Knowledge

မန်းသူ မန်းသားတွေသာ သုံးတတ်တဲ့ ထူးခြားတဲ့ အသုံးအနှုန်း (10) ခွန်း..

မန္တလေးမှာသာ ကြားရလေ့ရှိပြီး မန်းသူ မန်းသားတွေသာ သုံးတက်တဲ့ ထူးခြားတဲ့ အသုံးအနှုန်း (10) ခွန်း..

ဒီနေ့မှာတော့ မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း(10)မျိုး ကို ရှင်းပြချင်လို့ပါ။

ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။

(၁) မုန့်တီ

မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်း မမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစား အများကြီးရှိလို့ပါပဲ။

ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလားဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ် အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

မန္တလေးမုန့်တီ စားမယ်ဆိုရင် နန်းသေး= 0.1 – 0.2 cm၊ နန်းလတ် = 0.4 – 0.5 cm၊ နန်းကြီး = 0.7 – 0.8 cm ဆိုပြီး ဆိုဒ်အရွယ်အစား (3) မျိုး ရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့ခိုတောင်နန်းလို့ ခေါ်တဲ့ 0.3 – 0.4 cm ဆိုဒ်ကို အများဆုံး အသုံးပြုပါတယ်။

ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ် စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီ အမျိုးအစားနဲ့ နန်း အမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။

(၂) မုန့်ဟင်းခါး သောက်မယ်

မန္တလေးမှာ မုန့်ဟင်းခါး သုံးဆောင်တာကို “မုန့်ဟင်းခါး စားတယ်” လို့ မသုံးနှုန်းဘဲ “ မုန့်ဟင်းခါး သောက်တယ် ” လို့ သုံးကြပါတယ်။

မန္တလေးရဲ့ မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည် မပျစ်၊ ငါးအဖတ် မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ် နည်းနည်းနဲ့ ချက်ကြတာမို့ “သောက်တယ်”လို့ သုံးကြတာ ဖြစ်ပါတယ်။

(၃) မန္တလေး ထမင်းပေါင်း

မန္တလေးမှာ ထမင်းပေါင်း တစ်ပွဲပေးပါလို့ မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့ နယ်ထားပြီး မြေပဲဆံ ဖြူးထားတဲ့ အသားကြော်၊ အသားကင် များများပါတဲ့ ထမင်းတစ်ပွဲရောက်လာပါလိမ့်မယ်။

ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက် ကြော်ထားတာမျိုး တွေ့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် မန္တလေးမှာ ထမင်းပေါင်း မှာစားရင် မန္တလေးထမင်းပေါင်းလားရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့ လိုပါလိမ့်မယ်နော်။

(၄) တိုရ / ပဲပင်ပေါက်

မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက “တိုရ ထည့်မလား” လို့ ပြန်မေးတတ်ကြပါတယ်။ “တိုရ”ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။

ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့ အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုးပါ။ မြီးရှည်ဆိုတဲ့စကားလုံးကိုကတရုတ်လို 米線(Mǐxiàn) “မီရှန့်”ကနေ ဆင်းသက် လာတာပါ။

ဒါကြောင့် မြီးရှည်ထဲ ထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá) ”တို့ရာ” ကနေ ဆင်းသက်လာပြီး မြန်မာလို “တိုရ” ဖြစ်သွားပါတယ်။

(၅) ခါကျက်ဥ

ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေက ရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာ တာပါပဲ။

ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေ အမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာ ဖြစ်ပါတယ်။(Gaajar Root)= ခါကျက်ဥ၊ (Aloo)= အာလူး၊ (Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပေါ့

(၆) ဒူးမလိုင်

မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှ မပါတဲ့ မလိုင်စစ်စစ် တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ ဒူးရင်းသီးမပါတာလဲ မေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။

ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး…Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။

ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကိုအလွယ်တကူ ခေါ်တဲ့ စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့ လိုပါတယ်နော်။

(၇) Co Co / ခေါခေါ

မန္တလေးမြို့အနှံမှာ တွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများ ကို မန္တလေးသူ မန္တလေးသားများက “ခေါခေါ” လို့သာ ခေါ်ကြပါတယ်။

တခြားမြို့က လာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ ခေါ်ရသလဲဆိုတာကလည်းသမိုင်းကြောင်း ရှိပါတယ်။

