Knowledge

တောင်တွင်းကြီးလို့ နာမည်ရှိပါလျက်နဲ့..

တောင်တွင်းကြီးလို့ နာမည်ရှိပါလျက်နဲ့

တောင်တွင်း လို့

ခပ်တိုတို ခေါ်တဲ့ မြို့ ။

▪️ကန်သာယာလို့ နာမည်ပေးထားပါလျက်နဲ့

ကန်တော်ကြီး လို့

ခေါ်တဲ့ မြို့ ။

▪️ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံလို့ နာမည်ရှိပါလျက်နဲ့

အာဇာနည်ရင်ပြင်လို့

ပြောင်းပြီးခေါ်တဲ့ မြို့..။

▪️အောင်မြင်ဇေယျစေတီတော်မြတ် လို့..ဘွဲ့တော် ရှိပါလျက်နဲ့..

ရခိုင်ဘုရားကြီး လို့

ခပ်လွယ်လွယ် ခေါ်တဲ့ မြို့..။

ပိုက်ဆံ ဆိုတဲ့ စကား ရှိပါလျက်နဲ့..

ပဆပ် လို့

အားရပါးရ ခေါ်တဲ့ မြို့..။

▪️မနက်ကလို့ ပြောရင် ရပါလျက်နဲ့

မနက်ကြီး ကလို့

ကြီးတစ်လုံး အပိုထည့်တဲ့ မြို့ ။

▪️စျေးသက်သာတယ်လို့ သုံးရင်ရပါလျက်နဲ့..

စျေးချိုတယ် လို့

အရသာလေး ထည့်ပြီးပြောတဲ့ မြို့ ။

မြေလတ်ဒေသမှာ ရှိပြီး..

အေးအေး ချမ်းချမ်း သာသာယာယာနဲ့

ပျော်ရွှင်ဖွယ်ကောင်းတဲ့ မြို့ ။

▪️ပုဏ္ဏဝတီ ဆိုတဲ့ မြို့
တောင်တွင်းရွှေပြည် လို့ တင်စားရတဲ့မြို့ ။❤️

▪️ကျွန်တော် သဘောကျနှစ်သက်မိသူ ရှိတဲ့မြို့ ။❤️

💙💙… တောင်တွင်းကြီးမြို့…💙💙

Crd #ဆရာကြီးဦးအောင်ကျော်ဦး ( မြန်မာစာ)

























▪️ပုဏ်ဏဝတီ ဆိုတဲ့…. မွို့…



