Health Care

ဒူးမဲ၊ ဂုတ်မဲ၊ တံတောင်မဲတွေအတွက် ထိရောက်တဲ့ အိမ်တွင်း Scrub လုပ်နည်း..

ဒူးမဲ၊ ဂုတ်မဲ၊ တံတောင်မဲတွေအတွက် ထိရောက်တဲ့ အိမ်တွင်း Scrub လုပ်နည်း..

ခေတ်ရေစီးကြောင်းအရဖက်ရှင်ပိုင်းဆိုင်ရာတွေ တိုးတက်လာတာ မြင်တွေ့ရသမျှအတိုင်းပါပဲ။ အတိုလေးတွေဆို ဝတ်ချင်စရာကောင်းအောင် ဒီဇိုင်းအသစ်တွေထွက်ပေါ်လာနေပါတယ်။

အချို့သောပျိုမေလေးတွေအတွက်တော့ ဒူးမဲနေတာကြောင့် မဝတ်ရဲဖြစ်ပြီး Confident level ကျဆင်းနေတာမျိုး ဖြစ်နေတတ်ပါတယ်။

တချို့ဆို လှလို့ဝယ်ထားပြီး ဒူးမဲ၊ တံတောင်မဲ၊ ဂုတ်မဲ၊ ချိုင်းမဲအရာတွေကြောင့် လက်တို၊ လယ်ဟိုက်၊ စကပ်တိုလေးတွေကို ဗီဒိုရဲ့ဂျောင်တစ်နေရာမှာ ထိုးထားရပါတယ်။

Skin care တွေအမျိုးမျိုးလုပ်နေပေမယ့် အသားဓါတ်မတည့်မှုတွေရှိတာကတစ်ကြောင်..း အကြောင်းအရာအမျိုးမျိုးကြောင့် အဆင်မပြေမှုလေးတွေ ရှိနေတာ တွေ့ရပါတယ်။

ခုတော့ စိတ်ပူစရာမလိုတော့ဘူး။ သိမ်းထားတာလေးတွေ ထုတ်ဝတ်ဖို့ ပြင်ထားတော့နော်။ အများကြီးမလိုပါဘူး။ မီးဖိုချောင်သုံးလေးဖြစ်တဲ့

(၁)မီးသွေး(အမှုန့်)

(၂)သကြား

(၃)သံပုရာသီး

(၄)သွားတိုက်ဆေးတစ်မျိုးမျိုး

(၅)ရေအနည်းငယ်

ဒီငါးမျိုးဆို အိမ်မှာအလွယ်တကူရှိနိုင်သလို အပြင်မှာ အလွယ်ဝယ်လို့ရနိုင်ပါတယ်နော်။ တစ်ပတ်ကို သုံးကြိမ်လောက်ပုံမှန်လုပ်ပေးရင် သိသိသာသာ ဖြူလာတာတွေ့ရမှာပါ။ ဒါပေမယ့် မျက်နှာကိုလိမ်းတာမျိုးတွေမလုပ်ဖို့ အသိပေးပါရစေ။

လုပ်နည်းလေးကို အောက်ကရုပ်သံက ညီမလေး အသုံးပြုပုံကို ကြည့်ရှှု့နိုင်ပါတယ်။

Juno

ဒူးမဲ၊ ဂုတ္မဲ၊ တံေတာင္မဲေတြအတြက္ ထိေရာက္တဲ့ အိမ္တြင္း Scrub လုပ္နည္း..

ေခတ္ေရစီးေၾကာင္းအရဖက္ရွင္ပိုင္းဆိုင္ရာေတြ တိုးတက္လာတာ ျမင္ေတြ႕ရသမွ်အတိုင္းပါပဲ။ အတိုေလးေတြဆို ဝတ္ခ်င္စရာေကာင္းေအာင္ ဒီဇိုင္းအသစ္ေတြထြက္ေပၚလာေနပါတယ္။

အခ်ိဳ႕ေသာပ်ိဳေမေလးေတြအတြက္ေတာ့ ဒူးမဲေနတာေၾကာင့္ မဝတ္ရဲျဖစ္ၿပီး Confident level က်ဆင္းေနတာမ်ိဳး ျဖစ္ေနတတ္ပါတယ္။

တခ်ိဳ႕ဆို လွလို႔ဝယ္ထားၿပီး ဒူးမဲ၊ တံေတာင္မဲ၊ ဂုတ္မဲ၊ ခ်ိဳင္းမဲအရာေတြေၾကာင့္ လက္တို၊ လယ္ဟိုက္၊ စကပ္တိုေလးေတြကို ဗီဒိုရဲ႕ေဂ်ာင္တစ္ေနရာမွာ ထိုးထားရပါတယ္။

Skin care ေတြအမ်ိဳးမ်ိဳးလုပ္ေနေပမယ့္ အသားဓါတ္မတည့္မႈေတြရွိတာကတစ္ေၾကာင္း အေၾကာင္းအရာအမ်ိဳးမ်ိဳးေၾကာင့္ အဆင္မေျပမႈေလးေတြ ရွိေနတာ ေတြ႕ရပါတယ္။

ခုေတာ့ စိတ္ပူစရာမလိုေတာ့ဘူး။ သိမ္းထားတာေလးေတြ ထုတ္ဝတ္ဖို႔ ျပင္ထားေတာ့ေနာ္။ အမ်ားႀကီးမလိုပါဘူး။ မီးဖိုေခ်ာင္သုံးေလးျဖစ္တဲ့..။

(၁)မီးေသြး(အမႈန႔္)

(၂)သၾကား

(၃)သံပုရာသီး

(၄)သြားတိုက္ေဆးတစ္မ်ိဳးမ်ိဳး

(၅)ေရအနည္းငယ္

ဒီငါးမ်ိဳးဆို အိမ္မွာအလြယ္တကူရွိနိုင္သလို အျပင္မွာ ..အလြယ္ဝယ္လို႔ရနိုင္ပါတယ္ေနာ္။ တစ္ပတ္ကို သုံးႀကိမ္ေလာက္ပုံမွန္လုပ္ေပးရင္ သိသိသာသာ ျဖဴလာတာေတြ႕ရမွာပါ။ ဒါေပမယ့္ မ်က္ႏွာကိုလိမ္းတာမ်ိဳးေတြမလုပ္ဖို႔ အသိေပးပါရေစ။

လုပ္နည္းေလးကို ေအာက္က႐ုပ္သံက ညီမေလး အသုံးျပဳပုံကို ၾကည့္ရွႈ႕နိုင္ပါတယ္။

Juno