Weather

ယနေ့မှစပြီး ဖေဖော်ဝါရီလပထမပတ်အထိ အအေး ပိုနေပါလိမ့်ဦးမယ်

20/01/2023 ယနေ့မှစပြီး ဖေဖော်ဝါရီလပထမပတ်အထိ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ အေးမြသာယာနေပါဦးမယ် မိုးရွာနိုင်တဲ့

အလားအလာမရှိပါဘူး

Jet stream winds

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေကို 250mbar(kmh) ဂျက်လေစီးကြောင်းဖြတ်သန်းနေတာဖြစ်လို့ ၂၀၂၃ ဇန်နဝါရီလ. ၂၅ရက်နေ့အထိ အအေးပိုနေပါလိမ့်ဦးမယ်

ရွှေမန္တလေးတိုင်း ယနေ့မှစပြီး ၂၀၂၃ ဖော်ဖော်ဝါရီလ ပထမပတ်အထိ အေးမြသာယာတဲ့ဆောင်းဥတုလေးကိုရရှိပါလိမ့်မယ် မိုးရွာသွန်းခြင်းမရှိနိုင်ပါဘူး

မကွေးတိုင်းဒေသကြီးကတော့ ယနေ့မှစ၍၂၀၂၃ ဖေဖော်ဝါရီလ ပထမပတ်အထိ အေးမြသာယာနေပါလိမ့်မယ် မိုးရွာသွန်းမှုမရှိနိုင်ပါဘူး

တောင်ကြီးခရိုင် 🌸🌸🌸

ယခုတစ်ပတ်အတွင်း အနိမ့်ဆုံးအပူချိန် 7°C အထိအပူချိန်များကျဆင်းကာအအေးပိုစေနိုင်ပါတယ်ပန်းချယ်ရီပွင့်တဲ့တောင်တန်း🌸🌸🌸နှင်းမြူဆိုင်းတဲ့တောင်တန်းမောရှမ်းတို့ရဲ့မွေးမြေ ရှမ်းပြည်နယ်ကစရာ❄❄❄🌻🌻🌻🌼🌼🌼🌸🌸🌸

Thank you for this cool weather. ❄❄❄❄

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာ အေးမြသာယာတဲ့ဆောင်းဥတုကိုရရှိနေမှာဖြစ်ပြီး

ဆားလုပ်ငန်း အုတ်လုပ်ငန်း ရာဘာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူတွေအတွက်လည်း မိုးရွာသွန်းနိုင်တဲ့ အလားအလာအခြေအနေမရှိပါဘူး

၂၀၂၄ ခုနှစ်မှာ ElNino အယ်နီညိုရာသီဥတုဖြစ်ပေါ်လာနိုင်ပါတယ်

မိုးခေါင်ရေရှားမှု အပူလွန်ကဲမှု၏ သက်ရောက်မှုများကို အိန္ဒိယနိုင်ငံ သိရိလင်္ကာနိုင်ငံ အာဖရိကတိုက်တောင်ပိုင်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာသက်ရောက်နိုင်သဖြင့် အထူးသတိထားစောင့်ကြည့်ရပါတော့မယ် အယ်နီညိုရာသီဥတုကြောင့်ဖြစ်ပေါ်နိုင်တဲ့ဆိုးကျိုးတွေကို ကြိုတင်ပြင်ဆင်နိုင်ကြစေရန်တင်ပေးထားပြီးလည်းဖြစ်ပါတယ်

ဆက်လက်ပြီး အချိန်နှင့်တပြေးညီစောင့်ကြည့်ထောက်လှမ်းပြီး သတိပေးချက်ခန့်မှန်းချက် မည်သို့မည်ပုံကာကွယ်ရမည့်အချက်များကို တင်ပေးသွားပါမယ် တစ်နှစ်ကြိုတင်ခန့်မှန်းပေးထားတာဖြစ်ပါတယ် share ပေးထားကြပါ

