Knowledge

ကျောက်ကပ်အတွက ်ထာဝရဆေး

ကျောက်ကပ်အတွက ်ထာဝရဆေး..

အုန်းစိမ်းရည်းနင့်ကျောက်ဖရုံယ်ို ဖန်ခွက်ထဲကိုအုန်းစိမ်းရည်ထည့်၊ပြီးရင်ကျောက်ဖရုံယိုတစ်တောင့့်ထည့်စိမ်ထားလိုက်၊တစ်နာရီကျော်လောက်စိမ်ထားရင်ရပြီ၊အရည်လည်းသောက်အဖတ်လည်းစား၊အဲဒါဟာကျောက်ကပ်အတွက်ထာဝရဆေးပြဲဖစ်ပါတယ်။

ကျောက်ကပ်အမြဲတန်းကောင်းချင်ရင်တစ်ပတ်တစ်ခါလောက်သောက်ပေး။ကျောက်ကပ်မကောင်းတော့ဘူးဆိုရင်လည်းစိတ်မပျက်ပါနဲ့၊အခုပြောတဲ့ကျောက်ကပ်အတွက်ထာဝရဆေးကိုတစ်ပတ်၃ကြိမ်စားပေးနိုင်ပါတယ်။

ကျောက်ကပ်ဟာအသက်၄ဝကျော်ပြီဆိုရင်အိုဟောင်းသွားတော့တာပါပဲ။

ကျောက်ကပ်အလုပ်လုပ်မှုဟာအသက်၄ဝပြည့်တဲ့နှစ်ကစလို့၁နှစ်ကို1ရာခိုင်နှုန်းကျဆင်းသွားပါတယ်။

ဒါကြောင့်အသက်ကြီးလာတာနဲ့အမျှကျောက်ကပ်လည်းအားနည်းလာတော့တယ်။

သို့သော်လည်းသူ့ကိုသေချာထိန်းသိမ်းစောင့်ရှောက်တတ်ရင်တော့အကောင်းအတိုင်းရှိနေပြီးလုပ်ဆောင်ချက်တွေမကျဆင်းနိုင်ဘူး။

ကျောက်ကပ်အတွက်မြစ်ချင်းပြီးသဘာဝဆေးဟာကျောက်ဖရုံသီးဖြစ်ကြောင်းအရင်အပတ်ကပြောခဲ့ပြီးဖြစ်တယ်။

ကျောက်ဖရုံသီးကိုကမ္ဘာပေါ်မှာအကောင်းဆုံးရေဖြစ်တဲ့အုန်းစိမ်းရည်ထဲထည့်စိမ်လိုက်တဲ့အခါမှာတော့ကျောက်ကပ်အတွက်ကမ္ဘာပေါ်မှာအကောင်းဆုံးဆေးဖြစ်သွားတော့တာပါပဲ။

ယ္ခုအခါမှာကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေအများကြီးဖြစ်နေကြပါတယ်။ကျောက်ကပ်ရောင်ခြင်း၊ကျောက်ကပ်ကျောက်တည်ခြင်း၊ကျောက်ကပ်အားနည်းခြင်း၊လုပ်ဆောင်ချက်ကျဆင်းခြင်း၊ဆီးအမြှုပ်များခြင်း၊ဆီးဆိပ်များခြင်း၊၊

ကျောက်ကပ်ပျက်စီးခြင်း၊ကျောက်ကပ်ကင်ဆာစသည်ဖြင့်အမျိုးမျိုးဖြစ်နေကြတာတွေ့ရပါတယ်။

ကျောက်ကပ်ရောဂါဖြစ်တဲ့သူတွေကြည့်လိုက်ရင်မိန်းမထက်ယောက်ကျားကပိုများတာကိုတွေ့ရပါတယ်။ယောက်ကျားမှာဆီး-မိန်းမမှာမီးတဲ့။ယောက်ကျားတွေဆီးမကောင်းရင်ကျောက်ကပ်ရောဂါဖြစ်လွယ်တယ်။ယောက်ကျားတွေကပေလည်းပေကြတာကိုး။

ဒါကြောင့်လည်းယောက်ကျားတွေအသက်တိုကြတာဖြစ်တယ်။

အသက်ကြီးသည်အထိကျောက်ကပ်ကောင်းကြတဲ့သူတွေကိုကြည့့်ရင်သူတို့ဟာအစားအသောက်ကိုသင့်ရုံလောက်ပဲစားကြတဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်။

ကျောက်ကပ်ဟာစားသမျှအစားအသောက်တွေထဲကပါလာတဲ့အညစ်အကျေးအဆိပ်အတောက်တွေကိုသန့်စင်ပေးပြီးဆီးလမ်းကြောင်းကနေစွန့်ထုတ်ပေးရတဲ့အင်္ဂါဖြစ်ပါတယ်။သင့်ရုံသာစားရင်ကျောက်ကပ်ကအလုပ်နဲနဲပဲ..အလုပ်လုပ်ရလို့မပင်ပန်းဘဲကြာရှည်ခံမယ်။

အစားကြူးရင်တော့ကျောက်ကပ်ကပင်ပင်ပန်းပန်းအလုပ်လုပ်ရလို့ကြာရှည်မခံနိုင်ဘူ..း။အဲဒါအရေးကြီးဆုံးအချက်ပြဲဖစ်ပါတယ်။

အဲဒီအပြင်အခြားသောဆောင်ရန်ရှောင်ရန်တွေလည်းရှိပါသေးတယ်။ဘာတွေလည်းဆိုရင်..

