Knowledge

ခြေဖဝါး ၊ဖနောက် ကွဲခြင်းအတွက် အိမ်တွင်း နည်းလမ်းလေးများ

ကျွန်တော် တို့ဟာ နေ့စဉ် နေ့တိုင်း မျက်နှာ အရေပြားကိုသာ အချိန်ပေးပြီး ဂရုစိုက်နေကြပြီး နေ့စဉ် လှုပ်ရှား ရုန်းကန်နေရတဲ့..

ခြေထောက်တွေကိုတော့ ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ရာသီဥတု ပူပြင်းခြင်း..၊ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်များ ပြတ်လပ်ခြင်း၊

အရေပြား ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ခြေဖနောင့်ကွဲတာ ဖြစ်ပေါ်လာနိင်ပါတယ်..။

ခြေဖနောင့်ကွဲပြီဆိုရင် သွားလာရ အခက်အခဲ ဖြစ်ပေါ်စေရုံသာမက စီးထားတဲ့ဖိနပ်ကို မချွတ်ရဲရလောက်အောင် အလှပျက်စေနိင်ပါ တယ်။

ခြေဖနောင့်ကွဲခြင်း၊ အက်ခြင်းတွေအတွက် အိမ်တွင်းသုံး ပစ္စည်းတွေကို အသုံးပြုပြီး သဘာဝအတိုင်း ဘယ်လို ကုသလို့ရနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သဘာဝပျားရည်က အရေပြားပေါ်မှာရှိတဲ့ ဆဲလ် အသစ်တွေကို မွေးထုတ်ပေးဖို့ အားပေးတဲ့ အာနိသင် ရှိပါတယ်။ ရေနွေးအနည်းငယ်ကို

ပျားရည်အနည်းငယ်နဲ့ ရောစပ် သမအောင်မွှေပြီး ကွဲနေတဲ့ခြေဖနောင့် ပတ်ချာလည်ကို သုတ်လိမ်းပေးပါ။

မိ နစ်၂၀ လောက် ညင်ညင်သာသာလေး နှိပ်နယ်ပေးပြီးမှ ရေသန့်နဲ့ ပြန်လည်ဆေးကြောပေးပါ။ အိပ်ရာမဝင်ခင် ညတိုင်း ပုံမှန်

ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ သင့်ရဲ ခြေဖနောင့်ကွဲတာတွေ အမြန်ဆုံး သက်သာသွားမှာပါ။

သဘာဝဟင်းသီးဟင်းရွက်တွေကနေ ထုတ်လုပ်ထားတဲ့ ဆီတွေမှာ အသားအရေကို အားဖြည့်ပေးနိင်စွမ်းရှိတဲ့

ပရိုဗီတာမင်အေ၊ ပရိုဗီတာမင်ဒီနဲ့ ပရိုဗီတာမင်အီးတို့ ပါဝင်ကြပြီး ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။

သင့်ရဲ ခြေထောက်တွေကို သန့်ရှင်းအောင် ဆေးကြောပြီး အဝတ်သန့်သန့်လေး တစ်ခုနဲ့ ရေပြောင်အောင် သုတ်ပေးပါ။

ခြောက်သွေ့သွားပြီဆိုရင်တော့ အသီးအရွက်ဆီနဲ့ ခြေထောက်တစ်ဝိုက်ကို ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ ခြေအိတ် ပါးပါးလေးဝတ်ပြီး အိပ်စက် အနားယူနိင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ အနည်းငယ်ကို ရေနွေးနဲ့ရောပြီး လုံးဝပျော်ဝင်သွားတဲ့အထိ မွှေပေးလိုက်ပါ။ ပြီးရင် မုန့်ဖုတ်ဆော်ဒါ ပျော်ရည်ထဲ

သင့်ရဲ့ ခြေထောက် နှစ်ဖက်စလုံးကို ၁၅ မိနစ်လောက် စိမ်ထားပေးပါ။ ၁၅ မိနစ် ပြည့်ပြီဆိုရင်တော့ ကြေးတွန်းကျောက်

အနုစားလေးနဲ့ သင့်ရဲ့ ခြေထောက်တွေကို ညင်ညင်သာသာ ပွတ်တိုက်ပေးပြီး ရေသန့်နဲ့ ဆေးကြောပေးပါ။

တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ခြေထောက်ကွဲတာ သိသိသာသာ ပျောက်ကင်းသွားကြပါလိမ့်မယ်။

ခြေဖနောင့်ကွဲတာ ကုသဖို့အတွက်ဆိုရင် အရေပြား အစိုဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးနိင်စွမ်းရှိတဲ့ ဗီတာမင်အေ၊

ဗီတာမင်စီ၊ ဗီတာမင်အီးတို့ ပါဝင်တဲ့ ရှားစောင်းလက်ပတ်ကိုလည်း မေ့ထားလို့မရပါဘူး..။

ဆဲလ်အသေတွေ ကွာကျအောင် ကြေးတွန်းကျောက်ကို အသုံးပြုပြီး ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့

ရှားစောင်းလက်ပတ်ဂျယ်နဲ့ ပွတ်တိုက်ပေးမယ်ဆိုရင် သင့်ရဲ့ခြေထောက်လေးက အနာအဆာကင်းပြီး စိုစိုပြေပြ ဖြစ်နေမှာပါ။

အခုပြောပြမယ့် နောက်ဆုံး နည်းလမ်းတစ်ခုကတော့ ဆားရေစိမ်ခြင်းပါပဲ။ ညစဉ်ညတိုင်း အိပ်ရာဝင်ခါနီး ရေနွေးနဲ့ ဆားရည်

ပုံမှန် စိမ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေ ကင်းဝေးစေပြီး ညောင်းညာကိုက်ခဲခြင်းတွေကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

ရိုးရာလေး