Co Co ဟာ မူလက “ခေါခေါ” ဆိုတဲ့ နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀) ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။

ဒါကြောင့်မို့ဒီဆိုင်ကို ခေါခေါ လို့သာ လူသိ များခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့ နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့ အတိုင်း ခေါခေါလို့သာ ဆက်လက် ခေါ်ဆိုနေကြခြင်း ဖြစ်ပါတယ်။

(၈) တပြ၊ နှစ်ပြ

နေရာ တစ်ခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင်ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။

တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ “ပြ” ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ

မင်းတုန်းမင်း လက်ထက်ကတည်းက မြနန်းစံကျော် ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအို းတစ်ခုစီတိုင်းနဲ့ တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။

လေးထောင့် မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂) ခု အတိအကျ ခွဲထားတာမို့ ပြအိုးတစ်ခုနဲ့ တစ်ခုဟာ တာ(၅၀) ကွာဝေး ပါတယ်။

အခုခေတ် အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀) ဝန်းကျင်ပါ။ဒါကြောင့် ပြအိုး တခုခြားတိုင်း လမ်းတခု ရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက် ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။

မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကို အနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ် – ညာ မသုံးဘဲ အရှေ့၊အနောက်၊ တောင်၊ မြောက်ကို ရည်ညွှန်း ပြောတတ်ကြပါတယ်..။

(၉) ဘူတာကြီး

မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို “ကြီး” ထည့်ပြီး ဘာလို့ ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩ ဖြစ်တတ် ကြပါတယ်။

တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစ ကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုး ရှိခဲ့လို့ပါပဲ။

မနှင်းဆီ ရထားဟာ ဈေးချို – မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေ အဓိကသယ်ဆောင်ပါတယ်။ ဘူတာလေးဟာယခုမန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ 1920 ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့ မရှိတော့ပါဘူး။

လမ်း(30) -(78) လမ်းဆုံမှာ တည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားကြီးများ ဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။

ဘူတာ နှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ဘူတာလေးလို့ ခွဲခြား ခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို “ဘူတာကြီး”လို့ပဲ ဆက်လက် ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

(၁၀) ကျွန်တော်

မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် “ ကျွန်တော်/ ကျနော်” ဆိုတဲ့ နာမ်စား သုံးလေ့ ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် “ကျွန်တော်…ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ” ဆိုပြီး ထည့်သွင်း ဖွဲ့ဆိုခဲ့ပါတယ်။

နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီး ခင်သန်းနု(ထား)က မန္တလေးဆန်တဲ့ “ကျွန်တော်” ဆိုတဲ့ နာမ်စား ထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည် ဖြုတ်ချ ခဲ့ဖူးပါတယ်။

ကျွန်တော်ဆိုတဲ့ နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာ ယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော အမျိုးသမီးရော အသုံးပြုတဲ့ နာမ်စား ဖြစ်ပါတယ်။

မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံး စိုးစံခဲ့တဲ့ မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကို နှိမ့်ချ သုံးနှုန်းတာပါ။

ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ် မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့ စကားကို ဒီနေ့ထိ အမျိုးသားရော အမျိုးသမီးပါ ဆက်လက် သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။

မသိသေးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင်လည်း ယဉ်နှောင်းရဲ့ ဒီစာလေးကို share ပေးလို့ရပါတယ်နော်…။

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။



























(၇) Co Co / ခေါခေါ

မန်တလေးမွို့အနှံမှာ တှေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုငျငယျလေးမြား ကို မန်တလေးသူ မန်တလေးသားမြားက “ခေါခေါ” လို့သာ ခေါျကွပါတယျ။











(၉) ဘူတာကွီး

မန်တလေးသူ၊ မန်တလေးသားတှကေ သူတို့မွို့က ဘူတာကို “ကွီး” ထည့ျပွီး ဘာလို့ ခေါျကွတာလဲရယျလို့ တခွားမွို့သူမွို့သားတှကေ တအံ့တဩ ဖွဈတတျ ကွပါတယျ။

တကယျတော့ မန်တလေးမှာ ပါတောျမူပွီးစ ကာလမြားက ဘူတာကွီးနဲ့ ဘူတာလေး ရယျလို့ နှဈမြိုး ရှိခဲ့လို့ပါပဲ။