သဘာဝဟာ သဘာဝပါ

လာနီညာနှင့်အယ်နီညို နှိုင်းယှဥ်ချက်

လာနီညာရာသီဥတုက အေးမြမျှတဲ့ရာသီဥတုကိုပေးတယ်အယ်နီညိုကတော့ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကိုပေးသလို မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးခြင်းနှင့် မိုးခေါင်ရေရှားခြင်းစတဲ့ဆိုးကျိုးတွေကိုပေးတယ် သဘာဝတရားကြီးကိုလွန်ဆန်လို့မရပါဘူး

အယ်နီညို အကြောင်းသိကောင်းစရာများ

အယ်နီညိုဖြစ်စဥ်ဖြစ်ရင် ကမ္ဘာ့ဒေသအချို့မှာ တောမီးလောင်ခြင်း မိုးသည်းထန်စွာရွာခြင်း၊ ရေကြီးခြင်းနှင့်ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှားခြင်း ကဲ့သို့သော ဆက်စပ်အန္တရာယ်တွေဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့် မိုးလေဝသနှင့်ရာသီဥတုကိုကြိုတင်သိရှိကြဖို့လိုပါတယ်

ဒါမှလည်း ဘယ်လိုကြိုပြင်ပြင်ဆင်ကာကွယ်ကြပြီး အန္တရာယ်တွေကနေကျော်လွှားလွတ်မြောက်နိုင်ပါတယ် မင်းဂွတ်သီးလေးကတော့ မိမိနိုင်ငံနှင့် မိမိလူမျိုးတွေအားလုံးအတွက် ရာသီဥတုနှင့်မိုးလေဝသအခြေအနေတွေကို အချိန်နှင်တပြေးညီကြိုတင်ခန့်မှန်းပေးနိုင်ရန်အတွက်မိမိလေ့လာဆည်းပူသင်ယူတတ်မြောက်ထားတဲ့

#METEOROLOGY ပညာရပ်ဖြင့်အစွမ်းကုန်ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်

အယ်နီညိုဆိုလို့လန့်မသွားကြပါနဲ့ ၂၀၂၄မှာဖြစ်ပေါ်နိုင်တဲ့အလားအလာရှိလို့ စောင့်ကြည့်ထောက်လှမ်းပြီး ကြိုတင်ပြင်ဆင်နိုင်ကြစေရန်သတိပေးနေခဲ့တာဖြစ်ပါတယ် အခုလောလောဆယ် polarvortex ကျဆင်းလာခြင်းမရှိသေးပါဘူး လာနီညာရာသီဥတုပါ မကြာမှိကြားနေအဆင့်ကိုတော့ရောက်ရှိလာနိုင်ပါတယ်

Hello February 2023

#Pacific #equatorial ပင်လယ်ရှိ အပူချိန် ကွဲလွဲမှုများ #ဖေဖော်ဝါရီလတွင် ယခင်မျှော်မှန်းထားသည့်အတိုင်း 👉 LaNiña က နှုတ်ဆက်ပြီး ကြားနေရေး အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပါသေးတယ်

မြန်မာနိုင်ငံမှာအေးမြသာယာနေဦးမှာဖြစ်ပါတယ် မတ်လ ဧပြီလတွေမှာ ကြားနေစစ်စစ်ကိုကူးပြောင်းသွားနိုင်သဖြင့် နွေရာသီအပူချိန်တိုးလာနိုင်ပါတယ် အယ်နီညိုမဟုတ်သေးပါဘူး ကြားနေဖြစ်လို့ ဆိုးရွားပြင်းထန်တဲ့ heat wave မဖြစ်ပေါ်နိုင်သေးပါ

လာမယ့်နှစ် ၂၀၂၄ နွေရာသီမှာ အယ်နီညိုညွှန်းကိန်းပိုမိုပြင်းထန်လာနိုင်တာကိုတော့ စောင့်ကြည့်ရပါလိမ့်ဦးမယ်

မင်း ဂွတ် သီး Su Su San