ဗဟုသုတ

တစ်ခုခုကိုဖက်လိုက်ရမှ အိပ်ပျော်တတ်တဲ့ အကြောင်းအရင်း

ပျိုမေတို့ အိပ်ပြီဆိုရင် ခေါင်းဦးတွေကြားထဲ ပျော်မွေ့ပြီး ခြေထောက်ကတည်းခွ၊ လက်ကလည်း အဲဒီခေါင်းအုံးတွေကို ဖက်လိုက်ရမှ အိပ်ပျော်တဲ့ လူတွေရှိကြလားမသိဘူး။

ဒီလို တစ်ခုခုကို ဖက်ထားရမှ အိပ်ပျော်တဲ့လူတွေဟာ ဘာကြောင့်များဖြစ်မလဲ၊ နောက် ကောင်းကျိုးတွေ ဆိုးကျိုးတွေရော ရှိနေဦးမလားဆိုတာ ကြည့်ရအောင်။

အစွဲလန်းသိပ်ကြီးလို့

ခေါင်းအုံးကိုဖက်ပြီး အိပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာသဘောတရားအရ အစွဲလန်းကြီးခြင်းကိုလည်း ကိုယ်စားပြုနေပါတယ်တဲ့။

နောက် ဒီလိုလူတွေဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် လူတစ်စုရဲ့ အားကိုးခြင်းကကိုလည်း ခံနေရတယ်ဆိုတာ သက်သေပြနေပါတယ်။

အထီးကျန်လို့

အရင်ကတည်းက ပွေ့ဖက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးထူးစေတယ်ဆိုတဲ့လေ့လာချက်တွေ ရှိပြီးသားပါ။ နွေးထွေးစေတယ်၊ အထီးကျန်ဆန်မှုကို လျော့ကျစေတယ်၊ စိတ်ပျော်ရွှင်စေပါတယ်တဲ့။

အဲတော့ တစ်ခုခုကို ဖက်ပြီး အိပ်ခြင်းဟာ သ့င်ဘဝမှာ အရမ်းအထီးကျန်ဆန်နေပြီး ချစ်ပေးမယ့် တစ်စုံတစ်ယောက် လိုအပ်နေပြီဆိုတဲ့ သဘောပါပဲ။

ဟောက်ခြင်းကို သက်သာစေတယ်

ခေါင်းအုံးကိုဖက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးဟာ ခေါင်းအုံးအပေါ်မှာ အမှီသဟဲပြုနေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ဟာ

သာမန်ထက် သက်တောင့်သက်သာပိုရှိစေတဲ့အတွက်ကြောင့် အနေအထားမှန်ကာ ဟောက်တာမျိုးကို မဖြစ်စေတော့ပါဘူး။

စိုးရိမ်စိတ်လွန်ကဲမှုကို လျော့ကျစေတယ်

အရင်ကတည်းက anxiety ရှိတတ်တဲ့လူတွေအတွက် သူတို့ရဲ့ comfort zone ဟာ အိပ်ယာပါပဲ။ ဒီအပြင် သူတို့ဟာ မလုံခြုံတဲ့ ခံစားချက်ကိုလည်း သဘောမကျတဲ့အတွက်

အိပ်တိုင်း ခေါင်းအုံးပုံတွေ၊ စောင်ပုံတွေကြားထဲမှာ ခေါင်းလေးပဲဖော်ကာ နေတတ်ကြတာပါ။ လုံခြုံစိတ်ချရတဲ့ ခံစားချက်ကို ပေးစွမ်းလို့ပါတဲ့။

penny

Zawgyi,






အထီးကျန်လို့









penny