International News

ကယန်းတိုင်းရင်းသူ ဗရော်နီကာနှင့် ဘရာဇီးနိုင်ငံသူတို့ မွေ့ထိုင်းပွဲစဉ်အဖြစ် …

ကယန်းတိုင်းရင်းသူ ဗရော်နီကာနှင့် ဘရာဇီးနိုင်ငံသူတို့ မွေ့ထိုင်းပွဲစဉ်အဖြစ် ယှဥ်ပြိုင်သွားမည်ဟုသိရ

ဖေဖော်ဝါရီလ ၅ ရက် ယနေ့ ညပိုင်းအချိန်မှာ ကယန်းတိုင်းရင်းသူ ဗရော်နီကာသည် မွေ့ထိုင်းပွဲစဉ်အဖြစ် ဘရာဇီးနိုင်ငံသူ Yuly Alves နဲ့ ယှဉ်ပြိုင်သွားဖို့ရှိတယ်လို့သိရပါတယ်။

ကယန်းတိုင်းရင်းသူ ဗရော်နီကာသည် ယနေ့ထိုင်းစံတော်ချိန် ည ၆ နာရီအချိန်မှာ မွေ့ထိုင်းပွဲစဉ်အဖြစ် ဘရာဇီးနိုင်ငံသူ Yuly Alves နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဘရာဇီးဖိုက်တာ Yuly Alves သည် MMA Record အနေနဲ့ ၁ ပွဲနိုင် ၃ ပွဲရှုံးနိမ့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ကယန်းတိုင်းရင်းသူ ဗရော်နီကာက “အကောင်းဆုံး ကြိုးစားသွားပါ့မယ်ရှင့်”လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

ကယန်းတိုင်းရင်းသူ ဗရော်နီကာအတွက် ယနေ့ညနေ ထိုင်းစံတော်ချိန် ညနေ ၆ နာရီအချိန်မှာ အားပေးလိုက်ကြပါအုံးနော်။