– ထုံးဓာတ်များတဲ့ရေကိုရှောင်ခြင်း

-အက်စစ်ဓာတ်များတဲ့အစားအသောက်ကိုလျှော့စားခြင်း

– အယ်ကာလီများတဲ့အစားအသောက်ကိုပိုစားခြင်း

-အသီးအရွက်မစားတဲ့အကျင့်ကိုပြုပြင်ခြင်း

-အနီရောင်အသားကိုသင့်ရုံသာစားခြင်း

-အသားထက်အဆီကနေကယ်လိုရီပိုရယူခြင်း

-ဝမ်းမချုပ်အောင်လေ့ကျင့်ခြင်း

– ချွေးထွက်အောင်ပြုလုပ်ပေးခြင်း

-သွားနှင့်ခံတွင်းကိုအမြဲသန့်ရှင်းနေစေခြင်း

-ကိုယ်လက်လှုပ်ရှားမှုများစေခြင်း

-ည၁ဝနာရီအိပ်ယာဝင်ခြင်း

-အရက်သေစာမူးယစ်ဆေးဝါးရှောင်ရှားခြင်း

-အနားယူပေးခြင်း

-သင့်ရုံသာစားသောက်ခြင်း

-အစာကိုကြေညက်အောင်ဝါးစားခြင်း

ဓာတုဆေးဝါးများကိုလိုအပ်မှသောက်ခြင်း

-ကွမ်းယာ၊ဆေးလိပ်သုံးစွဲမှုမများစေခြင်း

-ဆိုဒီယမ်ပါသောအစာများလျှော့စားခြင်း

-ပန်းရောင်ကျောက်ဆားသုံးခြင်း

-သွေးတိုးစာများလျှော့စားခြင်း

-မနက်စောစောစာကိုပြည့်စုံစွာစားခြင်း

-ရေသောက်မနည်းစေခြင်း

-နေရောင်ခြည်ခံပေးခြင်းတွေပဲဖြစ်ပါတယ်။

အဲဒီလိုဆောင်ရန်ရှောင်ရန်တွေကိုသိထားပြီးကျောက်ကပ်အတွက်ထာဝရဆေးကိုလည်းပုံမှန်စားပေးသွားမယ်ဆိုရင်တော့ကိုယ့်ကျောက်ကပ်အတွက်စိတ်ပူစရာမရှိနိုင်လောက်တော့ဘူးပေါ့..။

ကျောက်ကပ်ဆေးနေရတဲ့သူတွေလည်းရှီးပတီးပေါင်းစားခြင်းနဲ့အတူအခုပေးတဲ့ဆေးကိုသောက်နိုင်စားနိုင်ကြပါတယ်။

ကျောက်ကပ်အတွက်ဆေးကိုဘယ်အချိန်မှာစားရမလဲတဲ့။အသင့်တော်ဆုံးအချိန်ကတော့ကျောက်ကပ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့3 pm- 5pm မတိုင်မီနေ့လည် 2pm လောက်ပါပဲ။

ပြီးရင်ရေများများသောက်ပေးပါ။ကျောက်ကပ်ကအနည်အနှစ်တွေအားလုံးဆီးလမ်းကြောင်းကနေထွက်သွားပါလိမ့်မယ်။5pm – 7pm

ကဆီးအိမ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့အတွက်အဲဒီအချိန်တွေအထိဆီးကောင်းကောင်းသွားပေးနေဖို့လည်းလိုပါတယ်။

ကျောက်ကပ်ရောဂါတွေဟာဖြစ်လာရင်သိပ်ကိုစိတ်ညစ်ရတတ်တယ်။ပိုက်ဆံတွေအများကြီးကုန်ပြီးလူဖြစ်လည်းရှုံးတတ်တယ်။

ဒါကြောင့့်မိမိကျောက်ကပ်ကိုသဘာဝနည်းနဲ့စောင့်ရှောက်ပါလို့နည်းကောင်းလေးတစ်ခုမျှဝေပေးလိုက်ပါတယ်။

မိတ်ဆွေများအားလုံးကျောက်ကပ်ရောဂါတွေကနေကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ..။

ချစ်ခင်လေးစားလျှက်(sharing is caring)

copyစာရေးဆရာမင်းကျော်ဝင်း

တဆင့်ပြန်လည်မျှဝေပါတယ်ရှင်