(၁) ရှားစောင်းလက်ပတ်”
(၂) ဒိန်ချဉ်”
(၄) ပဲမှုန့်”
Em Em
Credit
===========
Unicode
မဲညစ်နေတဲ့ ချိုင်းကြား၊ ပေါင်ခြံ၊ တံတောင်ဆစ်တွေကို အမြန်ဆုံးဖြူဝင်းသွားစေမယ့် နည်းလမ်းများ…
ပျိုမေတို့အနေနဲအတိုတွေ၊ လက်ပြတ်တွေဝတ်တဲ့အခါ ချိုင်းသားတွေ၊ ပေါင်ခြံတွေမဲနေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ လျော့နည်းနေတတ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ ငွေကုန်ကြေးကျလည်း သက်သာတဲ့အပြင် လွယ်ကူရိုးရှင်းပြီး အိမ်မှာတင်ကိုယ်တိုင် လုပ်လို့ရတဲ့ နည်းလမ်;လေးတွေဖြစ်တာကြောင့် အားလုံးနဲ့လည်း အဆင်ပြေမှာပါနော် …။
(၁) ရှားစောင်းလက်ပတ်”
လတ်ဆတ်တဲ့ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီး မည်းနေတဲ့ တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်ခြံတွေအပြင် တခြားမဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးကို လိမ်းပေးနိုင်ပါတယ်။
လိမ်းပေးပြီးတဲ့အခါမှာတော့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲ။ ထူးခြားတဲ့ အာနိသင်ကို ချက်ချင်းတွေ့မြင်ရမှာပါ …။
(၂) ဒိန်ချဉ်”
ဒိန်ချဉ်အသန့်ကိုယူပြီး မည်းနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးလိုက် ရုံပါပဲ …။
(၃) စနွင်းမှုန့်နဲ့လိမ္မော်ရည်”
လိမ္မော်ရည်နဲ့ စနွင်းမှုန့်အနည်းငယ်ကိုရောမွှေလိုက်ပါ။ ရလာတဲ့အနှစ်ကို မည်းနေတဲ့ အစိတ်အပိုင်းတွေမှာ လိမ်းပြီး မိနစ် ၂၀ ခန့်ထားပြီးမှ ရေနွေးဖြင့်ဆေးကြောပေးပါ။ နေ့စဉ်ပုံမှန် ပြုလုပ်ပေးသွားရင် သိသာထင်ရှားတဲ့ ရလဒ်ကို ရက်ပိုင်းအတွင်းမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ် …။
(၄) ပဲမှုန့်”
ပဲမှုန့်ကို ရေအနည်းငယ်ရောပြီး ခပ်ပျစ်ပျစ်ဖျော်လိုက်ပါ။ ရလာတဲ့အနှစ်ကို မည်းနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လိမ်းပြီး နာရီဝက်အကြာမှာရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် သိသာထင်ရှားတဲ့ ရလဒ်ကို အမြန်ဆုံးရရှိမှာ ဖြစ်ပါတယ်နော် …။ ။
Em Em
Credit