Knowledge

အောင်မြင်သော စျေးရောင်းနည်း လျှို့ဝှက်ချက် (၁၆)ချက်

အောင်မြင်သော စျေးရောင်းနည်း လျှို့ဝှက်ချက် (၁၆) ချက်

စျေးရောင်းကောင်းပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လိုသူတိုင်းအတွက် စျေးရောင်းနည်းလျှို့ဝျက်ချက်များနှင့် “မ

အောင်မြင်သောဈေးဆိုင်များ ၏ အလွဲများ”ကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည်လိုက်လျောညီထွေ မှုမရှိခြင်း။
ဥပမာ။ ။ဆောက်လုပ်ရေး ပစ္စည်း ဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။ တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသားလက်လုပ်လက်စားရပ်ကွက်မှာဖွင့်လှစ်ခြင်း။

(၂) ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း
စိတ်မရှည်ခြင်း။ရှင်းမပြချင်ခြင်း၊ တခုမှ နှစ်ခု မပြလိုခြင်း။ဒီဟာက ဈေးကြီးတယ်စသဖြင့် ဈေးဝယ် အားနှိမ့်ချပြောဆိုခြင်း။

(၃) ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်း

(၄) မိမိရောင်းချသောကုန်စည်များအားမိမိကိုယ်တိုင်ထဲထဲဝင်ဝင်သိနားလည်မှုမရှိခြင်း။

(၅) ဈေးဝယ်သူမှ မြင်နိုင်သောနေရာတွင်အချိန်ပြည့်မနေထိုင်ခြင်း။
ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည်ပြောဆိုနေခြင်း။ အခြားအလုပ် တခုခုလုပ်ကိုင်နေခြင်း။TV ကြည့်နေခြင်း။

(၆) လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက ဝန်ထမ်းအားကြပ်မတ်စစ်ဆေးမှုမပြုခြင်း။
ဝန်ထမ်းများအားလပ်နေသောအချိန်များတွင်လုပ်ငန်းအကြောင်း နားလည်သထက်နားလည်စေရန် သင်ကြားပြသပေးမှု၊လေ့ကျင့်ပေးမှုမရှိခြင်း။

(၇) စာရင်းအင်းမထားရှိခြင်း၊သို့မဟုတ် စာရင်းအင်းအချိန်မှန်မှန်မပြုလုပ်ခြင်း။

(၈) ဒေသအတွင်းရှိရပ်ကွက်အတွင်းရှိ အခြားသောအရောင်းဆိုင်များ၏ အခြေအနေလုပ်ပုံကိုင်ပုံအားလေ့လာမှုမပြုခြင်း။

(၉) ဈေးဝယ်များ တနည်း ဝယ်ယူသူများ၏အသံများ တောင်းဆိုချက်များကိုလျစ်လျူရှုခြင်း။မည်သည့်ကုန်စည်ကိုအမေးအမြန်းများနေသည်ကိုမှတ်သားမထားခြင်း။

(၁၀) မိမိသာမှန်သည် ဟုထင်မြင်ခြင်း
မိမိ၏စီးပွားရေးမှာအတန်ငယ်တိုးတက်မှုရသည်ကိုပင်လျှင်ရောင့်ရဲနေခြင်း။အနာဂါတ်ကိုမျော်မှန်းကြည့်ရှုမှုမပြုလုပ်ခြင်း။နောင်ဖြစ်လာမည့်ဈေးကွက် အနေအထားကိုသိရှိရန်လေ့လာမှု၊ ဆင်ခြင်သုံးသပ်မှု မပြုလုပ်ခြင်း။

(၁၁) ပြိုင်ဘက်များကိုအထင်အမြင်သေးခြင်း။

(၁၂) မတော်တဆပေါ်ပေါက်လာနိုင်သည့်ပြဿနာ အမျိုးမျိုးအတွက်အရံငွေကြေး စုဆောင်းမှုမရှိခြင်း။

(၁၃) ပိုမိုစုံလင်သောကုန်စည်များကို ရောင်းချပေးနိုင်စေရေး အသစ်အသစ်သောလက်ကားရောင်းချသူများကိုရှာဖွေမှုမရှိခြင်း။

(၁၄) ရောင်းပြီးကုန်စည်များ၊ ကျန်ရှိကုန်စည်များ၊ရောင်းအားကျနေသောကုန်စည်များ ၊
ရောင်းအားအသွက်ဆုံး ကုန်စည်များ စသည့် ကုန်စည်နှင့်ဆိုင်သောအချက်အလက်များအား
စုဆောင်းပြုစုထားရှိမှုမရှိခြင်း။

(၁၅) ရောင်းမထွက်သော၊ Expire ဖြစ်နေသောကုန်စည်များ ကုန်စည်အဟောင်းများကို ဖယ်ထားခြင်း ၊ရှင်းလင်းခြင်းမရှိဘဲဝယ်သူအားဇွတ်ထိုးထည့်ပေးခြင်း။

(၁၆) မိမိဆိုင်မှ ဝယ်ယူသူများအားရောင်းပြီးလျှင်ပြီးရော နောက်ပြန်လှည့်ကြည့်ရှုမှုမရှိခြင်း။after sales service မရှိခြင်း။ စေတနာနည်းပါးခြင်း စသည်တို့ ဖြစ်ပါသည်။

Ko Zaw Htoo