သည္ေတြအဖို႔ အိမ္ေထာင္ဖက္နဲ႔ စိတ္ဝမ္းကြဲျခင္းမ်ိဳး ႀကဳံေတြ႕ရတတ္ ပါသည္။ ေျမတစ္ကြက္ ဝင္လာတတ္ပါသည္။ ကိုယ့္ကို အက်ိဳးေပးမယ့္ ပညာရပ္တစ္ခု သင္ၾကားရတတ္ပါသည္။ ထီကံ ေကာင္းတဲ့ ကာလျဖစ္ေန၍ ထီကံစမ္းေပးပါ။ ႏိုင္ငံျခားႏွင့္ ပတ္သက္ေသာကိစၥမ်ား ေအာင္ျမင္တတ္ပါတယ္။ ခရီးသြားဖို႔ ႀကံ႐ြယ္ထားရင္ေတာ့ ဒီကာလအတြင္း သြားလိုက္ပါ။ ေအာင္ျမင္မႈေတြ ရတတ္ပါတယ္။
ဒီအခ်ိန္မွာ အိမ္ျပင္၊ အိမ္ေဆာက္ျခင္း၊ အေရာင္းအဝယ္လုပ္ျခင္း ေတြကို လုံးဝမလုပ္ပါႏွင့္။ အဆင္မေျပတတ္ပါ။ အေပ်ာ္ ခရီးလည္း လုံးဝမသြားပါႏွင့္။ အသြားအလာ ဆင္ျခင္မွသာ ကံေကာင္းပါလိမ့္မည္။ က်န္းမာေရးလည္း နည္းနည္း ညံ့တတ္ ပါတယ္။အက်ိဳးေပးဂဏန္း ၂/၃/၇အထူးေဟာ အိမ္တြင္းေရးျပႆနာေလးေတြမ်ားေနရတတ္ပါတယ္။ယၾတာ ေဆးအလႉေလးေတြမ်ားမ်ားလုပ္ေပးပါ။
#ဗုဒၶဟူး/ရာဟု
ဒီကာလအတြင္း လူႀကီးမ်ား၏ တာဝန္ေပးမႈမ်ားကို တစ္ခုၿပီးတစ္ခုေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္သျဖင့္ ေအာင္ျမင္မႈႏွင့္ ေငြေၾကးမ်ား ရရွိေနမည္။ လွ်ိဳ႕ဝွက္ေသာ စီးပြားေရးသတင္းေကာင္းမ်ား ၾကားရမည္။ အမ်ိဳးသမီး မ်ားေၾကာင့္ စီးပြားေရးမ်ား ေႏွာင့္ေႏွးၾကန႔္ၾကာမည္။ သို႔မဟုတ္ ဆုံးရႈံးႏိုင္သည္။ အိမ္ေထာင္ဖက္ေၾကာင့္ ဂုဏ္သိကၡာ တတ္ေနမည္။ သားသမီးတို႔အတြက္ လင္မယား စကားအနည္းငယ္ေျပာရမည္။
ေဆြမ်ိဳးမ်ား အလုပ္ကိစၥျဖင့္ အိမ္သို႔ ေရာက္ ရွိလာမည္။ ရင္းႏွီးသူမ်ား၏ ပညာေရးေထာက္ပံ့ကူညီမႈမ်ား ရရွိမည္။ ေအးေဆးစြာ ပညာသင္ၾကားလိုစိတ္ မ်ားျဖစ္ေပၚေနမည္။အလုပ္ထက္လူသားအမ်ားအက်ိဳးျပဳပရဟိတမ်ားလုပ္ခ်င္ေနျဖစ္မည္။ အခ်စ္ေရးတြင္ အသက္ ႀကီးသူကိုမွ ေလးေလး စားစား ျမတ္ႏိုးတြယ္တာတတ္သည္။ ႏွလုံးသားထက္ ဦးေဏွာက္ကို ပိုမိုဦးစားေပးခ်စ္ေန မည္။ အတိုက္အခံေတြရွိ ေနသည္။ ေက်ာ္လႊားျဖစ္မည္။
ဆုံးျဖတ္ရခက္ေသာ ျပသာနာတို႔ႀကဳံေတြ႕မည္။ မေရာက္ ဖူးေသာ ခရီးတို႔ထြက္ျဖစ္မည္။ အရင္းႏွီးဆုံး သူငယ္ခ်င္းမ်ား စိတ္ဝမ္းကြဲမည္။အလုပ္အကိုင္တြင္ တိုးတက္မႈ ေျပာင္း လဲမႈ ေ႐ႊ႕ ေျပာင္းမႈမ်ား ျဖစ္မည္။မိသားစု အတြင္း ႀကီးသူတစ္ေယာက္ က်န္းမာေရး ခ်ဳုခ်ာမည္။ မိမိရဲ႕က်န္းမာေရး မွာ အေၾကာ၊ အဆစ္ႏွင့္ပတ္သတ္၍ ခ်ဳခ်ာတတ္သည္။အက်ိဳးေပးဂဏန္း ၂/၅/၈အထူးေဟာ ကံအေကာင္းေလးေတြမ်ားပါတယ္။ယၾတာ ငွက္ေပ်ာ္သီးမွည့္တစ္ဖီး ရဟန္းတစ္ပါးကိုေလာင္းလႉလိုက္ပါ။
