လူတစ်ယောက် ကိုယ့်ကို သတိရနေပြီဆိုရင် ဘယ်လိုနမိတ်တွေဖြစ်လာလဲ သင်သိလား။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ဆိုတာ သိပ်ကိုဆန်းကျယ်ပါတယ်။
စိတ်စွမ်းအင်ဆိုတာလည်း မယုံမရှိနဲ့နော်။ ဒါဆိုရင် တစ်ယောက်ယောက်က သင့်ကို အရမ်းပဲ သတိရနေ၊ လွမ်းနေပြီဆိုရင် ဘယ်လိုတွေဖြစ်လာတတ်သလဲဆိုတာ ကြည့်လိုက်ကြရအောင်..
သင့်မျက်နှာကိုတွေ့လိုက်တာနဲ့ ပြုံးသွားမယ်
အပြင်မှာပဲဖြစ်ဖြစ်၊ ဗီဒီယိုကောနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်ကို တွေ့လိုက်တာနဲ့တင်ကို သူ့မျက်နှာလေးမှာ နှုတ်လမ်းလေးကွေးပြီး ပြုံးသွားမယ်ဆိုရင်တော့ သူဒီရက်ပိုင်းအတွင်းသင့်ကို အရမ်းလွမ်းနေတာ သေချာနေပါပြီ။
သင်သူ့အကြောင်း အိပ်မက်ထဲ ထည့်မက်မယ်
ဒါကတော့ သိပ္ပံနည်းမကျတဲ့ အယူအဆပေါ့နော်။ ဒါပေမဲ့လည်းတကယ်ပဲ အိပ်မက်ထဲ မဆီမဆိုင် သူ့ကို ထည့်မက်ခဲ့မယ်ဆိုရင် သူသင့်ကို အရမ်းကို မနေထိထိုင်မသာနဲ့ လွမ်းနေရလို့ပါတဲ့။
ကောက်ခါငင်ခါ နှာချချီမယ်
ဒါကလည်း အိပ်မက်လိုမျိုး တော်တော်လေးကို လူယုံကြည်မှုများတဲ့ နမိတ်ဆစ်ခုပါ။ ဓာတ်မတည့်လို့လည်းမဟုတ်ဘူး၊ အအေးမိလို့လည်း မဟုတ်ဘူးဆိုရင်တော့ သေချာနေပါပြီ။ တစ်ယောက်ယောက်သင့်ကို သတိရနေလို့ပါ။
ကြက်သီးထရင်
လေစိမ်းတိုက်လိုက်လို့ ဒါမှမဟုတ် တစ်ခုခု အသည်းယားစရာကြုံလိုက်လို့ ကြက်သီးထတာဟာ ဖြစ်တတ်ပေမယ့်လို့ ဘာမှလည်းမဖြစ်ဘဲ ကြက်သီးထသွားမယ်ဆိုရင်တော့ သင့်ကို တစ်ယောက်ယောက်က အရမ်းတွေလွမ်းပြီး တွေ့ချင်နေလို့ပါပဲ။
ကိုယ်ကရုတ်တရက်သတိရသွားတဲ့အခါမျိုး
ဟုတ်ပါတယ်။ လူ့စိတ်ဆိုတာ သိပ်ကို ဆန်းကျယ်တဲ့ အရာပါပဲ။ တစ်ဖက်သားက သင့်ကို လွမ်းလွမ်းဆွေးဆွေးသတိရနေပြီဆိုတာနဲ့ သင့်ဖက်ကလည်း အဲဒီလူကို ဘာပဲလုပ်နေလုပ်နေ ဖျတ်ခနဲကို သတိရမိသွားပါလိမ့်မယ်။
penny
Zawgyi,
လူတစ္ေယာက္ ကိုယ့္ကို သတိရေနၿပီဆိုရင္ ဘယ္လိုနမိတ္ေတြျဖစ္လာလဲ သင္သိလား။ တကယ္ေတာ့ လူတစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ စိတ္ဆိုတာ သိပ္ကိုဆန္းက်ယ္ပါတယ္။
စိတ္စြမ္းအင္ဆိုတာလည္း မယုံမရွိနဲ႔ေနာ္။ ဒါဆိုရင္ တစ္ေယာက္ေယာက္က သင့္ကို အရမ္းပဲ သတိရေန၊ လြမ္းေနၿပီဆိုရင္ ဘယ္လိုေတြျဖစ္လာတတ္သလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္..
သင့္မ်က္ႏွာကိုေတြ႕လိုက္တာနဲ႔ ၿပဳံးသြားမယ္
အျပင္မွာပဲျဖစ္ျဖစ္၊ ဗီဒီယိုေကာနဲ႔ပဲျဖစ္ျဖစ္ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သင့္ကို ေတြ႕လိုက္တာနဲ႔တင္ကို သူ႔မ်က္ႏွာေလးမွာ ႏႈတ္လမ္းေလးေကြးၿပီး ၿပဳံးသြားမယ္ဆိုရင္ေတာ့ သူဒီရက္ပိုင္းအတြင္းသင့္ကို အရမ္းလြမ္းေနတာ ေသခ်ာေနပါၿပီ။
သင္သူ႔အေၾကာင္း အိပ္မက္ထဲ ထည့္မက္မယ္
ဒါကေတာ့ သိပၸံနည္းမက်တဲ့ အယူအဆေပါ့ေနာ္။ ဒါေပမဲ့လည္းတကယ္ပဲ အိပ္မက္ထဲ မဆီမဆိုင္ သူ႔ကို ထည့္မက္ခဲ့မယ္ဆိုရင္ သူသင့္ကို အရမ္းကို မေနထိထိုင္မသာနဲ႔ လြမ္းေနရလို႔ပါတဲ့။
ေကာက္ခါငင္ခါ ႏွာခ်ခ်ီမယ္
ဒါကလည္း အိပ္မက္လိုမ်ိဳး ေတာ္ေတာ္ေလးကို လူယုံၾကည္မႈမ်ားတဲ့ နမိတ္ဆစ္ခုပါ။ ဓာတ္မတည့္လို႔လည္းမဟုတ္ဘူး၊ အေအးမိလို႔လည္း မဟုတ္ဘူးဆိုရင္ေတာ့ ေသခ်ာေနပါၿပီ။ တစ္ေယာက္ေယာက္သင့္ကို သတိရေနလို႔ပါ။
ၾကက္သီးထရင္
ေလစိမ္းတိုက္လိုက္လို႔ ဒါမွမဟုတ္ တစ္ခုခု အသည္းယားစရာႀကဳံလိုက္လို႔ ၾကက္သီးထတာဟာ ျဖစ္တတ္ေပမယ့္လို႔ ဘာမွလည္းမျဖစ္ဘဲ ၾကက္သီးထသြားမယ္ဆိုရင္ေတာ့ သင့္ကို တစ္ေယာက္ေယာက္က အရမ္းေတြလြမ္းၿပီး ေတြ႕ခ်င္ေနလို႔ပါပဲ။
ကိုယ္က႐ုတ္တရက္သတိရသြားတဲ့အခါမ်ိဳး
ဟုတ္ပါတယ္။ လူ႔စိတ္ဆိုတာ သိပ္ကို ဆန္းက်ယ္တဲ့ အရာပါပဲ။ တစ္ဖက္သားက သင့္ကို လြမ္းလြမ္းေဆြးေဆြးသတိရေနၿပီဆိုတာနဲ႔ သင့္ဖက္ကလည္း အဲဒီလူကို ဘာပဲလုပ္ေနလုပ္ေန ဖ်တ္ခနဲကို သတိရမိသြားပါလိမ့္မယ္။
penny