UNICODE,
ယခုလက်ရှိအချိန်မှာဆိုရင် သရုပ်ဆောင်နိုင်းနိုင်းကတော့ မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး လုပ်စရာရှိတဲ့အလုပ်လေးတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။နိုင်းနိုင်းက သူ့ရဲ့မိသားစုလေးရှိရာ နယူးယောက်ကိုလည်း မကြာခဏပြန်လေ့ရှိပြီး မိသားစုတွေအတူတကွ
ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာဖြစ်ပါတယ်နော်။နိုင်းနိုင်းက ကလေးလေးယောက်ရဲ့ ဖခင်ဖြစ်ပေမယ့်လည်း နုပျိုခန့်ညားပြီး ချောမောနေဆဲဖြစ်ပါတယ်။ နိုင်းနိုင်းကလည်း အဝေးမှာရှိနေပေမယ့် သူ့ရဲ့မိသားစုလေးကို အမြဲဂရုစိုက်ပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်း
တစ်ယောက်ဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ချစ်ဇနီးချောလေးကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသလို့ နိုင်းနိုင်းတို့မိသားစုလေးက ပြီးပြည့်စုံနေတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ကလေးလေးယောက်လုံးကလည်း ထူးချွန်ထက်မြက်ပြီး သိတတ်လိမ္မာကြပါတယ်နော်။ အခုဆိုရင်တော့ နိုင်းနိုင်းရဲ့သမီးအကြီးဆုံးလေးက ကိုယ်တိုင်ပိုက်ဆံရှာပြီး ရရှိလာတဲ့ဝင်ငွေလေးကို
စုဆောင်းကာ သူမလိုချင်တဲ့ ဖုန်းလေးကို ဝယ်လိုက်တာဖြစ်ပါတယ်။နိုင်းနိုင်းနဲ့စန္ဒီချိုကလည်း သမီးကြီးလေးရဲ့သိတတ်မှုကြောင့် ပီတိဖြစ်နေတာဖြစ်ပါတယ်။ဖုန်းလေးရလို့ အရမ်းပျော်ရွှင်နေတဲ့ သမီးလေးရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Sandy Cho’s Facebook