#ၾကာသပေတး
ဒီကာလအတြင္း စပ္တူရွယ္ယာမ်ား အထူးေအာင္ျမင္မည္ သို႔မဟုတ္ ၾကားပြဲစားထံအပ္ထားေသာ လုပ္ငန္း မ်ားမွ ေအာင္ျမင္မည္။ ရပ္နားထားေသာ အလုပ္မ်ားကို ပံ့ပိုးကူညီမည့္သူမ်ား ေရာက္လာမည္။ ကိုယ္ပိုင္အတတ္ ပညာ ႏွင့္ ဆိုင္ေသာအလုပ္မ်ား လုပ္ျဖစ္မည္။ ေစ်းဆိုင္မ်ားေရာင္းအား၊ ဝယ္အားေကာင္း ေနခ်ိန္ျဖစ္သည္။ ေျမယာ၊ ေဆာက္လုပ္ေရး၊ စက္မႈဆိုင္ရာမ်ား အက်ိဳးေပးမည္။ အခြန္ႏွင့္ ေၾကာ္ျငာမ်ားေၾကာင့္ ေငြကုန္မ်ားမည္။ လူႀကီး၊ မိဘ၊ ဆရာ မ်ား၏ ေစာင့္ေရွာက္မႈကို အထူးရေနခ်ိန္ျဖစ္သည္။
မိမိအတတ္ပညာကို ထိေရာက္စြာ အသုံးခ်ျဖစ္မည္။ တပည့္ မ်ား၏ မွားယြင္းမႈမ်ားလည္း ႀကဳံေတြ႕မည္။ အိမ္ေထာင္ဖက္ႏွင့္ အလြန္ၾကည္ႏူးေပ်ာ္႐ႊင္ေနမည္။ လြမ္းဆြတ္ ကုန္လြန္ ခဲ့ေသာ အခ်ိန္ေန႔ရက္မ်ားကို အစားထိုး၍ ပိုမိုအတိုးခ်၍ ခ်စ္ေနမည္။ အခ်စ္ေရးတြင္ လူႀကီးမိဘမ်ား ကလည္း သေဘာတူ၊ ကိုယ္တိုင္ကလည္း နစ္သက္ၾကည္ႏူးဖြယ္ရာ အခ်စ္ေရးျဖစ္မည္။
ပညာေရးအတြက္ စိတ္ေအး ေနရ မည္။ မိတ္ေဆြေကာင္းတို႔၏ ကူညီမႈကိုရရွိမည္။ ဆရာမ်ားႏွင့္ သေဘာထားကြဲလြဲ တတ္သည္။ ဝမ္းေဖာ၊ ဝမ္းေရာင္ ႏွင့္ အေအးပတ္၍ ဖ်ားႏိုင္ပါသည္။ အစာအဆိပ္ျဖစ္တတ္သည္။ ဒီကာလမွာ သင္ဟာ အိမ္မွာေနရတာ မေပ်ာ္ပိုက္ပဲ ျဖစ္ေနရပါ လိမ့္ မည္။ အက်ိဳးေပးဂဏန္း ၁/၆/၉အထူးေဟာ စီးပြားေကာင္းလာတတ္ပါတယ္။ယၾတာ အေၾကာ္ ၅ခုဘုရားကပ္လႉလိုက္ပါ။
#ေသာၾကာ
ဒီကာလအတြင္း အလုပ္အကိုင္မ်ား ေအးစက္ေနခ်ိန္၊ မိတ္ေဆြမ်ား၊ ေဆြမ်ိဳးမ်ားေၾကာင့္ လုပ္ငန္းေႏွးေကြး ၾကန႔္ၾကာေနမည္။ ဘာလုပ္လုပ္ စိတ္တိုင္းမက်၊ မိမိအတတ္ပညာႏွင့္ ရင္းႏွီးျမႇပ္ႏွံမႈ ေငြေၾကးဓနအေပၚ မွီခို၍ ေဖးမ လုပ္ကိုင္ေနရမည္။ အတတ္ပညာႏွစ္ခု တစ္ၿပိဳင္နက္တည္း အသုံးျပဳေနရမည္။ အရႈပ္ထုပ္မ်ား ရွင္းေနရမည္။ ရန္ျပဳခံရမည္။ ခရီးေဝးထြက္ျဖစ္မည္။ သူတစ္ပါး၏ သိမ္းသြင္းမႈ ခံရတတ္သည္။
မိသားစုလုပ္ငန္းႏွင့္ မိခင္၏ အလုပ္မ်ားမွ ေငြဝင္မည္။ ေအးစက္၍ လမ္းခြဲရန္ ႀကဳံေနေသာ အိမ္ေထာင္ေရးသည္ အိမ္ေထာင္ဖက္၏ အေနမွန္မႈ ေၾကာင့္ အစစ တည္ၿငိမ္ေနဆဲျဖစ္၏။ သို႔ေသာ္ ေပါက္ကြဲလုလု ဗုံးပမာ အခ်ိန္မေ႐ြး လမ္းခြဲရန္ အသင့္ျဖစ္ေနမည္။ သို႔မဟုတ္ပါက တစ္နယ္စီေဝးကြာ၍ လြမ္းေမာဖြယ္ အိမ္ေထာင္ ေရး ခရီးစဥ္ ျဖစ္ပါသည္။ လူလြတ္မ်ား ခ်စ္သူ ဝိုင္းဝိုင္း လည္၍ ပ်ိဳတိုင္းႀကိဳက္ေသာ ႏွင္းဆီခိုင္ ျဖစ္ေနမည္။
အနီနားကလူထက္ အေဝးက ခ်စ္သူကို ပိုမိုလွမ္း ေမွ်ာ္ေနမည္။ ပညာေရးက႑မွာေတာ့ ေပ်ာ္႐ြင္စြာပညာသင္ ယူျဖစ္မည္။ အလုပ္ႏွင့္ပညာ တစ္ထပ္တည္း က်ေန မည္။ က်န္းမာေရး အားေကာင္းေပမယ့္ ဓါးရွႏွင့္ ဆီပူမီးပူေလာင္၊ လွ်ပ္စစ္ဓါတ္လိုက္မႈမ်ား ႀကဳံေတြ႕ႏိုင္ပါသည္။ ေဆးစားလည္း မွားတတ္ သည္။ အက်ိဳးေပးဂဏန္း ၁/၄/၃အထူးေဟာ အနည္းငယ္အလုပ္မ်ား၍ ပင္ပန္းေနရတတ္ပါတယ္။ယၾတာ ကိတ္မုန႔္ႏွစ္ခ်ပ္ ကေလးတစ္ဦးကို ဝယ္ေကြၽးလိုက္ပါ။
#စေန
ဒီကာလအတြင္း ေလွ်ာက္လႊာမ်ား၊ စာရင္းဇယားမ်ားကို အေရးတႀကီး လုပ္ေဆာင္ေနျဖစ္မည္။ နာမည္ႀကီး ၍ ဂုဏ္သိကၡာျမင့္မားမည္။ ဧည့္သည္မ်ား ေရာက္လာတတ္သည္။ေငြဝင္ေကာင္းမည္။ သက္သာစြာလုပ္ကိုင္ရင္း ေငြမ်ား မ်ား ရမည္။ မိဘႏွင့္ တူေသာ အမ်ိဳးသမီးမ်ား၏ ကူညီမႈကို ရရွိမည္။ စိန္ႏွင့္ ယာဥ္ကားတို႔မွ အက်ိဳး အျမတ္မ်ားရမည္။ အျခားလွ်ပ္စစ္ ဆိုင္ရာ ပစၥည္းမ်ားေၾကာင့္ ေငြကုန္မ်ားမည္။ အိမ္ေထာင္ေရးတာဝန္မ်ား အလြန္ ဖိစီးေနမည္။
ႀကီးမား ေသာေက်ာက္တုံး ႀကီးကို ႐ြက္ထားသကဲ့သို႔ျဖစ္မည္။ အခ်စ္ေရးတြင္မသိမသာ အခ်စ္သစ္ ကိုေျပာင္းခ်င္ေသာ္လည္း အေဟာင္းကို လည္းမစြန႔္ႏိုင္ အခ်စ္ဝဲဂယက္ထဲ လည္ေနမည္။ ပညာေရးတြင္ေရွးေဟာင္း စာေပႏွင့္ အဘိဓမၼာ၊ ဒႆနဘာသာရပ္မ်ားကိုေလ့လာခြင့္ရေနမည္။ ေရွးေဟာင္းက်မ္းစာအုပ္မ်ား ရလိမ့္မည္။ ဘာသာျခား ဆရာတို႔၏ ကူညီမႈ ကို ရမည္။
စိုက္ပ်ိဳးေရးသမားမ်ားလမ္းႏွင့္နီးေသာ သီးႏွံစိုက္ခင္းမ်ား ပိုး၊ ႂကြက္တို႔၏ ဖ်က္ဆီး ျခင္း ခံရမည္။ ေရခ်ိဳးမွားတတ္ သည္။ အေအးခံ မ်ားလြန္း၍ အေၾကာတတ္၊ ေလျဖတ္မႈမ်ား ႀကဳံေတြ႕ရႏိုင္ ပါသည္။ အထူးသျဖင့္ ေျခလက္ထုံက်ဥ္ ေနမည္။ ေျခေထာက္မွာ ထိခိုက္ဒဏ္ရာရတတ္ျခင္း၊ ဒီၾကားထဲ သြား တစ္ေခ်ာင္း ကလည္း ဒုကၡေပးပါလိမ့္ဦးမည္။အက်ိဳးေပးဂဏန္း ၄/၆/၀အထူးေဟာ ဝီရိယအားကို အထူးစိုက္ထုတ္မွအဆင္ေျပမည္။ယၾတာ ထမင္းဆီဆမ္းကို ေျမပဲေလးျဖဴးၿပီးဘုရားကပ္လႉလိုက္ပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695